မလေးရှားပြည်သူများ ကံကောင်းကြပါတယ်။
မလေးရှားအစိုးရရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုကို ခံယူနေရလို့ပါပဲ။
အိမ်ရှင်မလေးသူ မလေးသားတွေကိုတောင် မဟုတ်ပါဘူး။ ဧည့်သည် မူဆလင်တွေကိုပါ သားသမီးအရင်းပမာ စောင့်ရှောက်တတ်တာပါ။
မြန်မာပြည်မှာသာ အဲဒီလို အမှုမျိုးပေါ်ပေါက်ခဲ့ရင် ပြည်တွင်းကလည်း မျှမျှတတလုပ်ပေးပါတို့၊ ထိထိရောက်ရောက် လုပ်ပေးပါတို့နဲ့ အစိုးရကို ဖိအားပေးတော့တာပါပဲ။
UN ကဘယ်လို။
အမေရိကန်က ဘယ်လို။
HRW ကဘယ်လို။
OIC ကဘယ်လို။
တစ်သီကြီး လာကြတော့တာဗျ။
အစိုးရဆိုသူတွေကလည်း ကုလားကတစ်ခွန်းမပြောရသေးဘူး။ အရင်အရေးယူနှင့်နေပြီ။
UN ကမပြောရသေးဘူး-ကြောက်ဒူးတုံနေပြီ။
အမေရိကန်က မပြောရသေးဘူး-စိုးရိမ်ကြီးနေပြီ။
HRW က မပြောရသေးဘူး-တွေးပူပန်နေပြီ။
OIC ကမပြောရသေးဘူး-ထိတ်လန့်တုန်လှုပ်နေပြီ။
နောက်ဆုံးတော့ ဆန်ရင်းနာနာအဖွတ်ခံရတော့တာပါပဲ။ ကြာတော့ ဆန်ရင်းကလည်း ဆန်နဲ့တောင် မတူတော့ ပါဘူး။ ဖွဲဆန်ကွဲတောင် ဖြစ်လို့နေပါပြီ။
သြော်…..မြန်မာပြည်မှာ လူဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လိုက်တာနော်။ ကိုယ့်အိမ်မှာတောင် ကိုယ့်ဘဝမလုံခြုံ တဲ့ အဆင့်မျိုးပဲ။
အမျိုးစောင့်ဥပဒေကိုပဲ ကြည့်လေ။
ခွေးဟောင်တာကို ဂရုစိုက်နေလို့ အခုချိန်ထိ ဘာမှဖြစ်မလာခဲ့ဘူး။
ဦးပဉ္စင်းအချုပ်သားဘဝမှာ ထောက်လှမ်းရေးက စစ်ဆေးတာလေး ပြောရဦးမယ်။
အကောင်ကြီးကြီးတစ်ယောက်က ဦးဇင်းကို မေးပါတယ်။
ဘာလိုချင်လို့ အဲဒီလို ဟောရတာလဲ? တဲ့
“အိမ်ရှင်အခွင့်အရေး လို့” ပဲ တစ်ခွန်းတည်းပြောလိုက်တယ်။
သူကရှင်းပြပါဦးဆိုလို့ ရွှေမြန်မာတွေ အိမ်ရှင်ဖြစ်ပါလျက် အိမ်ရှင်အခွင့်အရေး မရခဲ့ကြတာတွေကို ရှည်ရှည်ဝေးဝေး ပြောပြလိုက်လို့ စစ်ချက်လေးတွေ ရေးမှတ်နေတုန်း အကောင်သေးသေးလေးက ဒေါနဲ့ မောနဲ့ ဝင်မေးတယ်ဗျ။
လမ်းလျှောက်ရင်း လက်သီးဆုပ်ရင်း မာမာတင်းတင်းမေးတာဗျ။
ကိုယ်တော်ဟောတာတွေက ကျနော်တို့ အစိုးရအပေါ်ရော မျှမျှတတရှိရဲ့လား?တဲ့။
“သားသမီးအရင်းကို ပစ်ထားပြီး တစိမ်းအပေါ်ကောင်းလွန်းနေတဲ့ မိဘကို သားသမီးအရင်းက ရန်တွေ့တဲ့ အဆင့်လောက်တော့ ရှိပါတယ်” လို့ပြောလိုက်တယ်ဗျ။
သတ္တဝါကလေး လက်သီးဆုပ်ပြေသွားပြီး မတ်တက်ရပ်ပြီး ငေါင်ငေါင်ကလေး ကြောင်ကြည့်နေတာ တွေ့ရတယ်ဗျ။
လုံးဝကို ဝင်မမေးတော့တာပါ။
စာရေးသူလေးစားသလို UN တို့ HRW တို့ USA တို့ တရားဥပဒေစိုးမိုးရေးဝါဒီတို့ကလည်း မလေးရှားကို လေးစားကြမှာပါဗျ။
ဘာကြောင့်လဲဆိုရင် မလေးရှားအစိုးရအပေါ် ဘာမှ ဖိအားမပေးရဲ မဝေဖန်ရဲကြလို့ပါပဲ။
ဒါကြောင့် လေးစားတယ် မလေးရှားရယ်။
အားလည်း ကျတယ်ဗျာ။
ဝီရသူ(မစိုးရိမ်)
23.7.2014
PM 6:46
“မလေးရှားရောက် မြန်မာများ အသတ်ခံရမှု တရားခံများ မဖမ်းမိ”
ရန်ကုန်၊ ဇူလိုင်
မလေးရှားနိုင်ငံတွင် ဇူလိုင်လအတွင်း ကွာလာလမ်ပူနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်အပါအဝင် မြန်မာလေးဦးသတ်ဖြတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ယင်းနိုင်ငံ အခြေစိုက် ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား သတ်ဖြတ်ခံရသည့် ဖြစ်ရပ်များတွင် တရားခံဖမ်းဆီးရမိခြင်း၊ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း ၄င်းကဆိုသည်။
“လူသတ်မှုတွေမှာ တရားခံဖမ်းရတယ်ဆိုတာ တစ်ခါမှမရှိဘူး” ဟု ဦးဆန်းဝင်းက ရှင်းပြသည်။
မြန်မာနိုင်ငံသားများ သတ်ဖြတ်သူများကို ဖမ်းဆီးအရေးယူရန် မြန်မာအစိုးရအနေနှင့် မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကို ဖိအားပေးရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်မှသာ မြန်မာနိုင်ငံသား များ လုံခြုံမည်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများက ပြောဆိုကြသည်။
မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ဘာတာဝတ်တွင် မြန်မာနိုင်ငံသား တရားမဝင်လုပ်သားများကို တရားမဝင် လမ်းကြောင်းက(အောက်လမ်း) နယ်ရပ်ပြန်ပို့ပေးသည့် ပွဲစားကိုတိုနီ ဇူလိုင်လ ၇ ရက်နေ့တွင် အသတ်ခံခဲ့ရပြီး ဇူလိုင်လ ၉ ရက်နေ့တွင် ကွာလမ်ပူနာရေး ကီူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင် ထပ်မံအသတ်ခံရသည်။
ဇူလိုင်လ ၁၀ ရက်နေ့မတိုင်မီအထိ မြန်မာနိုင်ငံသား စုစုပေါင်း လေးဦးသတ်ဖြတ်ခံခဲ့ရကြောင်း ကပုန်း ၇ ရက် သားသမီးနာရေးကူညီမှုအသင်းထံမှ သိရှိရသည်။