၁၃၇၆-ခုနှစ်၊ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)တွင် ကျရောက်သော (၅၃)နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် ကျင်းပမည့် အစီအစဉ်များ
(၁) သာသနာ့အလံတော် ဂုဏ်ပြုလွှင့်ထူပူဇော်ခြင်း။
၁၃၇၆-ခုနှစ်၊ ဝါခေါင်လဆန်း(၁၄)ရက်၊ (၉-၈-၂၀၁၄) စနေနေ့ နံနက်ပိုင်းမှစတင်ကာ ဝါခေါင်လပြည့်ကျော် (၁)ရက်၊ (၁၁-၈-၂၀၁၄) တနင်္လာနေ့ ညနေအထိ (၃)ရက်တိုင်တိုင် သာသနာ့အလံတော်များကို အိမ်တိုင်း၊ လမ်းတိုင်းနှင့် ယာဉ်များတွင် ဂုဏ်ပြုလွှင့်ထူပူဇော်ကြပါရန်။
(၂) မဟာပဋ္ဌာန်းဒေသနာတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်း။
၁၃၇၆-ခုနှစ်၊ ဝါခေါင်လဆန်း(၉)ရက်နေ့မှ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အထိ။
အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်းကြီးမြို့နယ်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ပဋ္ဌာန်းဒေသနာတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ပါမည်။
(၃) ဒါန ဥပပါရမီအဖြစ် ခန္ဓာကိုယ်၊ မျက်ကြည်လွှာ၊ သွေး လှူဒါန်းပွဲ။
၁၃၇၆-ခုနှစ်၊ ဝါခေါင်လဆန်း(၁၁)ရက်၊ (၆-၈-၂၀၁၄) ဗုဒ္ဓဟူးနေ့၊ နံနက် (၉းဝဝ)နာရီမှ ညနေ (၄းဝဝ)နာရီအထိ ၃၁-လမ်းနှင့် ၈၄-လမ်းထောင့်၊ ဓမ္မသာလာဗိမာန်တော်ကြီးတွင် စုပေါင်းလှူဒါန်းပါမည်။
ဆက်သွယ်ရန် - ၀၉-၃၃၀၃၅၅၂၇
(၄) သံဃာ့ဒါန ဘုံဆွမ်းလောင်းလှူခြင်း။
၁၃၇၆-ခုနှစ်၊ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) (၁၀-၈-၂၀၁၄) နံနက်(၄းဝဝ)နာရီမှစ၍ ၃၁-လမ်းနှင့် ၈၄-လမ်းထောင့်၊ ဓမ္မသာလာဗိမာန်တော်ကြီးတွင် သံဃာတော်အပါး (၅၀၀)ကျော်အား သံဃိတဒါန ဘုံဆွမ်းလောင်းလှူပါမည်။
(၅) ဇီဝိတဒါန ငါးဘေးမဲ့လွှတ်ခြင်း။
၁၃၇၆-ခုနှစ်၊ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) (၁၀-၈-၂၀၁၄) ညနေ (၄းဝဝ)နာရီမှစ၍ ၂၆ (ဘီလမ်း)၊ ၆၉-လမ်း(ကျုံးတောင်ဘက် ဇီဝိတဒါနအဖြစ် ငါးဘေးမဲ့လွှတ်ခြင်း ကျင်းပပြုလုပ်ပါမည်။
ဆက်သွယ်လှူဒါန်းရန် (ဖုန်း) ၀၉-၄၄၄၀၃၀၇၇၀၊ ၀၉-၄၂၂၄၆၃၁၃၂၊ ၀၉-၄၀၂၆၀၃၉၂၂၊ ၀၉-၉၁၀၀၇၀၅၁