Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကတုံးမနှင့် အမှုလိမ်လည်တိုင်ကြားခဲ့သူများကို ဒုတိယအကြိမ် ရုံးထုတ်”

$
0
0
ရဲနိုင်၊ နန်းအောင်
နေပြည်တော်။
မန္တလေးပဋိပက္ခ အစပျိုးစေခဲ့သော အမှုကို လိမ်လည်တိုင်ကြားခဲ့သူ မဖြူဖြူမင်း(ခ)ကတုံးမနှင့် လိမ်လည်အမှု ဆင်ခိုင်းခဲ့သော ရဲထွဋ်၊ နုနုမြတ်တို့ သုံးဦးကို ပျဉ်းမနားတရားရုံး၌ သြဂုတ် ၁ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
“လာတခဏလေး။ နောက်ရုံးချိန်းအတွက် ရမန်ယူတဲ့သဘောပါပဲ။ ရုံးထုတ်ပြီး တရားရုံးမှာ စစ်ဆေးတာမျိုး တော့ မရှိပါဘူး” ဟု တရားရုံးနှင့် နီးစပ်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရုံးထုတ်စစ်ဆေးလာသည့် သုံးဦးအပြင် ဟာဂျီထွန်းထွန်းကိုပါ ယခုရုံးချိန်းတွင် ရုံးထုတ်လာခဲ့ကြောင်း သတင်းထွက်ပေါ်လာသော်လည်း အတည်ပြုချက်ယူ၍ မရခဲ့ပေ။
တတိယရုံးချိန်ကို သြဂုတ် ၄ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့စစ်ဆေးရာတွင် အချိန်ဆယ်မိနစ်ကျော်သာ ကြာမြင့်ခဲ့ပြီး ၄င်းတို့ကို လုံခြုံရေးအင်အား ၂၀ ကျော်ဖြင့် ဝန်ရံကာ တရားရုံးအပြင်မှ သတင်းထောက်များကို ဓာတ်ရုံရိုက်ခွင့် မပြုခဲ့ပေ။ တရားရုံးသို့ ပျဉ်းမနားဒေသခံအများအပြားလည်း လာရောက် ကြည့်ရှုခဲ့ကြသည်။
ဇူလိုင် ၁ ရက်တွင် ဖြူဖြူမင်း(ခ)ကတုံးမအား ဘာသာခြားအမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မန္တလေးမြို့တွင် ပဋိပက္ခများဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး၊ ရှစ်ဦး ဒဏ်ရာရရှိပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။ ယခုအခါ ထိုပဋိပက္ခနှင့်  ဆက်စပ်သူ ၄၉ ဦးကို ဖမ်းဆီး အရေးယူထားသည်။

၁၃၇၆ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်(စနေ၊သြဂုတ်၂၊၂၀၁၄) ရက်နေ့ထုတ် 7DAY DAILY မှ။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...