Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်တည် ဆရာတော်ဘုရားကြီး(၄)ပါး အထိမ်းအမှတ် ပူဇော်ပွဲ”

$
0
0
“မစိုးရိမ်ကျောင်းသားဟောင်း/သစ် တွေ့စုံပွဲ
၁၃၇၅/၁၃၇၆-ခု ပညာသင်နှစ် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား”
“၁၃၇၆-ခုနှစ်၊ တပိုတွဲလဆန်း(၁၄)ရက်နေ့ (၂-၂-၂၀၁၅) အခမ်းအနား အစီအစဉ်”
မစိုးရိမ်ကျောင်းတိုက်ကြီးများကို တည်ထောင်ဖန်ဆင်း၍ သာသနာပြုတော်မူခဲ့ကြသော ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများ ဖြစ်တောမူကြသည့်
(၁) ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု)
(၂) ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု)
(၃) ဆရာတော် ဘဒ္ဒန္တနာယကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)
(၄) ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မဟာထေရ်မြတ်ကြီးတို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို အာရုံမူလျက် ရည်မှန်းပူဇော်သည့် ဂုဏပူဇာမဟာမင်္ဂလာပွဲ ။
မစိုးရိမ်ကျောင်းသားဟောင်း/သစ် တွေ့ဆုံပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော်ကြပါမည်။
ဆက်သွယ်ရန် - မဟာနာယကဆရာတော်များ
၁။ ဘဒ္ဒန္တကေသရာဘိဝံသ၊ ဓမ္မဘာဏကကျောင်း။ ဖုန်း -၀၉-၂၀၀၂၆၂၅၊ ၀၉-၂၅၀၉၀၂၆၂၅
၂။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ဓမ္မသမိဒ္ဓိကျောင်း။ ဖုန်း -၀၉-၂၀၀၂၆၂၃၊ ၀၉-၂၅၀၉၀၂၆၂၃
၃။ ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ၊ ဓမ္မာဓိပတိကျောင်း။ ဖုန်း -၀၉-၂၀၀၂၆၂၄၊ ၀၉-၂၅၀၉၀၂၆၂၄








“၁၃၇၆-ခုနှစ်၊ တပိုတွဲလပြည့်နေ့ အခမ်းအနား အစီအစဉ် (၃.၂.၂၀၁၅)”
=======================================
၁၃၇၅/၁၃၇၆-ခု ပညာသင်နှစ် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ အောင်မြင်တော်မူကြသည့်
(၁) ပရိယတ္တိသာသနဟိတ (သကျသီဟ)ဓမ္မာစရိယ အဘိဝံသဘွဲ့ရ (၃)ပါး။
(၂) ပရိယတ္တသာသနဟိတ (သကျသီဟ) စာသင်တန်းအောင် (၁)ပါး၊ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲ
(၃) တစ်နိုင်ငံလုံး တတိယဂုဏ်ထူးအောင် (၁)ပါး
(၄) ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း၊ တစ်နိုင်ငံလုံး ဒုတိယဂုဏ်ထူးအောင်(၁)ပါး
(၅) ပါဠိပထမပြန်စာမေးပွဲ ပထမလတ်တန်း၊ တစ်နိုင်ငံလုံး ဒုတိယဂုဏ်ထူးအောင် (၁)ပါး
(၆) နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယ-ဘွဲ့ရ (၁၈၄)ပါး၊ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ
(၇) ပထမကြီးတန်းအောင် (၁၉)ပါး
(၈) ပထမလတ်တန်းအောင် (၃၆)ပါး
(၉) ပထမငယ်တန်းအောင် (၃၆)ပါး
ဤအရှင်မြတ်တို့အား ဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို အထူးစည်ကား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပမည်ဖြစ်ရာ ကြွရောက်ကြည်ညိုပူဇော်ခြင်းဖြင့် သာသနာနုဂ္ဂဟ ကုသိုလ်ယူနိုင်ကြစေရန် ခင်မင်လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
(သာသနာနုဂ္ဂဟ ဂေါပကအဖွဲ့)
မစိုးရိမ်တိုက်သစ်

စိန်ပန်းရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

Viewing all articles
Browse latest Browse all 2129

Trending Articles