Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လုံခြုံရေးသာ ပဓာန လုံခြုံရေးသာ အဓိက လုံခြုံရေးသာ ပထမ”

$
0
0
လူ့အခွင့်အရေးသမားတွေ ဘာပြောချင်သေးလဲ?။
၁၃၇၆ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်(Fiday, August 8,2014) နေ့ထုတ် The VOICE Daily သတင်းစာမှ ကူးယူဖော်ပြသည်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



“ရှင်ကျန်းအားကစားပွဲတော် ကာလအတွင်း အစ္စလာမ္မစ်ပုံစံ ဝတ်စားထားသူများ ဘတ်စ်ကားစီးခွင့်ကို တရုတ်အစိုးရ ပိတ်ပင်”
ဘေဂျင်း၊ သြဂုတ် ၇
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မတည်မငြိမ်ဖြစ်လျက်ရှိသော ရှင်ကျန်းဒေသတွင် ပြုလုပ်မည့် အားကစား ပွဲတော်တွင် မုတ်ဆိတ်မွေးအရှည်ထားခြင်းစသည့် အစ္စလာမ္မစ်စတိုင်လ် ဝတ်စားဆင်ယင်ထားသူများကို ဘတ်စ်ကားစီးနင်းခွင့်ပိတ်ပင်လိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ တားမြစ်ချက်ကို ရှင်ကျန်းပြည်နယ် ကာရာမေမြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က စတင်အသက်ဝင်ခဲ့ ခြင်းဖြစ်ပြီး၊ အစ္စလာမ်အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသော ပါဝါခြုံခြင်း၊ အမျိုးသားများတွင် မုတ်ဆိတ်မွေး အရှည်ရှိသူများ စသည့် အစ္စလာမ္မစ်ပုံစံ ဝတ်စားဆင်ယင်သူများကို အားကစားပွဲတော်ကာလအတွင်း ဘတ်စ်ကားစီးခွင့် ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။
မြို့တွင်းရှိ ဘတ်စ်ကားဂိတ်များတွင် လုံခြုံရေးတပ်ဖွဲ့များချထားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှင်ကျန်းဒေသ၏ အကြီးဆုံးအားကစားပွဲတော်ကာလတွင် လုံခြုံရေးဆောင်ရွက်ချက် အနေဖြင့် အစ္စလာမ်ပုံစံ ဝတ်စားဆင်ယင်သူများ ဘတ်စ်ကားစီးခွင့်ကို တားမြစ်ရခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ၏ ပြောကြားချက်ကို ကိုးကား၍ ကွန်မြူနစ်ပါတီ၏ သတင်းစာတစ်စောင်ဖြစ်သော ကာရာမေသတင်း စာတွင်ဖော်ပြထားသည်။
အဆိုပါ တားမြစ်ပိတ်ပင်ချက်ကို သြဂုတ်လ ၂၀ ရက်မှစတင်၍ အားကစားပွဲတော်ပြီးဆုံးသည့်ကာလအထိ ကြာမြင့်မည်ဖြစ်ပြီး၊ တားမြစ်ချက် ချိုးဖောက်သူများကို ရဲတပ်ဖွဲ့သို့တိုင်ကြားသြွးမည်ဖြစ်သည်။
ယခုတားမြစ်ချက်သည် လူမျိုးရေးခွဲခြားမှုအတွက် မီးစိမ်းပြလိုက်ခြင်းဖြစ်ကြောင်း အူဂါလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ပြောကြားခဲ့သည်။
“ကာရာမေမြို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အူဂါလူမျိုးတွေကို ဦးတည်ထားတဲ့ လူမျိုးခွဲခြားရေးမူဝါဒကို ပြောင်ပြောင်တင်းတင်း ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်” ဟု အူဂါအမေရိကန်အဖွဲ့၏ ဥက္ကဋ္ဌ အလင်မ်ဆေးတော့ဖ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှင်ကျန်းဒေသအာဏာပိုင်များသည် ပြီးခဲ့သည့် မွတ်ဆလင် ရာမဒန်ဥပုသ်လကလည်း မွတ်ဆလင်ဘာသာဝင် ကျောင်းသားနှင့် အစိုးရဝန်ထမ်းများ ဥပုသ်စောင့်ခြင်းကို တားဆီးပိတ်ပင်ခဲ့သည်။
ရှင်ကျန်းဒေသသည် တာကစ်အနွယ် အူဂါမွတ်ဆလင်များနှင့် ဟန်တရုတ်လူမျိုးများအကြား တင်းမာမှု မကြာခဏ ဖြစ်ပွားလေ့ရှိသော ဒေသဖြစ်ပြီး၊ လွန်ခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် လူ ၁၀၀ နီးပါးသေဆုံးသွားကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...