မေး(၅) ကိုဖြေတာ အားလုံးမမှန်ပေမယ့် ဖြေ(၅)ထဲက စာစဉ်တွေကို ပူးတွဲနံပါတ်စဉ်နဲ့ ပြန်လည် ဖြေရှင်းပေးလာ ကြသည်ကို တင်ပြအပ်ပါသည်။ ဖြေရှင်းချက်မပေးထားသော စာစဉ်များကို မှတ်တမ်းတင်၍ မျိုးဆက်သစ်များကို ဆင်ချင်သုံးသပ်ရန် တင်ပြသွားပါမည်။
စာစဉ် ၆/စာစဉ် ၁၇ ထိ
အစ္စလာမ်တွေ မညီညွတ်ပါစုစည်းခွင့်ထက် အတ္တကြီးသူများောကာင့် အဖွဲ့များစွာ ကွဲပြားခြားနားနေကြပြီး ကိုယ်ကျိုးစီးပွားရေး သမားများချမ်းသာပြီး အများစု ဆင်းရဲမွဲတေနေကြပါသဖြင့် ကျီးကန်းလို မညွညွတ်ပါ ကိုယ်ဖြစ် ကိုယ်ခံနေရပါသည်။ မသက်ဆိုင်တဲ့ အိမ်များနှင့် ဗလီများကို ထိပါးမှ တစ်ချို့က တုန့်ပြန်ကြသောလည်း ပြင်းထန်စွာ တရားဥပဒေဖြင့် အရေးယူခံနေရသည်ကို ပစ္စုပ္ပန်မှာ အထောက်အထား များစွာ ရှိနေပါသည်။ ပြဿနာတွေကြီးထွားလာလျှင် ကမ္ဘာအလှူများနှင့် အစ္စလာမ်အလှူများကို လက်ခံရာတွင် အစ္စလာမ်အဖွဲ့ချုပ်ကြီးကို အစ္စလာမ်တိုင်းက လက်ခံသလား လက်မခံဘူးလားဆိုတာကို မြေပြင် ကွင်းဆင်းလေ့လာကြည့်ပါ။ ရခိုင်အရေးခင်းတွင် ဆော်ရီဘုရင်နှင့် တူရကီအစိုးရမှ ဒေါ်လာသန်းပေါင်း ၂၀၀ ရရှိသည်ဟု ကြားသိရပေမယ့် နစ်နာသူတွေရဲ့ ကျေးဇူးတင်စရာကောင်းသော ဘုန်းကြီးတွေကို မလှူဒါန်းတာကို စာဖြင့် မေးမြန်းခဲ့သောလည်း ဖြေကြားခြင်း မရှိသော အစ္စလာမ်အဖွဲ့များကို မိမိတို့ ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်နှင့် ကွန်ယက်ထောက်ခံသူများ လက်မခံကြောင်းကို လက်မှတ်ထိုးပေးထားသော မြန်မာ မွတ်စလင်များစွာ ရှိနေပါသည်။ ၉၆၉ ညီညွတ်သလို မြန်မာမွတ်စလင် တွေမညီညွတ်ပါ။ တရားဥပဒေစိုးမိုးမှုနှင့် အဂတိတရားကြောင့် ဖြစ်နေရသော ကိစ္စအချို့သည် အစ္စလာမ်ဘာသာဝင်တိုင်းနှင့် မသက်ဆိုင်ပါသဖြင့် ဖြေ(၅)စာစဉ်၆မှ(၁၇)ထိကို ချုံ့၍ တင်ပြလာပါသည်။ ဦးကိုနီသည် အစ္စလာမ်ထုကို ကိုယ်စားပြုမပြု မြေပြင်ကွင်းဆင်းလေ့လာပြီးပြီလားတဲ့။ ဦးကိုနီကို မွတ်စလင်တိုင်း လက်ခံတာ မဟုတ်သလို ဒိုင်းမွန်းရွှေကြည်ကိုလည်း မွတ်စလင်တိုင်း လက်ခံတာ မဟုတ်ပါဘူး။
ဖြေ(၅)စာစဉ်(၂၁)(၂၂)လိုရင် ဘုန်းဘုန်း၊ မလိုရင် ကတုံးလုပ်ကြတဲ့သူတွေက ဉာဏ်ပညာ နိမ့်ကျနေသော မြန်မာမွတ်စလင်တစ်ချို့ပါ။
ဖြေ(၅)စာစဉ်(၂၃)(၂၄)အစိုးရထက် ပြည်ပအားကိုးချင်သူတွေထဲမှာ မြန်မာပြည်ကို ချစ်သော မွတ်စလင်များ မပါ။
ဖြေ(၅)စာစဉ်(၂၅)ဘုန်းကြီးတွေ တစ်ချို့ကို ကုလားတွေက သိန်းပေါင်းများစွာ ကျေးဇူးဆပ်လိုက်တဲ့ စာရင်းကို ပေါးပါ့မယ်။ တကယ်ကူညီခဲ့တဲ့ ဘုန်းကြီးတွေဘာမှ မရလိုက်တဲ့ ကျေးဇူးတင်စကားပြောရန် ပျက်ကွက်ပါက ဒိုင်းမွန်းရွှေကြည်မှ ကျေးဇူးတင်ကြောင်း လက်အုပ်ချီပြီး ဒီနေရာကနေ လျှောက်ပါတယ်။ ဒိုင်းမွန်းရွှေကြည် ရဟန်းသံဃာတော်များကို သိန်းထောင်ချီ လှူဒါန်းခဲ့ပါသည်။ စာရင်းတစ်ချို့နှင့် ဓာတ်ပုံမှတ်တမ်းလည်း ရှိပါသည်။
ဖြေ(၅)စာစဉ်(၂၇) မီဒီယာတွေ အထင်မလွဲပါ။ မီဒီယာအချို့လုပ်စားတာကို ဒိုင်းမွန်းရွှေကြည် ကိုယ်တိုင်လည်း လုပ်စားခံခဲ့ရပါတယ်။ ပိုက်ဆံယူပြီး ကုလားမကောင်းကြောင်းရေးရင် ဂျာနယ်ရောင်းကောင်းတယ်ဆိုတဲ့ မီဒီယာနဲ့ ပိုက်ဆံချေးပြီး ပြန်မပေးတဲ့ မီဒီယာ သမားတစ်ချို့နဲ့ လုပ်စားသတင်းသမားဂျာနယ် မီဒီယာသမား တစ်ချို့ တစ်ချို့ ကဖွတာကို တစ်နေ့ရင်ဆိုင် ဖြေရှင်းပေးပါ့မယ်။(ဒီမိုကရေစီ တစ်ကယ်ရှိလာတဲ့တစ်နေ့ တရားဥပဒေ အမှန်တကယ်မျှတစွာ ဖြေရှင်းပေးမည့်နေ့ ရောက်လျှင် ရင်ဆိုင်ဖြေရှင်းပါမည်။)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“ဦးဝီရသူ၏ ပြန်လည်ဆွေးနွေးချက်”
^^^^^^^^^^^^^^^^^^^^^^
ဦးကိုနီဟာ အစ္စလာမ်ထုကို ကိုယ်စားပြုမဟုတ်ဘူးပဲထား ဦးကိုနီလိုက်လံစည်းရုံးနေတဲ့ ၅၉(စ)သာ ပြင်ခွင့်ရသွားရင် ကုလားရော တရုတ်ရော သမ္မတဖြစ်ခွင့်ရသွားပြီဗျ။
ဒါဆို ဦးကိုနီက အစ္စလာမ်ထုကို ကိုယ်စားမပြုပေမယ့် ဦးကိုနီရဲ့ ဆောင်ရွက်ချက်ကြောင့် အစ္စလာမ်ထုတစ်ရပ်လုံး ခံစားခွင့်ရသွားပါပြီဗျာ။
နိုင်ငံတော်သမ္မတကြီး အဗ္ဗဒူကိုနီတို့၊
နိုင်ငံတော်သမ္မတကြီး မိုဟာမက်ရွှေမောင်တို့
နိုင်ငံတော်သမ္မတကြီး ဇော်ကီအာမက်တို့ ဂုဏ်ယူဝင့်ကြွားလို့ရပြီပေါ့ဗျာ။
သူတို့လည်း သမ္မတဖြစ်ရော စာသင်တိုက်တွေမှာ သံဃာအသစ်မတိုးရတို့၊ ကိုရင်အသစ်ဦးဇင်းအသစ် လက်မခံရတို့၊ ရှင်ပြုရဟန်းခံခြင်း လုံးဝမပြုရတို့၊ စာသင်ကျောင်းတွေမှာ ဘုရားရှိခိုးခြင်းမပြုရတို့၊ မူဆလင်တစ်အိမ်လျှင် ဗလီတစ်လုံးနှုန်းဆောက်ကြတို့၊ ဘယ်နေရာမှာမှ ဝက်သားမရောင်းရတို့၊ မူဆလင်အမျိုး သမီးတိုင်း မျက်နှာဖုံး၍ အိမ်တွင်းပုန်းကြတို့ စုံနေအောင် ထုတ်လိုက်မည့် အမိန့်မျိုး၊ ဘုန်းကြီးကျောင်းတွေကို လျှို့ဝှက်ဝင်စီးတဲ့ မူဆလင်တွေကို ဆုငွေချီးမြှင့်တာတို့၊ ဗမာမတွေယူနိုင်တဲ့ မူဆလင်တွေကို ဟာဂျီဘွဲ့တွေပေး တာတို့၊ ဗမာတွေကိုသတ်နိုင်တဲ့သူတွေကို ဆုတံဆိပ်တွေချီးမြှင့်ပြီး သူရဲကောင်းပြုတာတို့လည်း ပလူပျံနေမှာပဲ နော်……။
ဦးကိုနီရဲ့ မူဆလင်ဒီမိုကရေစီကို မြင်ယောင်နေမိတယ်ဗျာ။ တကယ်ပဲ။
ကုလားတွေက သိန်းပေါင်းများစွာ ကျေးဇူးဆပ်လိုက်တဲ့ ဘုန်းကြီးတွေ စာရင်းပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ပို့ဖြစ်အောင်ပို့ပါ။ ကြည်ညိုစရာကြီးတွေမို့ အသည်းခိုက်အောင် ကြည်ညိုချင်လို့ပါဗျာ။ နိုင်ငံရေးဘုန်းကြီးတွေ ဖြစ်နေရင် ပိုပြီး ကြည်ညိုလိုက်ဦးမှာဗျ။
ဒကာကြီး ဦးရွှေကြည် ရဟန်းသံဃာတော်တွေကို သန်းထောင်ချီ လှူဒါန်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း ကြည့်ချင်ပါသေးတယ်ဗျာ။ ထူးထူးခြားခြားမို့ လေးစားထိုက်လို့ပါ။
အဲဒီထဲ ဦးဇင်းဝီရသူကော ပါသေးလားဗျာ။
(ဆက်ရန်ရှိသေးသည်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
26.7.2014
PM 11:35