26.7.2014 ညနေ 4:30 နာရီ မစိုးရိမ်တိုက်ကြီး နိရုတ္တိနယူပဒေသကျောင်းမှာ ကျင်းပတာဖြစ်ပါတယ်။
မန်းမဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ဓမ္မာစရိယ၊ပါဠိပါရဂူ)၊ မန်း မဘသ နာယကဆရာတော် ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော် သံဃာတော်များ မန်းမဘသ အဖွဲ့ဝင် အမျိုးသား အမျိုးသမီးများ စုံလင်စွာ တက်ရောက်ကြပါတယ်။
ဝါခေါင်လပြည့်(10.8.2014)နေ့မှာ ကျင်းပမည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကြိုတင်ညှိနငိင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပါတယ်။
(၁) မြို့ထဲလှည့်ပြီး ပဋ္ဌာန်း(၅)ရက် ရွတ်ဖတ်နိုင်ရေး
(၂) သံဃာ(၅၀၀)အရုဏ်ဆွမ်းလောင်းလှူနိုင်ရေး
(၃)သွေးလှူဒါန်းပွဲ ကျင်းပနိုင်ရေး
(၄) ဟောပြောပွဲကျင်းပနိုင်ရေး
(၅) ငါးဘေးမဲ့လွှတ်ပြီး ဇီဝိတဒါနပြုနိုင်ရေး တို့ပဲဖြစ်ပါတယ်။
မန်းမဘသ နာယကဆရာတော် ဘဒ္ဒန္တပညာသာမိ(ကင်းဝန်မင်းကြီးတိုက်၊ သာသနာပါလကျောင်း) ဆရာတော်က လှူဒါန်းသောအလှူငွေ(၃)သိန်းကျပ်အပါအဝင် နိုင်ငံတော်ဘာသာနေ့ ကျင်းပနိုင်ရေးအတွက် အလှူရှင်အသီးသီးမှ ငွေ(၁၀)သိန်းကျပ်နီးပါး လှူဒါန်းနိုင်ခဲ့ကြပါတယ်။
မန်းမဘသအမည်နှင့် FB ရော Page ပါ ဖွင့်ထားပါတယ်။ IT အဖွဲ့လည်း ရွေးချယ်ခန့်အပ်ထားပါတယ်။ Report တက်ချင်သူများ အခုကတည်းက Add ထားလို့ရပါပြီ။
လူငယ်ခြေတက်တွေ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ တွေ့ကြရမှာပါ။
သူတို့ရဲ့ ဆောင်ပုဒ်ကတော့
“FB လက်နက်ဖြင့် အကြမ်းဖက်ဝါဒကို ချေမှုန်းကြ” ပဲ ဖြစ်ပါတယ်။