Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မန္တလေး ဂျီဟဒ်နောက်ကွယ်မှ လက်မည်းမည်းကြီးများ(၃)”

$
0
0
ရဲထွဋ်၊ နုနုမြတ်၊ မာလာ၊ ဟေမာကျော်တို့ကို မန္တလေးသို့  လွှဲပြောင်းပေးလိုက်ပါပြီ။
အမျိုးသမီး(၃)ယောက်ကို ပြင်ဦးလွင်မှာ ထိန်းသိမ်းထားပြီး၊ ရဲထွဋ်ကိုတော့ မန္တလေးမှာ  ထိန်းသိမ်းထားပါသည်။
နေရာအတိအကျ မသိရသေးပါ။
နေဝင်း ဆန်းမောင်တို့ မဲဆောက်မှာ ရှိပါသည်။
လက်နက်ကိုင်တပ်ဖွဲ့က အကာအကွယ်ပေးထားပါသည်။ အစိုးရက ရဲထဋ်လို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး၍  ခိုလှုံခွင့်ရနေခြင်းဖြစ်ပါသည်။
ရဲထွဋ်နှင့် မာဖီးယားညီနောင်တို့ ပေါင်းပြီး ကြံစည်ကြလေသလား?
ကြံစည်ပြီးမှ ပူးပေါင်းသွားကြလေသလား?
သိချင်နေကြပါသည်။
သူတို့သုံးယောက်ကို အစိုးရက ကြိုးကိုင်ပြီး ၄၃၆ ကမ်ပိန်းရပ်တန့်သွားအောင် စေခိုင်းမှု ရှိ/မရှိ စုံစမ်းရန် နိုင်ငံရေးသမားတိုင်းမှာ တာဝန်ရှိသလို ထိုးအကျွေးခံလိုက်ရခြင်း ဖြစ်သည်ဟု အတိအလင်း ကြေညာခဲ့သော ခလီဖွာသိန်းဝင်းအောင်နှင့် အခြားယုံကြည်ယူဆကြသော မူဆလင်အကြီးအကဲတိုင်းမှာလည်း တာဝန်ရှိပါ သည်။
မန္တလေးအစိုးရကြိုးကိုင်ကြောင်း ပေါ်လွင်လျှင် မန္တလေးအစိုးရကို ဖြုတ်ချရန်နှင့် ပြည်ထောင်စု အစိုးရကြိုးကိုင် ကြောင်း ထင်ရှားလျှင် ပြည်ထောင်စုအစိုးရကို ဖြုတ်ချဖို့ ကြိုးစားရမည်မှာ ၄၃၆ နှင့် ၇၈၆ တို့၏ မဟာပဓာန အဓိကတာဝန်ကြီးဖြစ်ပါသည်။
အကယ်၍ ဒီသုံးယောက်သာ ဖန်တီးရိုးမှန်ခဲ့လျှင် ၄၃၆ သမားတွေရော၊ ၇၈၆ သမားတွေပါ အစိုးရအပေါ် အထင်အမြင် လွဲမှားခဲ့ကြောင်း တရားဝင်တောင်းပန်စာကို ရဟန်းသံဃာတော်များနှင့် ပြည်သူလူထုအား ထင်ရှားစွာ ကြေညာပေးရမည် ဖြစ်ပါသည်။
မန္တလေး ဂျီဟဒ်နောက်ကွယ်မှ လက်မည်းမည်းကြီးများ၏ သရုပ်အမှန်ကို ဆက်လက်ရှုစား သွားကြရပါမည်။
ဝီရသူ(မစိုးရိမ်)
28.7.2014

PM 7:04




Viewing all articles
Browse latest Browse all 2129

Trending Articles