Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မျိုးချစ်ပုဂ္ဂိုလ်ကြီး အမှု ထပ်မံရုံးချိန်း”

$
0
0


မကွေးမြို့မှ ဦးမျိုးသန့်အား ပွင့်ဖြူ NLDက တရားစွဲထားတဲ့အမှုကို 5.8.2014 ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။
ဦးမျိုးသန့်က 30.4.2014 ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ပွင့်ဖြူမြို့၊ အမျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးဆိုင်ရာ အသိပညာရေးဟောပြောပွဲကို တာဝန်ယူစီစဉ်ခဲ့သည့် တာဝန်ခံ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဟောပြောချက်များထဲမှ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်စေတဲ့ ပုတ်ခတ်မှုတွေပါလို့ ပွင့်ဖြူ NLD မှ ဦးအောင်ဝင်းက တရားစွဲတာ ဖြစ်ပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ စည်းဝေးဆုံးဖြတ်ချက်အရ ဦးအောင်ဝင်းက တရားစွဲတာဖြစ်ပြီး ပခုက္ကူရဲစခန်းက 11.6.2014 ရက်စွဲနှင့် ဦးမျိုးသန့်ကို ဆင့်ခေါ်စာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဦးမျိုးသန့်ဟာ 15.6.2014 မှာ ရဲစခန်းသို့ သွားရောက်အစစ်ခံခဲ့ပြီး
25.7.2014 နေ့မှာ ပွင့်ဖြူတရားရုံးမှာ အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။ ဦးမျိုးသန့်ဘက်မှ ပွင့်ဖြူမြို့ခံ မျိုးချစ်ပုဂ္ဂိုလ်များနှင့် မန္တလေးမြို့မှ မျိုးချစ်ပုဂ္ဂိုလ် (၉)ယောက်နှင့် ရဟန်းတော်တစ်ပါးတို့ ကြွရောက်အားပေးခဲ့ ကြပြီး ပွင့်ဖြူ NLD မှ အင်အား (၂၀)ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်။
ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၈ ဖြင့် စွဲဆိုခံခဲ့ရသော ဦးမျိုးသန့်အား အာမခံပေးပြီး အမှုကို 5.8.2014 မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
ပွင့်ဖြူဟောပြောပွဲမှာ ဦးဣန္ဒာစက္ကာဘိဝံသ၊ ဦးသုစိတ္တ၊ ဦးနေမျိုးဝေ၊ ကိုသီရိမောင်၊ ကိုနောင်နောင် တို့ ဟောပြောခဲ့ကြတာဖြစ်ပြီး ပရိသတ် (၆၀၀၀)ကျော် တက်ကာ အမျိုးစောင့်ဥပဒေထောက်ခံလက်မှတ်ပေါင်း ၅၂၀၀ တိတိ ရရှိခဲ့ကြောင်း သိရပါတယ်။
ဦးမျိုးသန့်ဟာ အသက် (၄၃)နှစ်ရှိပြီး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်းမှာ ပထမလတ်တန်းအထိ ပညာဆည်းပူးခဲ့သော ရဟန်းလူထွက်တစ်ယောက်ဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာအတွက် အသက်ပေးပြီး စတေးဝံ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း သိရပါတယ်။


Viewing all articles
Browse latest Browse all 2129

Trending Articles