18.7.2014 ရက်နေ့မှာ ရောက်လာတဲ့ စာလေးတစ်စောင်ပါ။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ငပရင်းကျောင်းက ဆရာတော်ဘုရားကြီးက ရေးပို့တဲ့စာပဲဖြစ်ပါတယ်။
ပုလဲမြို့ကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ မဘသ ဖွင့်ပွဲမှာရော၊ မြို့တရားပွဲမှာရော၊ ရွာတရားပွဲတွေမှာပါ ဆရာတော်ကြီးက ကြွရောက်ချီးမြှောက် သြဝါဒပေးတော်မူပါတယ်။ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ သတိပေးတော်မူပါတယ်။
အခုလို ချစ်သူဝိုင်းဝိုင်းလည်း အခြေအနေမျိုးမှာ ဆရာတော်ဘုရားကြီး ပိုပြီးစိုးရိမ်တော်မူခြင်း ဖြစ်ပါတယ်။
ဇာတ်လမ်းသဘောအရပဲဖြစ်ဖြစ်၊
လောကနိယာမသဘောတရားအရပဲဖြစ်ဖြစ်
အံ့ကျော်က ပီပြင်လေ ကျော်ဟိန်းကို ပိုချစ်လေပဲ မဟုတ်လား?။
ကျေးဇူးတင်ပါတယ်………
ခပ်ကြမ်းကြမ်း ချစ်သူများ ခင်ဗျာ…….။
ဝီရသူ(မစိုးရိမ်)
19.7.2014
PM 8:27
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
ပုလဲ ငပရင်းကျောင်းဘုန်းကြီးဦးဝိမလမှ စာရေးလိုက်ပါသည်။
အကြောင်းအရာ။ ။
မကြာခင်ရက်ပိုင်းအတွင်းက မန္တလေးမှာ ဗမာနှင့်မူစလင်များ ပဋိပက္ခများဖြစ်၍ (၇)မြို့နယ် ညမထွက်ရအမိန့် ထုတ်သည်လို့လည်း သိရပါသည်။
အရှင်ဘုရား ဦးဝိစိတ္တ၊ အရှင်ဘုရားကို မွတ်စလင်များက ပြစ်မှတ်ထားနေသည်ဟုလည်း ကြားနေရပါသည်။ အမျိုးဘာသာ သာသနာအတွက် သတိကြီးကြီးထား၍ ဆောင်ရွက်ပါ။
အမျိုးဘာသာ သာသနာအတွက် တရားဟောကြွရောက်သည့်အခါ လုံခြုံရေးပြည့်စုံမှ ကြွရောက်ပါလို့ အထူး တိုက်တွန်းလိုက်ပါသည်။
အမျိုးစောင့်ဥပဒေရဘို့ရန် လက်မှတ်များကို မြို့ပေါ်ရော တောရွာများပါ တပိုင်တနိုင် ကောက်ယူပေးခဲ့ပါသည်။
ကျန်းမာစွာနှင့် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နိုင်ပါစေ . . .။
ဦးဝိမလ
သက်တော်(၇၉)နှစ်၊
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
ငပရင်းပရိယတ္တိစာသင်တိုက်
ပုလဲမြို့၊ စစ်ကိုင်းတိုင်း။