Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

'နိုင်ငံတော်ဘာသာနေ့ ကျင်းပခြင်းနဲ့ ပတ်သက်၍ မဘသ ( ဗဟို ) ၏ ထုတ်ပြန်ချက် '

$
0
0


             
ရက်စွဲ - ဝါခေါင်လဆန်း ၁၀ ရက် , ၁၃၇၆ ခု , ( သြဂုတ် ၅ ၊ ၂၀၁၄ ) အင်္ဂါနေ့ ။
အကြောင်းအရာ -- အသိပေး ညွှန်ကြားချက်
ဖော်ပြပါ အကြောင်းကိစ္စနှင့် ပတ်သက်၍ ဝါခေါင်လပြည့်နေ့မှာ နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပခြင်းသည် ကောင်းသောလုပ်ရပ် ဖြစ်သော်လည်း ယနေ့ လက်ရှိအခြေအနေနှင့် အချိန်အခါအရ ယင်းသို့ကျင်းပခြင်းထက် 'ဝါခေါင်လပြည့်မေတ္တာ အခါတော်နေ့အဖြစ်ကျင်းပ 'ခြင်းက ပိုမို အနှစ်သာရ ရှိနိုင်ပါသည် ။
ထို့အပြင် အမျိုးဘာသာ သာသနာအတွက် လိုအပ်သည်များ လုပ်ဆောင်သင့်သည်များကို ပိုမိုဦးစားပေး၍ လုပ်ကြမှသာလျှင် တိုင်းပြည်နှင့် လူမျိုးဘာသာသာသနာ အတွက်ပိုမို အကျိုးဖြစ်ထွန်းနိုင်ပါသည် ။
သို့ဖြစ်၍ ၁၃၇၆ ခု ဝါခေါင်လပြည့်နေ့မှာ'ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ပွဲကျင်းပ၍ အမျိုးဘာသာ သာသနာဆိုင်ရာများကို ဟောပြောခြင်း ဆွေးနွေးခြင်း 'စသည်တို့ကို ပြုလုပ်ခြင်းဖြင့် အနှစ်သာရ ယူကြပါဟု အသိပေးညွှန်ကြားအပ်ပါသည် ။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ - မဘသအဖွဲ့( ဗဟို )
အဂ္ဂမဟာပဏ္ဍိတ , နိုင်ငံတော်သြဝါဒါစရိယ, ရွာမပရိယတ္တိစာသင်တိုက် , အင်းစိန် ။


Viewing all articles
Browse latest Browse all 2129

Trending Articles