မြင့်မြတ်အလင်းရောင် ပရဟိတလူငယ်အသင်းဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ်၊ (ဆ)ရပ်ကွက်၊ ၅၁ လမ်း၊ စိတ္တသုခပတ္တမြားကျောင်းမှာ တည်ရှိတာဖြစ်ပါတယ်။
ဆရာတော်ဦးသြဘာသတည်ထောင်ဖွင့်လှစ်တာဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများ ကိုဦးစားပေးဆောင်ရွက်တာ ဖြစ်ပါတယ်။
ဦးဝီရသူက သာရဏီယတရား(၆)ပါးဟောကြားခဲ့ပြီး၊ အသင်းသူ အသင်းသားများက သင်္ကန်းကပ်ခြင်း၊ မြန်မာလုပ်သားကယ်ဆယ်ရေးလုပ်ငန်းကော်မတီအတွက် အလှူငွေ(၁)သိန်းကျပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ ကြပါတယ်။
9.8.2014 ညနေ 6:00 နာရီအချိန် ဓမ္မသဟာယကျောင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။