မနေ့က (2.8.2014) မွန်းလွဲပိုင်းမှာ ဒေါ်သီတာကိုရော ဒေါ်မမလေးကိုပါ ဆင့်ခေါ်ပါတယ်။
ကျောင်းအုပ်ဆရာမကြီးရှေ့၊ စည်းကမ်းထိန်းသိမ်းရေး ဆရာ ဆရာမများအဖွဲ့ရှေ့မှာ ကုလားမဒေါ်မမလေးက ဒေါ်မိုးသီတာကို တောင်းပန်ခဲ့ပါတယ်။
မျက်ရည်စက်လက်နှင့် ငိုယိုတောင်းပန်တာပါ။
ဒေါ်မိုးသီတာက ကြေးအေးပေးလိုက်ပါတယ်။
ဒေါ်မိုးသီတာရော ကုလားမ ဒေါ်မမလေးပါ ဝန်ခံကတိလက်မှတ်ထိုးကြရပါတယ်။
ကုလားမဒေါ်မမလေးကို တစ်လ ဖိုင်းချလိုက်ပါတယ်။ လူကိုပဲ အရေးယူတာဖြစ်ပြီး ဈေးရောင်းခွင့်ကိုတော့ ခွင့်ပြုပေးထားပါတယ်။ ကုလားမသမီးလေးတွေပဲ ရောင်းရမှာပါ။ ဒါကလည်း ဒေါ်မိုးသီတာရဲ့ သဘောထားကြီးမှုဖြင့် လိုက်လျောပေးခဲ့တာဖြစ်ပါတယ်။
အရင်ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဆွေ လက်ထက်မှာ ပညာရေးမှူးက ဈေးဆိုင်တွေ စာရင်းကောက်ခိုင်းပြီး ကုလားဆိုင်တွေကို ဈေးရောင်းခွင့်မပြုဖို့ အမိန့်ထုတ်ထားခဲ့ကြောင်း၊ ကုလားမတွေက ဝေယျာဝစ္စလုပ်သလို၊ သန့်ရှင်းရေးလုပ်သလို၊ ဟင်းစားလေးတွေပေးသလို၊ လက်ဆောင်လေးတွေ ပို့သလို လုပ်ရင်း အသနားခံကြတာကြောင့် ဒေါ်သိန်းသိန်းဆွေက နားလည်မှုနှင့် ခွင့်ပြုထားတာဖြစ်ကြောင်း၊ ယခု ကုလားမဆိုင်များ တရားဝင်မဟုတ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွင် ပါဝင်သော အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက ယခုကျောင်းအုပ်ဆရာမကြီးကို တင်ပြခဲ့ကြောင်း၊ ဥက္ကဋ္ဌနေရာပေးထားသည့် ကိစ္စကိုပါ ထည့်သွင်းတင်ပြခဲ့ကြောင်း ဒေါ်မိုးသီတာထံမှ ပြန်လည်သိခဲ့ရပါတယ်။