အောင်ကျော်- အမှန်ပေါ့။ အဲမန္တလေးမှာ အကြမ်းဖက်မှုစပြီး ဖြစ်ပွားနေချိန် ဇူလိုင် ၂ ရက်နေ့ကထုတ်တဲ့ မန္တလေးတိုင်း မဘသ ရဲ့ ကြေညာချက်မှာဆိုရင် ပျဉ်းမနားမှာ အမှုဖွင့်တိုင်ကြားထားတဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး မစိုးစိုး အဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိအောင် သတင်းထုတ်ပြန်ပေးဖို့၊ အဓမ္မပြုကျင့်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ယောက်ကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး တောင်းဆိုတယ်လို့ ဖော်ပြထားတယ်။
လာကပေါ်- အင်- အဲဒီ အမှုက ရဲစခန်းတိုင်ထားဆဲ မဟုတ်လား။ ဒါတွေကို တရားရုံးက ဆုံးဖြတ်မှာပဲလေ။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အပြစ်ပေးခံရမယ်ပေါ့၊ ဟုတ်ဘူးလား။ အဲလိုရေးသားဖော်ပြလို့ မသင့်တော်ဘူးလေ။
အောင်ကျော်- အဲဒါအမုန်းတရား ဖြန့်ဖြူးနေတာပဲဆိုတာ လက်ခံပြီလား။
(မြန်မာသံတော်ဆင့် ၃/၁၈၊ ၁၂-၁၈၊ ၇၊၂၀၁၄)
ဒကာစည်သူအောင်မြင့် ထောက်ပြတဲ့ မန္တလေးတိုင်းကြေညာချက်ထဲက အချက်နှစ်ချက်လုံးဟာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုတဲ့ လိုလားချက်တွေပါပဲ။
ဒကာတို့ ကိုးကွယ်နေတဲ့ ဒုတိယဘုရားသခင်ကြီးတွင်တွင်ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဟာ တည်ငြိမ်အေး ချမ်းရေး အတွက် အမှန်တကယ်လိုအပ်တာပဲ မဟုတ်လား?
သစ်ထူးလွင်ဝက်ဆိုဒ်သတင်းပါ မစိုးစိုးဆိုတာ ဗမာလား ကုလားလား၊ တကယ်လား၊ လုပ်ကြံတာလား ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လေဗျာ။
ဗမာ မဟုတ်ခဲ့ရင် လုပ်ကြံတာဖြစ်ခဲ့ရင် နိုင်ငံရေးအမြင်နဲ့ပဲ တွေးကြည့်ပါဦး။
ထိခိုက်နစ်နာမှုတွေ ဖြစ်မကုန်နိုင်ဘူးလား?
ရဲစခန်းက ဖုန်းမကိုင်ဘူး။
စခန်းမှူးက ဖုန်းမကိုင်ဘူး။
မစိုးစိုးနဲ့ တွေ့ခွင့်မပေးဘူး။
ဒါတွေဟာ ပဟေဠိမဆန်ဘူးလား?
ဒကာစည်သူအောင်မြင့်တို့ ပြောသလိုမျိုးဆိုရရင် နိုင်ငံရေးလှည့်ကွက်လို့ အထင်မခံရနိုင်ဘူးလား?
ဝေဖန်ရေးဆရာကြီးလုပ်နေပြီး ဒီလောက်တောင် မြင်အောင်မကြည့်နိုင်တာ အံ့တယ်ဗျာ။
အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့ဆိုတာလည်း အမှန်တကယ်လိုအပ်တယ်လေ။
မုဒိမ်းသမားကို မဖမ်းနိုင်လို့ ပူညံပူညံ ဖြစ်ကြတာ မဟုတ်လား?
ဝီရသူတို့ FB မှာတင်ထားတဲ့ မုဒိမ်းမှုတွေကိုကြည့်လေဗျာ။
မုဒိမ်းကောင်တွေ ဖမ်းမိမှတင်တာတွေချည်းပဲ မဟုတ်လား?
ဘယ်လောက်စော်ကားခံရပေမယ့်၊ ဘယ်လိုစော်ကားခံရပေမယ့် မဘသ ဦးဆောင်လုပ်နေတယ်။ ၉၆၉ ဦးဆောင်လုပ်နေတယ်။ ဆရာတော်သံဃာတော်များက ဦးဆောင်လုပ်နေတယ်ဆိုတာ ထင်ထင်ရှားရှား သိမြင်သွားရင် ပြည်သူတွေဆိုတာ ကျေနပ်သွားကြတာပဲ မဟုတ်လား?
ဒီလိုဦးဆောင်သူတွေ ရှိနေတာတောင် မတရားဆုံးဖြတ်မှုတွေ ရှိလာတဲ့အခါမှာလည်း ဆူညံဆူညံ ကြားရပြန် တာပဲ မဟုတ်လား?
ထိထိရောက်ရောက် အပြစ်ပေးပြလိုက်တော့ ငြိမ်းသွားတာပေါ့ဗျ။
ခင်ဗျားတို့ပဲ တရားဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်ဆို……။
တည်ငြိမ်အေးချမ်းမှု မရှိရင် ဘာမှ အလုပ်မဖြစ်ပါဘူးဆို……။
ဘယ်လိုလဲ တရားဥပဒေစိုးမိုးရေး ဆိုတဲ့စကားကို တိုက်ခိုက်ဖို့ သက်သက်ပဲ ရည်ရွယ်ခဲ့ကြတာလား?
မုဒိမ်းကောင်ကို မှတ်လောက်သားလောက်အောင် ဆုံးမလိုက်မှ နောက်လူတွေ မကျူးလွန်ရဲမှာ မဟုတ်ဘူးလား?
စည်သူအောင်မြင့် နှမကို မုဒိမ်းကျင့်လာခဲ့ရင် စည်သူအောင်မြင့်က တရားမစွဲဘဲ နေမှာလား?
နှမချင်း စာနာပါဗျာ။
လူသားချင်း စာနာမှုဆိုတာကို ဝမ်းစာအတွက်ပဲ အသုံးချဖို့ ရည်ရွယ်ထားတာလား?
ဒီလောက်ဆိုရင် မန်းမဘသရဲ့ ကြေညာချက်က အမုန်းတရားကို ဖြန့်ဖြူးနေတာလား? ပြဿနာမဖြစ်စေလို၊ ပြဿနာ မကြီးထွားစေလို၊ တရားဥပဒေစိုးမိုးစေလို၊ တည်ငြိမ်အေးချမ်းစေလိုတာလား? ဆိုတာ ဒကာစည်သူ အောင်မြင့် သိလောက်ပါပြီနော်။
ဦးဇင်းရဲ့ စကားတွေဟာ ကျွဲပါးစောင်းတီး ပြသလိုဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်ပါဗျာ။
လယ်တီဆရာတော်ကြီးရဲ့ ဆုံးမစာလေးနဲ့ စည်သူအောင်မြင့်ကို ချီးကျူးစကား ဆိုလိုက်ဦးမယ်။
မင်းတို့ဉာဏ် တစ်မိုက်တစ်ထွာလောက်ရယ်နဲ့
ငြင်းဖို့သန်ရင် မိုက်ရာကျပေလိမ့်
စရိုက်သဘာဝရယ်နဲ့ ကျမ်းဂန်နွယ်
အိုမန်း သံထယ်ထယ်နှင့်
မာနတက်စရာအများ
စည်သူအောင်မြင့်ရယ်
ဟိုဂမ်း…..စွာကျယ်ကျယ်နှင့်
ဗာလ လက္ခဏာတစ်ပါး…………။
ဒကာစည်သူအောင်မြင့်တစ်ယောက် ဗာလ လက္ခဏာများ ပပျောက်နိုင်ပါစေ……။
ခွေးရူးသဖွယ် တွေ့တိုင်းတွယ်ဘဝမှ အမြန်လွတ်မြောက်နိုင်ပါစေ…….။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
18.7.2014
PM 5:26
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“လာကပေါ်၊ အောင်ကျော် ဆွေးနွေးခန်း” “(၇၀)” “အမုန်းကွန်ရက်”
လာကပေါ်-ကိုအောင်ကျော် အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီးရှိရမယ် စနစ်တကျကြံစည်သူ ရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲဒီအကြောင်း ဆွေးနွေးကြရအောင်။
အောင်ကျော်- အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စ မနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲဒါကို ဆွေးနွေးချင်သေးသလား။
လာကပေါ်- သူများတွေသိပ်ပြီး မေးကြ မြန်းကြလို့ပါဗျာ။
အောင်ကျော်- ကဲ အဲတော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရား ဖြန့်ဖြူးနေတာတွေဟာ တကယ့်ရေခံ မြေခံ ပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျား လက်ခံလား။
လာကပေါ်-လက်ခံတယ်။
အောင်ကျော်- ဒါဆိုရင် အခု Facebook လူမှုကွန်ရက် စာမျက်နှာမှာ မတူကွဲပြားပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ နဲ့ မန္တလေး မဘသ ခေါင်းဆောင် အရှင်ဝီရသူတို့ ရေးနေသားနေ ဖော်ပြနေတာတွေဟာ အမုန်းတရား ဖြစ်စေအောင် ဖန်တီးနေတာတွေကို ခင်ဗျားလက်ခံလား။
လာကပေါ်- နေမျိုးဝေကတော့ ရှင်းတယ်။ ဆဲလည်းဆဲတယ်။ ဒေါ်စုလိုမျိုးကိုတောင် သတ်လိုက် ဘာညာ ပြောတယ်။ အရှင်ဝီရသူကတော့ ဘာကြောင့် အဲဒီ စာရင်းထဲ ပါသွားရတာလဲ။
အောင်ကျော်- ခင်ဗျား ဝင်ဖတ်ကြည့်ပေါ့။ သူ့စာမျက်နှာကို ဖတ်ကြည့်လိုက်ရင် အစ္စလာမ်ဘာသာဝင်တွေဆို တာ မုဒိမ်းမှု ကျူးလွန်သူတွေ၊ ဗုဒ္ဓဘာသာဗမာတွေကို စော်ကားသူတွေ၊ အကြမ်းဖက် တိုက်ခိုက်သူတွေ၊ မကောင်းတဲ့သူတွေအဖြစ် မုန်းတီးစရာကောင်းအောင်၊ မြင်အောင်ဖော်ပြထားတာ တွေ့ရလိမ့်မယ် မဟုတ်ဘူးလား။
လာကပေါ်- အဲဒါတော့ ဟုတ်ပါတယ်။
အောင်ကျော်- နမူနာဗျာ။ မန္တလေးက အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှစ်ယောက် ပျဉ်းမနားမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းထွက်တယ်။ ဒီတော့ အရှင်ဝီရသူတို့က ပျဉ်းမနား မ.ဘ.သကို အဲဒီကိစ္စ စုံစမ်းခိုင်းတယ်။ ရဲစခန်းမှာ ဖွင့်ထားတဲ့ အမှုနံပါတ်ရတော့ အဲဒီကိစ္စ ဖေ့စ်ဘုတ်မှာရေးတင်တယ်။ ဆိုတော့ အခု (၆)လပတ် မြန်မာနိုင်ငံမှာ မုဒိမ်းမှုစုစုပေါင်း ၃၈၀ လောက်ဖြစ်တယ်။ အရှင်ဝီရသူတို့က ဘာကြောင့် အဲဒီ မုဒိမ်းမှုကိုမှ စုံစမ်းတာ၊ ဖေ့စ်ဘုတ်ပေါ်တင်ပြီး ဖြန့်ဖြူးတာလုပ်ရသလဲ။ အဲဒါ ဘုရားသားတော်သံဃာတွေရဲ့ အလုပ်လား။
လာကပေါ်-အင်း၊ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူဟာ အစ္စလာမ်ဘာသာဝင်မို့လို့ ဖြစ်မှာပေါ့။
အောင်ကျော်- အမှန်ပေါ့။ အဲမန္တလေးမှာ အကြမ်းဖက်မှုစပြီး ဖြစ်ပွားနေချိန် ဇူလိုင် ၂ ရက်နေ့ကထုတ်တဲ့ မန္တလေးတိုင်း မဘသ ရဲ့ ကြေညာချက်မှာဆိုရင် ပျဉ်းမနားမှာ အမှုဖွင့်တိုင်ကြားထားတဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး မစိုးစိုး အဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိအောင် သတင်းထုတ်ပြန်ပေးဖို့၊ အဓမ္မပြုကျင့်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ယောက်ကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး တောင်းဆိုတယ်လို့ ဖော်ပြထားတယ်။
လာကပေါ်- အင်- အဲဒီ အမှုက ရဲစခန်းတိုင်ထားဆဲ မဟုတ်လား။ ဒါတွေကို တရားရုံးက ဆုံးဖြတ်မှာပဲလေ။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အပြစ်ပေးခံရမယ်ပေါ့၊ ဟုတ်ဘူးလား။ အဲလိုရေးသားဖော်ပြလို့ မသင့်တော်ဘူးလေ။
အောင်ကျော်- အဲဒါအမုန်းတရား ဖြန့်ဖြူးနေတာပဲဆိုတာ လက်ခံပြီလား။
လာကပေါ်- လက်ခံပါပြီ။
အောင်ကျော်- ကျွန်တော်ဆက်ပြောမယ်။ မန္တလေး မဘသအဖွဲ့ဆိုတာ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့ထဲကတစ်ဖွဲ့။ အဲ…. ဦးနေမျိုးဝေကလည်း မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ၅၉(စ)ဆက်ပြီးထားရှိရေး ဟောပြောနေတဲ့သူပဲဗျ။
လာကပေါ်- ပုဒ်မ ၅၉(စ) ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ထားတဲ့ ဥပဒေ ပုဒ်မ မဟုတ်လားဗျာ။
အောင်ကျော်- ဒါပေါ့။ နောက်ရှမ်းမြောက် မဘသ၊ မန္တလေး မဘသနဲ့ ရန်ကုန်က မကွေးကျောင်းတိုက် ဆရာတော်တို့ဆိုရင် အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ကာတာအခြေစိုက် အော်ရီဒူးဖုန်းဆင်းကတ်တွေ မသုံးဖို့၊ အဲဒီနံပါတ်နဲ့ ဝင်လာတဲ့ ဖုန်းတွေကိုလည်း မကိုင်ဖို့ လှုံ့ဆော်လှုပ်ရှားမှု ပြုနေတယ်ဆိုတာလည်း ခင်ဗျားသိတယ် မဟုတ်လား။
လာကပေါ်-အင်း. . . သတင်းမီဒီယာတွေမှာ ဖော်ပြလို့ ဖတ်ရ၊ သိရပါတယ်ဗျာ။
အောင်ကျော်- အဲဒါလည်းအမုန်းတရားကို လှုံ့ဆော်တာမဟုတ်ဘူးလားဗျာ။ အဲတော့ ဆက်ပြောမယ်။ မကွေးကျောင်းတိုက်ဆရာတော်က ရန်ကုန်မှာ အော်ရီဒူးဆန့်ကျင်ရေးပွဲလုပ်တော့ အဲဒီမှာဟောပြောသူက ဓမ္မာစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်။ သူတို့ကလည်း အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အမုန်းတရားတွေ အကြီးအကျယ်ပြောကြတယ်။
လာကပေါ်-သြော်။
အောင်ကျော်-နောက် ဦးနေမျိုးဝေတို့ ၅၉(စ) ထောက်ခံရေး၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ဟောပြောပွဲတွေကို အမြဲတမ်း တက်ရောက်အားပေးထောက်ခံနေသူကတော့ ပြည့်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းပဲဗျ။ အဲဒီလိုပွဲတွေမှာ NDF ပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်လည်း ပါလိုက်သေး။
လာကပေါ်- ဘာတွေလဲဗျ။ ခင်ဗျားဟာ။ မန္တလေးအကြမ်းဖက်မှု၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ အရှင်ဝီရသူ၊ ဦးနေမျိုးဝေ၊ ရှမ်းမြောက်မဘသ၊ မန္တလေးမဘသ၊ ရန်ကုန် မကွေးကျောင်းတိုက် ဆရာတော်၊ မဘသ အဖွဲ့ကြီး အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမြဲတမ်း ဟောပြောနေတဲ့ ဓမ္မစက္က ဦးမောင်မောင်၊ ရှေ့နေကြီး ဦးအေးပိုင်၊ ပြည်ခိုင်ဖြိုး ဦးအောင်သိန်းလင်း၊ NDF ခေါ်ခင်ဝိုင်းကြည် ဘာတွေလဲဗျ။ ရှုပ်ကုန်ပြီ။
အောင်ကျော်- အမုန်းကွန်ရက်လေဗျာ။ အမုန်းကွန်ရက် ဟားဟားဟားဟား။
စည်သူအောင်မြင့်။
အတွဲ-၃၊ အမှတ်(၁၈)၊ ဇူလိုင်၁၂-၁၉၂၀၁၄ ထုတ် မြန်မာသံတော်ဆင့်မှ။
(အမှတ်စဉ်အလိုက် ဖော်ပြပေးသွားပါမည်။)