မြန်မာပို့စ်ဂျာနယ် အတွဲ(၆)အမှတ်(၂၇)၊ စာမျက်နှာ(၁၂)မှာ ဘူးလက်လှဆွေ (သို့မဟုတ်)ဦးလှဆွေသို့ အိတ်ဖွင့်ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့ အသားထဲက ထွက်တဲ့လောက်(သို့) စည်သူအောင်မြင့် ဆိုသူက “ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုရဲ့ ရေခံမြေခံဟာ အမုန်းတရား ဖြန့်ဖြူးမှုတွေဖြစ်ပြီး အဲ့ဒီအမုန်း တရားဟောပြောသူ၊ ဖြန့်ဖြူးသူတစ်ချို့ကိုတော့ ပြည်သူတွေက မျက်ဝါးထင်ထင်တွေ့နေခဲ့ရတာ ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
ဟုတ်ပြီ စည်သူအောင်မြင့်က ဖြစ်ပွားခဲ့တဲ့ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေရဲ့ ရေခံမြေခံဟာ အမုန်းတရားဖြန့်ဖြူးမှုတွေဖြစ်တယ်လို့ အတိတ်သံပါတဲ့အတွက် အတိတ်သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် ဘလိုင်းပြော မပြောဘူး သမိုင်းပြော ပြောမယ်……
(၁) ခရစ်(၈) ရာစုကုန်ခါနီးလောက်တွင် အစ္စလာမ်ဘာသာဝင် မိုဟာမက်ဘိန်ကာစင် ဆိုသူက အိန္ဒိယပြည်၊ သိန္ဓုနယ်ကို စစ်တိုက်သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သမိုင်းကိုပြောရင်ကော အမုန်းစကားလား? သမိုင်းကပြောတဲ့ အမှန်တရားတွေလား?
(၂) ခရစ်(၁၀) ရာစုအလယ်လောက်တွင် ဆဗုတ္တဂိန်အမည်ရှိတဲ့ ဝဇီနီမြို့စော်ဘွား အာဖဂန်နစ္စတန်ပြည်သား အစ္စလာမ်ဘာသာဝင်က အိန္ဒိယပြည်၊ ပန်ဂျစ်နယ်သို့ ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သမိုင်းကို ပြောရင်ကော အမုန်းစကားလား? သမိုင်းကပြောတဲ့ အမှန်တရားတွေလား?
(၃) ခရစ်(၁၁၉၁) ခုမှာ အစ္စလာမ်ဘာသာဝင် မိုဟာမက်ဂေါ်ဂီက အိန္ဒိယပြည်ထဲ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ပြီး အိန္ဒိယပြည်(၃)ပုံ(၂)ပုံလောက် သိးပိုက်ခဲ့တယ်ဆိုတဲ့ သမိုင်းကို ပြောရင်ကော အမုန်းစကားလား? သမိုင်းကပြောတဲ့အမှန်တရားတွေလား?
(၄) ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အဖို့ အမြတ်ဆုံးသော အဝိဇဟိတဌာနကြီးတစ်ခုဖြစ်တဲ့ ဓမ္မစကြာတရားဦးဟောရာမိဂဒါဝုန်မှာ ဘုရားရှင်အား ပဉ္စဝဂ္ဂီ နောင်ညီငါးဦးတို့က ပထမဦးစွာ ဆီးကြိုသော နေရာတွင် ကျောက်ခန္တီစေတီကို တည်ထားခဲ့ပါတယ်။ ထိုစေတီကို အစ္စလာမ်ဘာသာဝင် ဒေလီရှင်ပသီ အက္ကဘာဘုရင်က ခရစ်(၁၅၈၈)ခုနှစ်တွင် ဖျက်စီးပြီး စေတီအပေါ်ဆုံးတွင် ဗလီမျှော်စင် ဆောက်ထားတယ်ဆို တဲ့ သိုင်းကိုပြောရင်ကော အမုန်းစကားလား? သမိုင်းကပြောတဲ့ အမှန်တရားတွေလား?
(၅)၁၂၉၈၊ ၁၃၀၂၊ ၁၃၂၈၊ ၁၃၃၁ ခုနှစ်တို့မှာ အိန္ဒိယပြည်ရှိစေတီပုထိုး ကျောင်းကန်များကို အစ္စလာမ် ဘာသာဝင်တို့ အကြွင်းမရဖျက်ဆီးခဲ့တယ်ဆိုတဲ့ သမိုင်းကိုပြောရင်ကော အမုန်းစကားလား? သမိုင်းကပြောတဲ့ အမှန်တရားတွေလား?
(၆) ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကိုးကွယ်ဆည်းကပ်ခဲ့သော အိန္ဒိယပြည်မှာ ခရစ်(၆၀၀) လောက်က အစ္စလာမ်ဘာသာဝင် တစ်ဦးတစ်ယောက်မှမရှိဘဲ ယခုကုဋေချီရှိနေတယ်ဆိုတဲ့ သမိုင်းကို ပြောရင်ကော အမုန်းစကားလား? လက်ရှိအခြေအနေမှာ ဒီလိုမဟုတ်ဘူးလား?
(၇) အစ္စလာမ်ဘာသာဝင်တို့ နှစ်ပေါင်း(၇၀၀) ခန့်က အိန္ဒိယပြည်ကြီးကို စိုးမိုးအုပ်ချုပ်ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာမှ ရာထောင်မကသော အမျိုးသမီးတို့အား မတရားသောအဓမ္မပရိယာယ်အမျိုးမျိုးနဲ့ အစ္စလာမ်ဘာသာထဲကို ဆွဲသွင်းပြီး နှစ်ပေါင်း(၇၀၀) ခန့်က လူဖောက်သာသနာပြုလုပ်ငန်းတွေကို တွင်တွင်ကြီးလုပ်ခဲ့လို့ အစ္စလာမ် ဘာသာဝင်တွေ ယခုကုဋေချီ နေတာဆိုတဲ့သမိုင်းကို ပြောရင်ကော အမုန်းစကားလား? သမိုင်းကပြောတဲ့ အမှန်တရားတွေလား?
အညွန့်(လားရှိုး)
