26.7.2014 (ဝါဆိုလကွယ်) မနက် 7:30 ချမ်းမြသာစည်မြို့နယ်၊ မဟာဣန္ဒကာလင်္ကာရကျောင်းတိုက်၊ ဇမ္ဗူမြင့် ရတနာဆွမ်းစားကျောင်းရေစက်ချပွဲ ဖြစ်ပါတယ်။
ကျေးဇူးရှင် သက်တော်ရှည်မြတောင်း-ရွှေဝါဝင်းဆရာတော်ကြီး ကြွရောက်ချီးမြှင့်ပါတယ်။
ကျောင်းအလှူရှင်တွေကတော့ ဦးကျော်ရှိန်+(ဒေါ်မြင့်မြင့်) ဖြစ်ပါတယ်။
ဘုရားအနေကဇာတင် ဝါဆိုသင်္ကန်းကပ်လှူပြီး ရတနာရွှေမိုးငွေမိုး-ရွာသွန်းဖြိုးကြတာ တွေ့ရပါတယ်။
မဟာဣန္ဒကာလင်္ကာရကျောင်းဆိုတာ ဦးဝီရသူတည်ထောင်ထားတဲ့ လောကအလင်း ပညာဒါနကျူရှင်ကျောင်း တည်ရှိရာ ကျောင်းတိုက်ကြီးပါပဲ။
လောကအလင်းကျူရှင်ကျောင်းမှာ ဦးဇင်းနှစ်ပါးအပါအဝင် ဆယ်တန်းကျောင်းသ/သား ၁၀၅ ဦး တက်ရောက် သင်ယူနေကြပါတယ်။