Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တောင်ပြာတန်းယာဉ်မီးလောင်မှုတွင် သေဆုံးသူများအား ကျပ်သိန်း ၃၀ စီပေး”

$
0
0


ရန်ကုန်-
တောင်ပြာတန်းယာဉ်မီးလောင်မှုဖြစ်စဉ်တွင် သေဆုံးသွားသည့် ခရီးသည်ခုနှစ်ဦးအား အသက်အာမခံကြေးနှင့် နစ်နာကြေးအပါအဝင် စုစုပေါင်း ကျပ်သိန်း ၃၀ စီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
တောင်ပြာတန်းယာဉ်လိုင်းဖြစ်စဉ်တွင် သေဆုံးသွားသူများအား အသက်အာမခံကြေးပေးဆောင်ရာတွင် ဖြစ်စဉ်ဖြစ်ပွားပြီး လေးလအကြာ၌ ပေးဆောင်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၁ ရက်တွင် တောင်ပြာတန်းယာဉ်လိုင်း နှင့် ခရီးသွားအာမခံလုပ်ငန်းတို့က သေဆုံးသူခုနှစ်ဦးအား ခရီးသွားအာမခံလုပ်ငန်းက တစ်ဦးလျှင် အသက်အာမခံကြေးအတွက် ကျပ် ၁၀ သိန်း၊ ခရီးသွားနစ်နာကြေးအတွက် ကျပ်ငါးသိန်းနှင့် တောင်ပြာတန်း ယာဉ်လိုင်းက နစ်နာကြေးအဖြစ် သေဆုံးသူတစ်ဦးလျှင် ကျပ် ၁၅ သိန်း အသီးသီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ပဲ တောင်ကြီးမြို့မှာ ပေးအပ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့သူတွေ တစ်ဦးကို ကျပ်သိန်း ၃၀ စီ ပေးခဲ့ပါတယ်။  အသက်အာမခံကြေးက ၁၀ သိန်းပါ။ ကျွန်တော်တို့ယာဉ်လိုင်းက ၁၅ သိန်းပေးခဲ့ပါတယ်”ဟု တောင်ပြာတန်း ခရီးသည်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်ဦးက ပြောသည်။
“တောင်ပြာတန်းယာဉ်လိုင်းကို အရေးယူမှုတစ်စုံတစ်ရာ ဘာလို့မလုပ်တာလဲဆိုတာ သိချင်ပါတယ်။ ရာဇာမင်းယာဉ်လိုင်းကို အရေးယူသလို တောင်ပြာတန်းယာဉ်လိုင်းကိုလည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်စေချင်ပါတယ်။ ကျွန်တော့်သမီးလေးဆို ကိုးနှစ်ပဲရှိသေးလို့ အသက်အာမခံကြေးမလုပ်တော့ဘူး”ဟု တောင်ပြာတန်းယာဉ် မီးလောင်မှုဖြစ်စဉ်တွင် ၎င်း၏ သားနှင့်သမီး ဆုံးရှုံးခဲ့သူ ဦးစိန်လှိုင်ကပြောသည်။
ဧပြီ ၁၂ ရက်က တောင်ပြာတန်း ခရီးသည်တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီးကို ဝင်တိုက်ရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီပေါက်၍ မီးလောင်မှုဖြစ်စဉ်တွင် ဆလွန်းကားငယ်ပေါ်မှ လိုက်ပါလာသူ ခြောက်ဦးနှင့် တောင်ပြာတန်းခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး မီးလောင်သေဆုံးခဲ့သည်။
ငြိမ်းချမ်း
1.8.2014 ရက်နေ့ထုတ် 7day Daily news သတင်းစာမှ ကူးယူဖော်ပြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...