Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကမ္ဘာ့ပုလိပ်ကြီးလား ကမ္ဘာ့မွတ်လိပ်ကြီးလား?”

$
0
0
အမေရိကန်ကြီးက ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား ကြောင်ပါးကြီးပါ။
ကုလားတွေကို တကယ်သတ်တာ၊ လူ့အခွင့်အရေးကို ပယ်ပယ်နယ်နယ် ချိုးဖောက်တာ၊ မူဆလင်တွေကို ရက်ရက်စက်စက် ဖြိုးခွင်းတာတွေ လုပ်နေပေမယ့် ကုလားတွေအပေါ် မေတ္တာထားသယောင်၊ သူများနိုင်ငံတွေ ကိုဘဲ ထောက်ပြပြီး လူ့အခွင့်အရေးအော်နေတာပါ။
ပါးစပ်က လူ့အခွင့်အရေး
လက်က မောင်းသူမဲ့နဲ့ ကုလားသတ်ရေး လုပ်နေပေမယ့် မြင်အောင်မကြည့်နိုင်တဲ့သူတွေက အမေရိကန်ကိုပဲ ကယ်တင်ရှင်လို အောက်မေ့နေကြတာပါ။
ဒီလိုဆရာကြီး အထင်ခံရအောင်လည်း အမေရိကန်ကြီးက အာရပ်ကမ္ဘာကို လှည့်စားထားတာမဟုတ်လား?
ဘင်္ဂလားဒေ့ရှ်စာရင်း ဘာလို့မပါတာလဲ?
မူဆလင်ထဲ အတင်းဝင်ခိုင်းလို့ ပြန်ပြေးလာရတဲ့ ဗုဒ္ဓဘာသာတွေ မောင်းတောမှာ ထောင်ချီ သောင်းချီ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်ကုလားကို ဗုဒ္ဓဘာသာ ဇွတ်ယူခိုင်းတာမျိုး ရှိခဲ့ဖူးပါသလဲ?
ရိုဟင်ဂျာဆိုတဲ့ ကုလားတွေက ရခိုင်တွေကို စသတ်တာ မဟုတ်ဘူးလား?
အမေရိကန်ကြီး မျက်စိကန်းနေလား?
အရင်တုန်းက ကမ္ဘာ့ပုလိပ်ကြီးဆိုပြီးတော့ လေးစားနေခဲ့တာ။
အခုတော့ ကမ္ဘာ့ မွတ်လိပ်ကြီးမှန်း သိခဲ့ရပါပြီ……..
လူ့အခွင့်အရေးဘန်းပြပြီးတော့ ကျုပ်တို့နိုင်ငံကို ဝင်ရောက်မစွက်ဖက်ချင်ပါနဲ့။
ခင်ဗျားတို့မရှိလည်း ကျုပ်တို့ထမင်း မငတ်ပါဘူး။
ဝီရသူ(မစိုးရိမ်)
1.8.2014 PM 8:34
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


“ဘာသာရေးဖိနှိပ်ခွဲခြားမှုအတွက် အထူးစိုးရိမ်ရ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံထည့်သွင်းဖော်ပြခံရ”
လွန်ခဲ့သောရက်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တင်သွင်းသော အစီရင်ခံစာ တစ်စောင်တွင် မြန်မာနိုင်ငံကို တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနိုင်ငံတို့နှင့်အတူ “ဘာသာရေး ဖိနှိပ်ခွဲခြားမှုပြုသဖြင့် အထူးစိုးရိမ်ရသည့်နိုင်ငံများစာရင်း” တွင် ထည့်သွင်းဖော်ပြထားသည်ဟု ဆိုသည်။
ထိုအစီရင်ခံစာ၌ မြန်မာနိုင်ငံကို ဆိုခဲ့ပါစာရင်းတွင် ထည့်သွင်းခဲ့ရခြင်းမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံ အကြမ်းဖက်ခံရမှုကြောင့် ရခိုင်ပြည်နယ်ဘက်တွင် ရိုဟင်ဂျာမူဆလင်ဘာသာဝင်များ အသက်ဆုံးရှုံးရ၊ နေအိမ်စွန့်ခွာထွက်ပြေးရမှုများရှိခြင်း၊ ဘာသာရေးလွတ်လပ်ခွင့် ချုပ်ချယ်ခံရမှုကြောင့် ဘာသာရေးအခြေပြု အဓိကရုဏ်းများဖြစ်ပွားခဲ့ခြင်းတို့အတွက်ဟုဆိုသည်။ ထို့ပြင် ဘာသာစုံကိုးကွယ်သူများ စုပေါင်းနေထိုင်သည့် မြန်မာနိုင်ငံတွင် သာသနာရေးဝန်ကြီးဌာနဆိုသော ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းတည်ထောင်ထားပြီး ဗုဒ္ဓသာသနာရေး အထောက်အပံ့များကိုသာ အများဆုံးပြုလုပ်ပေးနေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်တွင်သာမက မိတ္ထီလာကဲ့သို့သော အခြားမြို့ကြီးများတွင်လည်း ဘာသာရေးလှုံ့ဆော်မှုများအခြေ ပြု၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း မူဆလင်ဘာသာဝင်များအပါအဝင်လူ(၁၀၀)ကျော်သေဆုံး၊ ရာပေါင်းများစွာ ဒဏ်ရာရမှုများ ၂၀၁၃ ခုနှစ်ဦးပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း၊ တစ်ပြိုင်တည်းမှာပင် ထင်ရှားသော ဗုဒ္ဓဘာသာရဟန်းတော်ကြီးများ အားပေးထောက်ခံမှုပြုထားသည့် (၉၆၉)အမည်ရှိ လှုပ်ရှားမှုများလည်း နိုင်ငံအနှံ့ရှိနေပြီး ထိုအဖြစ်အပျက်များ၊ လှုပ်ရှားမှုများက မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အဟန့်အတား ဖြစ်နေစေကြောင်း၊ ထို့ပြင် ခရစ်ယာန်ဘာသာဝင်များကိုလည်း ခွဲခြားဖိနှိပ်မှုများရှိနေကြောင်း၊ ချင်းတောင်နှင့် ကချင်ပြည်နယ်တို့တွင် ထိုသို့ခွဲခြားဖိနှိပ်မှုများကို ခရစ်ယာန်ဘာသာဝင်များ ခံစားနေကြရကြောင်း၊ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး(၉)ဂိုဏ်း ညီညွတ်တည်ထောင်ထားသော ဗုဒ္ဓဘာသာရေးအယူအမြင်မှကွဲလွဲသော အခြားဗုဒ္ဓဘာသာ အယူအမြင်ရှိ ဂိုဏ်းကွဲများသည်လည်း ခွဲခြားဖိနှိပ်ခံရမှုများရှိကြောင်း၊ သာဓကတစ်ခုမှာ မိုးပြာ အမည်ရှိ ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခုမှာ ခေါင်းဆောင်ရဟန်းတော် ဦးဉာဏကို ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ်အနှစ်(၂၀) ချခဲ့မှုဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြထားသည်ဟု သိရှိရသည်။
ဆိုခဲ့ပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဗွီအိုအေသတင်းဌာနက မြန်မာနိုင်ငံမှ ထင်ရှားသော ဘာသာရေး ခေါင်းဆောင်များကို သဘောထားမေးမြန်းရာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူက “….ကျုပ်တို့နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်။ တလွဲပေးတဲ့သတင်းတွေကို အခြေခံတဲ့ ဒီအစီရင်ခံစာမှာ လွဲမှားကောက်ယူမှုတွေပါဝင်နေပါတယ်…ဗုဒ္ဓဘာသာ အခြားဘာသာတွေကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အသိအမှတ်ပြုလေးစားပါတယ်” စသည်ဖြင့် ဆန့်ကျင်တုံ့ပြန်မိန့်ဆိုသည်။
ခရစ်ယာန်သိက္ခာတော်ရ ဆရာကြီးတစ်ဦးက “ဘာသာရေးအသွင်ဆောင်တဲ့ လှုံ့ဆော်မှုတွေရှိလို့ ပဋိပက္ခတွေ ဖြစ်ရတာပါ။ လွတ်လပ်စွာကိုးကွယ်ခွင့် တန်းတူရည်တူ မြန်မာနိုင်ငံမှာ ရှိပါတယ်….” စသည်ဖြင့် ဖြေကြားသွားသည်။
ဟိန္ဒူဘာသာရေးခေါင်းဆောင် ဒေါက်တာလှထွန်းက “ဘာသာတစ်ခုကို အခြားဘာသာတစ်ခုက ကောင်းကောင်းမသိ၊ သဘောမပေါက်ကြလို့ ဘာသာရေးပဋိပက္ခတွေဖြစ်တာလို့ မြင်ပါတယ်” ဟု ထင်မြင်ချက် ပေးသည်။
မူဆလင်ဘာသာရေး ခေါင်းဆောင် ဒေါက်တာအေးလွင်ကမူ “မူဆလင်ဘာသာဝင်တွေအနေနဲ့ အလုပ်အကိုင်တို့၊ နိုင်ငံခြားရပ်ခြားသွားတာတို့ဆိုတဲ့ ကိစ္စတွေမှာ ခွဲခြားခံရတာကိုထားဦး၊ အားကစား၊ အနုပညာ၊ စာပေလောကတွေမှာကို ခွဲခြားဆက်ဆံခံရ၊ နှိမ့်ချခံရတာတွေရှိပါတယ်….ဒါတွေ သတိထား ဖယ်ရှားသွားကြရမှာဖြစ်ပါတယ်..” ဟု ဖြေကြားသွားကြောင်း သတင်းရရှိပါသည်။
ကိုးကား-ဗွီအိုအေ/အေပီ

ကြည်စင်ဟန်

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...