မေး(၅)။ ။ အစ္စလာမ်တစ်ချို့ကြောင့် ဖြစ်ပွားခဲ့ရတဲ့ မုဒိမ်းမှု ရာဇဝတ်မှု ဒုစရိုက်မှုတွေဟာ အစ္စလာမ်ထု တစ်ရပ်လုံးကို မထိခိုက်ဘဲ ကျူးလွန်သူကိုသာ ဦးဇင်းအနေနဲ့ ဝေဖန်တိုက်ခိုက်ပြီး တရားဥပဒေဘောင်အတွင်း က အပြစ်ပေးတာကို လက်ခံကြိုဆိုမယ့်အစ္စလာမ်ဘာသာဝင်တွေရှိပါတယ်။ မသက်ဆိုင်တဲ့သူတွေကို မထိ မခိုက်ဘဲ ရေးသားဟောကြားမှုမျိုး မလုပ်နိုင်ဘူးလားတဲ့။
ဖြေ-(၅) ဦးဇင်းအနေနှင့် ခြေမမကောင်းခြေမ လက်မမကောင်း လက်မပဲ သဘောထားလိုစိတ် ရှိပါတယ်။ မဆိုင်သူတွေကို မထိခိုက် မနစ်နာအောင်လည်း ရေးသားလိုပါတယ်။ ဒါကြောင့် “မုဒိမ်းမှုကျူးလွန်ခံခဲ့ရသော်” ဆိုတဲ့ လမ်းစဉ်လေး ဒကာရွှေကြည်ထံ ပေးပို့ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
အစ္စလာမ်တစ်ယောက်က ဗမာမိန်းကလေးကို မုဒိမ်းကျင့်တာနဲ့ အစ္စလာမ်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်နှင့် သာသနိက အဆောက်အအုံတွေကို ဥပဒေမဲ့ တုန့်ပြန်တာမျိုးဟာ မြန်မာလူမျိုးရဲ့ ပုံရိပ်၊ ဗုဒ္ဓဘာသာရဲ့ပုံရိပ်၊ မြန်မာပြည်ရဲ့ ပုံရိပ်ကို ထိခိုက်ကြောင်း အမြဲထည့်ဟောပါတယ်။
ကုလားစော်ကားတိုင်းသာ ဒီလိုပုံစံမျိုးနဲ့ တုန့်ပြန်ကြမယ်ဆိုရင် ဗမာလူမျိုး ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာ ရစရာတောင် ကျန်မှာမဟုတ်ဘူး။ ခေါင်းတောင်ဖော်ရဲမှာမဟုတ်ဘူးလို့ အမြဲတမ်းထည့်ဟောပါတယ်။
ဘုရားလည်းမကြိုက်၊ သံဃာလည်းအားမပေး၊ အစိုးရလည်းလက်မခံနိုင်တဲ့ ဥပဒေမဲ့ တုန့်ပြန်မှုမျိုးကို ရှောင်ကြဉ်ပြီး ၉၆၉ မူဝါဒ ၉၆၉ လမ်းစဉ်အတိုင်းသာ လျှောက်လှမ်းကြဖို့ အမြဲထည့်ဟောပါတယ်။
ဦးဇင်းတို့က ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပုံစံမျိုး သဘောထားပေမယ့် အစ္စလာမ်တွေက အဲလို သဘောထားရဲ့လား?
ကျီးကန်းတွေလို တစ်ကောင်ထိတာနဲ့ ဝိုင်းအာကြတာပဲ မဟုတ်လား?
ဥပမာ-ထောင်ထဲမှာ ဗမာနှင့်ကုလား ရန်ဖြစ်တယ်။ ဖြစ်တာကတစ်ယောက်ချင်း၊ အခန့်မသင့်လို့ဖြစ်ကြတာ။ မဖြစ်စေချင်ရင် ဝိုင်းဆွဲကြရမယ် မဟုတ်လား? မဆွဲချင် မဖြစ်ချင် မတားချင်တောင် ဝင်မပါဘဲ နေသင့်တယ် မဟုတ်လား?
အခုတော့ ရှိသမျှ ကုလားတွေက ဝိုင်းအုံရောက်လာပြီး တစ်ယောက်တည်းသမားကို ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက် ရိုက်နှက်ကြတော့တာပါပဲ။
မော်လမြိုင် ဇက်(ကူးတို့ယာဉ်)ပေါ်မှာလည်း အဲဒီလိုပဲ။
မိတ္ထီလာမှာလည်း အဲဒီလိုပဲ။
နေရာတကာမှာ အဲဒီလိုပဲ တွေ့နေရတယ်။
ကျောက်နီမော်က မုဒိမ်းကောင်ကို ရမ်းပြဲကုလားတွေက ဝှက်ပေးထားကြတယ်။
မန္တလေး ပုသိမ်ကြီးက သစ်ပင်ရေလောင်းလုပ်သား မုဒိမ်းကုလားနောက် ငွေထုပ်ပိုက်ပြီး လူမိုက်အားပေး လုပ်နေကြတယ်။ ဂေါက်ကွင်းအလုပ်သားက ငွေသိန်းတစ်ရာ တက်နိုင်ပါ့မလား?။ တရားရုံးအဆင့်လင့်ကို ငွေလိုက်ထားလို့ နှစ်နှစ်နီးပါးကြာခဲ့ပေမယ့် အခုအချိန်ထိ မုဒိမ်းကုလား ဇော်ကြီး(ခ) ပိုးပိုးကို ရုံးတင် စစ်ဆေးတာမျိုး မလုပ်ရသေးပါဘူး။
ဦးဇင်းတို့က ခြေမ မကောင်းခြေမ၊ လက်မ မကောင်းလက်မ သဘောထားပေမယ့် အစ္စလာမ်တွေက ငါ့အမျိုးမှ ငါ့အမျိုးဆိုပြီး အဲဒီပုတ်ပွနေတဲ့ ခြေမ လက်မကြီးကိုပဲ တသသနဲ့ ဖက်တွယ်ထားကြတာဗျာ။
နောက်တစ်ခုက သူတို့ရဲ့ ကျူးလွန်မှုတွေဟာ အစ္စလာမ်အားလုံးကို ကိုယ်စားမပြုပေမယ့် အစ္စလာမ်အားလုံးကို ကိုယ်စားပြုတဲ့ အစ္စလာမ်အဖွဲ့ချုပ်ကြီးမှာ တာဝန်မရှိဘူးလားဗျ။
အဲဒီအမှုတွေကြောင့် ဒီပြဿနာတွေ ဖြစ်လာတတ်တာကို သိလျက်နဲ့ ဘာကြောင့် တာဝန်မဲ့ နေနိုင်ကြတာလဲဗျ။
ဘာကြောင့် ရေငုံနှုတ်ပိတ်ကြည့်နေရက်တာလဲဗျ။
မိမဆုံးမ ဖမဆုံးမ သဘောမျိုး မသက်ရောက်ဘူးလားဗျ။
ဒကာရွှေကြည်လို ပူးပေါင်းဆောင်ရွက်တာမျိုး ဘာကြောင့် မလုပ်ကြတာလဲဗျ။
လိုရင်ဘုန်းဘုန်း၊ မလိုရင် ကတုံး- ပုံစံမျိုး ချိုးကြတာ ထမင်းစားကြီးပြင်းသူတိုင်း သိကြပါတယ်ဗျ။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲတွေ ပေါ်လစီအရ လုပ်ကြ။ ဗလီထဲဆွမ်းကပ်ပြီး သဘောထားကြီးယောင် ဆောင်ပြ။ ကမ္ဘာကြီးက အဟုတ်ထင်။
နိုင်ငံတကာ ဧည့်သည်တွေလာတော့ ဗမာမကောင်းကြောင်း၊ အစိုးရမကောင်းကြောင်း၊ ဘုန်းကြီးတွေ မကောင်းကြောင်း ပြောပြီး ငိုပြ။ ကမ္ဘာကြီးက ကရုဏာသက်သွား။
နိုင်ငံတကာ သတင်းသမားတွေကတော့ တံခါးပိတ်ရင်ဖွင့် လူနည်းစုတွေ လှိုင်လှိုင်ပြော၊ လူ့အခွင့်အရေးတွေ လှိုက်လှိုက်သုံး။
ကုလားတွေကို ကယ်ခဲ့တဲ့ ဘုန်းကြီးတွေကိုကျေးဇူးစကားဆိုရကောင်းမှန်းမသိ။
ဘုန်းကြီးတွေက ကုလားတွေကို ကယ်ခဲ့ကြောင်း မီဒီယာမှာ တစ်ခွန်းမှ မဟ။
မီဒီယာတွေက အထင်လွဲ။
သတင်းမှားကို အဟုတ်ထင်-၉၆၉ဘယ်လို၊ မဘသ ဘယ်လို၊ ဝီရသူဘယ်လို၊ ကြံ့ဖွတ်ဘယ်လို မဟုတ်ကဟုတ် ကတွေလွှင့်။
ဘယ်လိုလဲဗျ?
ခင်ဗျားတို့ရဲ့ သဘောထား။
မှားတာ မှန်တာ အပထား အစ္စလာမ်ထိရင် မခံချင်တဲ့စိတ်တွေက မထင်ရှားဘူးလား?
ဒါကြောင့်……..
အစ္စလာမ်အဖွဲ့ချုပ်ကြီး အလုပ်လုပ်ပါ။
အစ္စလာမ်တွေအားလုံး ခြေမ-လက်မ-ပုတ်ပွနေရင် ကမ္မဿကာ သဘောထားပါ။
အစ္စလာမ်ကောင်းတွေအားလုံး ဦးဇင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါလို့ပဲ ဖိတ်မန္တကပြုလိုက်ပါရစေ။
“မလို အကျိုး၊ ဆွေမျိုး မမည်၊ မကြည် မလင်၊ မကောင်း လျှင်မူ၊ ကိုယ်တွင် ဖြစ်ပွား၊ သွေးနှင့် သားလည်း၊ ကြီးမား စင်စစ်၊ ရန်သူဖြစ်၏။ အမြစ် အဥ၊ ဆေးအ စုကား၊ တခုသော်မျှ၊ ကိုယ်က မပါ၊ တောကလာလျက်၊ ချမ်းသာ ဆောင်တတ်၊ ကျိုးရှိ မြတ်၏။”(မဃဒေဝ။ ၂၂၀)
(ဆက်လက်ဖော်ပြပါမည်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)