(အရင်က တရုတ် ကုလားနဲ့ပဲ တွဲခဲ့ရတယ်။ ကုတ်သွေးစုတ် အမြတ်ထုတ်ခံရတယ်။ ဆင်းရဲသားနဲ့တွဲရင် ဆင်းရဲမှာပဲလို့ အတွေးရှိခဲ့တယ်။ သူဌေးနဲ့တွဲမှ သူဌေးဖြစ်မှာ ဆိုတဲ့အမြင်နဲ့ အမေရိကန်ကို ကြိုဆိုခဲ့တယ်။ ခင်ဗျားတို့လိုချင်တာ ဒီမိုကရေစီလား။ ကြိုးကိုင်ခြယ်လှယ်မှုလား။ အိမ်တွင်းရေးကို လာမရှုပ်ပါနဲ့။ ဘယ်အစိုးရကမှ အဓိကရုဏ်း မဖြစ်လိုကြပါဘူး။ မန္တလေးဂျီဟဒ်ရဲ့ လက်မည်းမည်းကြီးတွေကို ခင်ဗျားတို့မြင်အောင် ကြည့်ပြီးမှ ပြောသင့်တယ်။ တစ်ဖက်သတ် အစီရင်ခံစာတွေ မျက်ရည်မထွက်တဲ့ မျက်ခွက်တွေနဲ့ ငိုမဲ့မဲ့လုပ်ပြနေတာတွေ ဒေါ်လာနဲ့ ပျော်စရာလုပ်ပေးတာတွေကိုပဲ အဟုတ်ထင်သာယာပြီး ကျုပ်တို့နိုင်ငံကို ဗိုလ်ကျမယ်မကြံနဲ့။ ခင်ဗျားတို့မရှိလည်း ထမင်းမငတ်ဘူး။
ကျုပ်တို့ရဲ့အနာဂတ်ကို ကျုပ်တို့ကိုယ်တိုင်ပဲ ဖန်တီးမယ်။ တရားမျှတသူ မည်သူမဆို ကျုပ်တို့လက်တွဲမယ်။ နိုင်ငံကြီးပီပီ ငပွကြီးလာမလုပ်နဲ့။ ပြည်သူ့အကျိုးကို လိုလားတဲ့ဒီမိုကရေစီဆိုရင် ပြည်သူ့ဆန္ဒကို သိအောင်လုပ်ပါ။ )
ဝီရသူ (မစိုးရိမ်)
6.8.2014
PM 9:45
=======================================================
“မြန်မာကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် အမေရိကန်လွှတ်တော်အမတ် ၇၀ ကျော် တောင်းဆို”
===================================================
မြန်မာနိုင်ငံ၏ အခြေအနေသည် အဆိုးဘက်သို့နောက်ပြန် လှည့်နေသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးဆိုးရွားရွားထိခိုက်လာနိုင်ကြောင်း မြန်မာအစိုးရကိုသတိပေးရန် အမေရိကန် ပြည်ထောင်စု၏နိုင်ငံခြားရေးဝန် ကြီးဂျွန်ကယ်ရီအား အမေရိကန် လွှတ်တော်အမတ် ၇၀ ကျော်က ပြောကြားလိုက်ပါသည်။နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံပို့သည့်စာတစ်စောင်တွင် ရီပက်ဘလေကန်နှင့်ဒီမိုက ရက်တစ်ပါတီတို့မှ လွှတ်တော် အမတ်များက မြန်မာနိုင်ငံတွင် ဘာသာရေးအကြမ်းဖက်မှုများ ပျံ့နှံ့လာနေပြီး သမ္မတဦးသိန်းစိန်အစိုးရသည် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို မြှောက်ပင့်မီးထိုးပေးနေပုံရသည်ဟု ဆိုသည်။
ထို့အပြင် စစ်တပ်က တိုင်းရင်းသား လူနည်းစုများကို အကြမ်းဖက်မှုများ၊ မကြာသေးမီက သတင်းသမားများကို ဖမ်းဆီး ထောင်ချမှုများနှင့်အခြေခံဥပဒေ ပြုပြင်ရန်လိုအပ်မှုများကိုလည်း စိုးရိမ်ကြောင်းပြောကြားသည်။
သမ္မတအိုဘားမားအစိုးရ အဖွဲ့က နိုင်ငံတကာတွင် အထီးကျန်ဖြစ်နေသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် ၎င်းတို့၏ ထောက်ပံ့မှုများကို နိုင်ငံခြားရေးရာမူဝါဒ အောင်မြင်မှုဟု ထည့်တွက်ခဲ့သော်လည်း အဆိုပါလွှတ်တော်အမတ်များ၏ စာတွင် ၂၀၁၂ခုနှစ်အတွင်း မြန်မာကို ပြင်းထန်သောအရေးယူမှုများ ရုပ်သိမ်းခဲ့သည့်အတွက် အမေရိကန်လွှတ်တော်၏ စိုးရိမ်မှုများကိုပြသနေသည်။
မြန်မာအစိုးရ၏ နှိပ်စက် ညှဉ်းပန်းမှုများအတွက် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်နှင့် မြန်မာအစိုးရက နောက်ထပ်လေးနက်သော တိုးတက်မှုများ မရှိမချင်း အပေးအယူများ ထပ်မံမလုပ်ရန်လည်း သူတို့က တောင်းဆိုလိုက်သည်။
‘‘လွန်ခဲ့တဲ့သုံးနှစ်က ပြုပြင် ပြောင်းလဲရေးအစပိုင်းမှာ အမေရိကန်အနေနဲ့ သူတို့မြန်မာမူဝါဒပြန်ကြည့်ပြီး သုံးသပ်ခဲ့သလို အခုလည်း လတ်တလောဖြစ်ရပ်တွေကြောင့် အမေရိကန်မူဝါဒကို သုံးသပ်ဖို့လိုနေပြီ’’ဟု စာထဲတွင်ရေးသားထားသည်။
နေပြည်တော်တွင် သြဂုတ် ၁၀ ရက်၌ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများ အာဆီယံ ဒေသအစည်းအဝေး တက်ရောက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး မြန်မာခေါင်းဆောင်များနှင့် ဆွေးနွေးရန်ရှိနေသည်။ ကြာသပတေးနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမေရိကန် လွှတ်တော်အမတ်များ၏စာတွင် ထင်ရှားသောလွှတ်တော်အမတ် များဖြစ်သည့် ဒီမိုကရက်တစ်ပါတီ မှ ဂျိုးခရောလီ၊ အမေရိကန် လွှတ်တော်နိုင်ငံခြားရေးရာကော် မတီအဖွဲ့ဝင် ရီပက်ဘလေကန်ပါ တီအမတ် စတိချက်ဗို့တို့လည်း ပါဝင်သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ရီပက်ဘလေကန် လွှတ်တော်အမတ် မက်ခ်ျမက် ကောနယ်လ်ကလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နိုင်ရေး အခြေခံဥပဒေကို ပြင်ဆင်ခွင့်ပေးရန် တောင်းဆိုထားပါသည်။
ထားထားမြင့်
ကိုးကား−အေပီ
3.8.2014 ရက်နေ့ထုတ် 7day Daily news သတင်းစာမှ ကူးယူဖော်ပြသည်။