Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သူ”

$
0
0

သူ ဆိုမှ တကယ့် သူ ပါပဲ……
ဘာသာအတွက်ဆို
ဘဝကိုလဲမငဲ့ကွက်တဲ့ သူ၊
သာသနာအတွက်ဆို
အသက်ကိုလဲ မထည့်တွက်တဲ့ သူ။
သူ ဆိုမှ တကယ့် သူ ပါပဲ……..
ပြည်အာဏာမပျောက်ဖို့
မြေပထျာမပျောက်ဖို့
နှလုံးသွေးနဲ့ ထောက်ပြနေတဲ့ သူ၊
မေကညာတွေသွေးမရောဖို့
အမျိုးသားရေးသွေးနှောပေးနေတဲ့ သူ။
သူ ဆိုမှ တကယ့် သူ ပါပဲ……
သူရဘွဲ့ရတယ်ဆိုရုံနဲ့
အမျိုးဘာသာ သာသနာကို
ဝီရသူထက် ပိုချစ်နိုင်မယ်ဆိုရင်
“လာခဲ့ချက်ချင်းဝတ်ချလိုက်မယ်” လို့ဆိုတဲ့
အမျိုးဘာသာ သာသနာကို ဝင်သက်ထွက်သက်ထက် ချစ်မြတ်နိုးတဲ့ သူ။
သူ ဆိုမှ တကယ့် သူ ပါပဲ……
ဘယ်သူ့မျက်နှာကိုမှ မကြည့်
ဘုရားမျက်နှာပဲ ကြည့်တဲ့…….
ဘာသာမျက်နှာကိုပဲ ကြည့်တဲ့……
သာသနာမျက်နှာကိုပဲ ကြည့်တဲ့…….
သာသနာ့အာဇာနည် သူ ပေါ့။
ဓမ္မနွယ်(ရွှေတည်မြေ)




Viewing all articles
Browse latest Browse all 2129

Trending Articles