Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဒိုင်းမွန်းရွှေကြည် ရှင်းလင်းစာ”

$
0
0
ပေါင်းလာတာကြာပါပြီ။ တစ်ချက်တစ်ချက် လွတ်ထွက်သွားတတ်တာ တွေ့ရပါတယ်။
ခံစားချက်ကို ရှေ့တန်းတင်မိတာမျိုးမှာ တွေ့ရတတ်တာပါ။
ဦးဇင်းတစ်ပါးကို ဖုန်းဆက်ပြောတဲ့အသံ နားထောင်ဖူးပါတယ်။
ဒေါ်ယုဇနကိုပြောတဲ့ လေသံမျိုးပါပဲ။
ဘယ်လိုပဲပြောပြော နားလည်ခွင့်လွှတ်နိုင်ပါတယ်။
မေတ္တာလည်းမပျက်သလို လက်တွဲလည်းမဖြုတ်ပါဘူး။
ချစ်ကြည်ရေးပျက်ပြားမည်ကို စိုးရိမ်နေကြသူများအား စာနာစိတ်ဖြင့် အသိပေးလိုက်ပါတယ်။
ဝီရသူ(မစိုးရိမ်)
7.8.2014
(ဒိုင်းမွန်းရွှေကြည် ဖြေရှင်းစာကို ပူးတွဲဖော်ပြလိုက်ပါတယ်။)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“ရဟန်းရှင် မိဘပြည်သူများ တရားမျှတစွာ သုံးသပ်ပေးပါ”
ဦးဝီရသူ(မစိုးရိမ်)FB-မှ ဒိုင်းမွန်းရွှေကြည်အား ကြောင်ကြာကြာရေမငုံ့နိုင်ပါဟု ရေးသားလာသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရပါသည်။
နှစ်ပေါင်းသုံးဆယ်ကတည်းက ဗုဒ္ဓဘာသာ ဘုန်းကြီးမွေးစားသားဖြစ်ခဲ့ဖူးသော အစ္စလာမ်ဘာသာဝင် ငြိမ်းချမ်းရေးသံတမန်ကောင်း တစ်ဦးဖြစ်ရန် ကြိုးစားမှုသည် သဲထဲရေသွန် ဖြစ်ခဲ့ရပါသည်။
စီးပွားပျက် မိသားစု ဆွေမျိုးများ၏ မုန်းတီးမှုများကို ကြံ့ကြံ့ခံ၍ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ငြိမ်းချမ်းရေး ကို တည်ဆောက်ရန် မိမိသည် အောက်ကျို့ခံခဲ့ပြီး မျက်ရည်များစွာကျခဲ့ပြီးပါပြီ။
မြန်မာတိုင်းရင်းသား အလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ (Myanmar Native Employee Contribution Committee Yangon) မှ ဒေါ်ယုဇန(ဥက္ကဋ္ဌ)09.250198681 ထံ ဖုန်းဆက်၍ ကော်မတီသည် မြန်မာမွတ်စလင် လုပ်ငန်းများကို သီးသန့်ထား တိုက်ခိုက်ရန် ဖွဲ့စည်းထားသည်ဟု ကြားသိရပြီး ၄င်းကော် မတီဝင်အချို့သည် မြန်မာမွတ်စလင် မုန်းတီးရေးအတွက် လုပ်ဆောင်ကြသည်ဟု ကြားသိရပြီး ရဟန်းသံဃာ တော်များကို မမှန်သတင်း ပေးကြသည်များ ဖြစ်ကြသည်ဟု အကြောင်းကြားလာပါသဖြင့် မိမိအနေဖြင့် အနာဂတ် မြန်မာနိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာပြီး လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းပြီး အတူယှဉ်တွဲနေထိုင်နိုင်ရေး အာစီယံဥက္ကဋ္ဌကြီး သမ္မတကြီး ဦးသိန်းစိန်ပြောကြားသော မိန့်ခွန်းများနှင့် ဆန့်ကျင်၍ ဖွဲ့စည်းထားသော အဖွဲ့ကြီးအား ကန့်ကွက်ခြင်းဖြစ်ပါသည်။
6.5.2013 မှ စ၍ မိမိကဲ့သို့ အောက်ကျို့ခံ၍ မပေါ်ပေါက်ခဲ့ဖူးသော အစ္စလာမ်ဘာသာဝင် သံတမန် တစ်ဦး အနေဖြင့် ဒေါ်ယုဇနအား ပြောဆိုမေးမြန်းမှုများတွင် ရိုင်းစိုင်းသော အသုံးအနှုန်း လုံးဝမပါရှိဘဲ ပြောဆို မေးမြန်း ချက် အသံဖိုင်အား ဆရာတော်ဦးဝီရသူ(မစိုးရိမ်)အနေဖြင့် ပြန်လည်နားထောင်ပြီးမှ FB တင်သင့်ပါသည်။
ယခုကဲ့သို့ ဆရာတော် သံဃာတော်များအား ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား အထင်အမြင် မှားအောင် လုပ်ဆောင်မှုများစွာကို သက်သေပြနိုင်သော အထောက်အထားရှိပါသည်။ ဒိုင်းမွန်းရွှေကြည်ကဲ့သို့ ပေးဆပ်မှုသပ်သပ်ဖြင့် လုပ်ဆောင်ခဲ့သော အစ္စလာမ်ဘာသာဝင် နောက်ထပ် ရရှိရန် မလွယ်ပါဟု ပြောဆိုခဲ့ သော ရဟန်းသံဃာများမှ မိမိအား ကရုဏာသက်စွာဖြင့် အမှန်တရားကို ပြန်လည်ဖြေရှင်းရန် မိန့်လာပါသည်။
သို့ပါ၍ မိမိအနေဖြင့် ပြောဆိုခဲ့မှုတိုင်းတွင် တစ်ဖက်သက် အစ္စလာမ်ဘာသာအား ထိုးနှက်တိုက်ခိုက်မှုများ ကိုသာ ဆန့်ကျင် ကန့်ကွက်ပြီး ငြိမ်းချမ်းရေးအပြုသဘော ဆောင်မှုများကိုသာ ပြောဆိုခဲ့ကြောင်း ယုံကြည် အာမခံပါသည်။ ဆရာတော်ဦးဝီရသူ(မစိုးရိမ်)အနေဖြင့် မျှတစွာ ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံ တောင်းပန် အပ်ပါသည်။
ရွှေကြည်-စိန်
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်

7.8.2014 PM 5:30






Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း