Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးစောင့်ဥပဒေ မြန်မြန်လာပါ”

$
0
0


ပြီးခဲ့တဲ့(15.4.2014) နေ့က အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလိုကြောင်း လာရောက်လျှောက်ထားပြီး(17.3.2014)ရက်နေ့၊ နေ့လည်(၁)နာရီတွင် မ.ဘ.သ(ပြည်နယ်)လားရှိုး ရှမ်း/မြောက် ရုံးချုပ်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သူ ရပ်ကွက်(၁၂)၊ နယ်မြေ(၅)၊ လားရှိုးမြို့နေ မဇာဇာအား ယောက်ျားဖြစ်သူ အဒွတ်လမန်း(အစ္စလာမ်ဘာသာဝင်) က ပြဿနာရှာ နှောက်ယှက်ကြောင်း လာရောက်လျှောက်ထားသည်။
ဆရာတော်ဘုရား တပည့်တော်မ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီး နောက်ရက်ကျတော့ တပည့်တော်မ ယောက်ျားက “နင့်ကို ငါရှာကျွေးတာ နင်တို့အဖေ အမေထက် ကျေးဇူးကြီးတယ်။ နင် ငါ့ခွင့်ပြုချက်မရဘဲ နင်လုပ်ချင်တာလုပ်လို့မရဘူး။ ငါတို့ အစ္စလာမ်ဘာသာလိုပဲ နေရမယ်လို့ပြောတယ်ဘုရား”။ သူ့ညီကလည်း တပည့်တော်မကို အိမ်မှာလာသတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်ဘုရား။ နောက် တပည့်တော်မ ယောက်ျားက ဒီကိစ္စ ဂျာနယ်၊ သတင်းစာတွေမှာလည်း ပါလာပြီ ဒါကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောပြီး ဆဲနေတယ်ဘုရား။ ဒီတော့ တပည့်တော်မက ဒါဆိုလဲ ကွာရှင်းမယ်။ ငါကတော့ ဗုဒ္ဓဘာသာကို ဘယ်လိုမှ မစွန့်နိုင်ဘူး။ ငါ့ကိုသတ်ချင်ရင်လဲ သတ်လိုက်လို့ပြောတော့ သူက တိုးတိုးတိတ်တိတ်ဘဲ ကွာရှင်းမယ်လို့ ပြောပါတယ်ဘုရား။ တပည့်တော်မက လုံးဝလက်မခံနိုင်ဘူးဘုရား။ တပည့်တော်မ အများကြီး နစ်နာခဲ့ရတယ် ဘုရား။
တပည့်တော်မကို သူယူတုန်းက မှတ်ပုံတင်၊ နေရပ်လိပ်စာတို့ကို လိမ်ပြောတယ်ဘုရား။ လူမျိုးကိုလည်း ဗုဒ္ဓဘာသာ ကုလားလို့ လိမ်ပြောတယ်ဘုရား။
(၅)လလောက်ပေါင်းပြီးမှ သူ့အမေနေမကောင်းလို့ ရွာပြန်မယ်လို့ပြောပြီး သူ့ရွာရောက်မှ သူပြောတဲ့အတိုင်း တစ်ခုမှ မဟုတ်ဘဲ တပည့်တော်မကို လိမ်ပြီး ယူခဲ့တာသိရတယ်ဘုရား။ ပြီးတော့ တပည့်တော်မကို နေကာဖတ်ဖို့ စတင်အကြပ်ကိုင်တော့တာပါဘဲဘုရား။ လက်ထပ်တော့လည်း တပည့်တော် အမေဆင်ပေးထား တဲ့ပစ္စည်းကို ခဏရောင်းလိုက် နောက်ကျပြန်ဝယ်ပေးမယ်လို့ပြောပြီး တပည့်တော်အမေပစ္စည်းနဲ့ဘဲ မင်္ဂလာဆောင်လိမ်လည်ခဲ့တာပါဘုရား။ ဒါကြောင့် တိုးတိုးတိတ်တိတ် တပည့်တော်မကို ကွာရှင်းတာလက်မခံ နိုင်ဘူးဘုရား။
တပည့်တော်မလို အဖြစ်မျိုးကို နောက်နောင် မည်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများမကြုံရလေအောင် အမှန်အတိုင်း ဖွင့်ချပါမယ်ဘုရား။ တပည့်တော်မ အမှန်အတိုင်း ဥပဒေအတိုင်း ဖြစ်စေချင်ပါတယ်ဘုရား။ မ.ဘ.သ(ပြည်နယ်) ရုံးချုပ်သို့ လာရောက်လျှောက်ထားပါသည်။ မ.ဘ.သ (ပြည်နယ်) ရုံးချုပ်မှ ယခုကိစ္စအား အမှန်အတိုင်း ဥပဒေနှင့်အညီဖြစ်အောင် အစအဆုံး ဖြေရှင်းခြင်းကိစ္စကို(6.4.2014) ရက်နေ့တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(မှတ်ချက်=ဒီမိုကရေစီမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်နိုင်ခွင့်ရှိသည်ဆိုတဲ့ စကားတွေ၊ စာရွက်တွေ ဖြန့်ချီနေကြတဲ့ ပုဂ္ဂိုလ်တွေ အခုကိစ္စကို မင်းတို့ ဘာလုပ်ပေးနိုင်လဲ…..? ဘာလုပ်ပေးကြသလဲ…..? ထွက်ခဲ့ကြ စမ်းပါ။ ဒို့အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးဖို့ဆိုတာ မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရအောင် လုပ်ဆောင်ခြင်းသက်သက်ဘဲဆိုတာ နိုင်ငံရေးစုန်းပြူးတွေ၊ အမျိုးသားရေးသစ္စာဖောက်တွေ၊ အတ္တသမားတွေ မြဲမြဲမှတ်ထား။)။
မ.ဘ.သ(ပြည်နယ်)
လားရှိုး၊ ရှမ်း/မြောက်။




Viewing all articles
Browse latest Browse all 2129

Trending Articles