Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဒိုင်းမွန်းရွှေကြည် . . . သို့”

$
0
0


၁။ မေး(၁) ။     ။ ဦးဇင်း မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ မြန်မာဗုဒ္ဓဘာသာတွေနဲ့ ငတ်အတူ သေအတူ လွတ်လပ်ရေးကြိုးပမ်းစဉ်ကလည်း အတူကြိုးစားရုန်းကန်ပြီး အေးအတူပူအမျှ နေထိုင်လာခဲ့ကြတဲ့ မြန်မာပြည်ဖွား အစ္စလာမ်မျိုးဆက်တွေကို ဘာကြောင့် မုန်းတီးအောင် လှုံ့ဆော်နေတာပါလဲ။

အဖြေ(၁)။       ။ သတင်းမှန်မဟုတ်ဘဲ လုပ်ကြံတာကိုမှ လှုံ့ဆော်တယ်လို့ ဆိုရမှာပါ။
          သတင်းမှန်တင်တာကို လှုံ့ဆော်တယ်လို့ ယူဆရင် ကမ္ဘာကြီး အမှောင်ကျသွားတော့မှာပေါ့။
          ကမ္ဘာကြီးကို တစ်ဖက်ကန်း- စုံလုံးကန်းဘဝမျိုး မရောက်စေချင်ဘူး။
          ကျူးလွန်သူဘက်ကကြည့်ပြောရင် အမုန်းတရားတို့၊ လှုံ့ဆော်တာတို့ ထင်မြင်ရပေမယ့် အစော်ကား ခံရသူဘက်က ကြည့်ပြန်တော့ အသိပေးရုံ၊ အကူအညီတောင်းရုံ၊ တိုင်ကြားရုံ အဆင့်ပဲ ရှိပါသေးတယ်ဗျာ။
ကိုလိုနီအပြုခံခဲ့ရတဲ့ သမိုင်းတွေ ရေးသား/ပို့ချ/ဟောပြောကြတာတွေက ဘာရည်ရွယ်ချက်နဲ့လဲ?
ကိုယ် အ,တာ၊ ကိုယ်ခံခဲ့ရတာ လူသိစေချင်ရုံသက်သက်ပဲလား?
နောင်အစဉ်ရှောင်ကြည်စေဖို့ သင်္ခန်းစာယူခိုင်းတာတွေလည်း မပါနိုင်ဘူးလား?
အေးတူပူအမျှ နေထိုင်လာကြသူတွေကို သွေးရင်းသားရင်းလို့ပဲ သဘောထားပါတယ်ဗျာ။
ရန်သူနှင့်မိတ်ဆွေ ကွဲပြားစေချင်လို့ပါ။
ဂျီဟဒ်ဝါဒီ ကုလားဆိုးတွေဟာ မြန်မာပြည်ရဲ့ ရန်သူတွေပါပဲ။
သူတို့ကို ထောက်ခံအားပေးသူ၊ ကြိတ်ပြီးဝမ်းသာနေသူ၊ စိတ်ထဲက သဘောတူနေသူတွေဟာလဲ မြန်မာပြည်ရဲ့ ရန်သူတွေပါပဲ။
မြန်မာပြည်ဖွား အစ္စလာမ်မျိုးဆက်တွေ အမှန်တကယ် အမိမြေကိုချစ်ပါတယ်ဆိုရင်၊ အမှန်တကယ် အေးတူပူမျှ နေချင်သပဆိုရင် ရိုဟင်ဂျာဆိုတာတွေကို ကန့်ကွက်ပေးပါ။
ရခိုင်နှစ်ကြိမ် ဂျီဟဒ်လုပ်တာကို ရှုတ်ချပေးပါ။
မိန်းကလေးတွေကို ပစ်မှတ်ထားပြီး၊ ပြဿနာရှာ ရန်စနေတာတွေကို ထိန်းချုပ်ပေးပါ။
ဒါဆိုရင် ဟိန္ဒူတွေကို ချစ်သလိုမျိုး ချစ်ပါ့မယ်။

၂။ မေး(၂)။      ။ ပစ္စပ္ပန်မှာ မြန်မာနိုင်ငံအတွင်း မြန်မာဗုဒ္ဓဘာသာနဲ့ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ပြည်တွင်းစစ် ရှည်ကြာခဲ့လို့ တိုင်းပြည်ဆင်းရဲတွင်းရောက်ခဲ့ရပါတယ်။ ရှေ့ဆက်လည်း ကုလားအရေးတွေနဲ့ အနာဂတ်မှာ အမုန်းမပွားအောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဦးဇင်းအကြံဉာဏ်ကောင်းများ ရှိရင် ရှင်းပြပေးပါ။

အဖြေ(၂)။       ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူတွေ ချမှတ်ထားသလို၊ တရားတွေလည်း ဟောပါတယ်။ သြဝါဒတွေလည်း ပေးပါတယ်။ စာတွေလည်း ရေးပါတယ်။
(က) နိုင်ငံ့အပေါ် သစ္စာစောင့်သိရမယ်။ (နိုင်ငံတော်အလံကို ရိုသေလေးစားရမယ်)
(ခ) ပြည်သူလူထုရဲ့ ကျေးဇူးတရားကို သိတတ်ရမယ်။
(ဂ) မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားလေးစားရမယ်။
(ဃ) ကိုယ့်လူမျိုးမှတပါး အခြားလူမျိုးကို လူမထင်တဲ့အချိုးမျိုး ရှောင်ကြဉ်ရမယ်။
(င) မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးရမယ်။
(စ) တိုင်းရင်းသူများကို မုဒိမ်းကျင့်ခြင်း၊ ရဟန်းသံဃာကို စော်ကားပြစ်မှားခြင်း၊ ပြည်သူလူထုကို အုပ်စုဖွဲ့ အကြမ်းဖက်ခြင်းတွေကို ရှောင်ရမယ်။
တစ်ခွန်းတည်းပြောရရင် - ဟိန္ဒူတွေလို သဟဇာတဖြစ်အောင် နေနိုင်ရမယ်။

၃။ မေး(၃)။      ။ ဦးဇင်းဟာ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်တွေအတွက် ရပ်တည်အကာအကွယ်ပေးတယ် ဆိုပြီး တစ်ခြား လူမျိုးကိုတော့ မဝေဖန်ပဲ အစ္စလာမ်ဘာသာကိုဘဲ တိုက်ခိုက်နေတာတွေ့ရပါတယ်။ အစိုးရရဲ့ တရားဥပဒေက မြန်မာလူမျိုး ဗုဒ္ဓဘာသာကို အစ္စလာမ်နဲ့ပိုပြီး အကာအကွယ်ပေးထားပါလျှက်နဲ့ ဦးဇင်းရဲ့ ဖေဘုတ်(ခ်)အရေးအသားတွေကို ဖတ်မိသူတွေက ဦးဇင်းဟာ တရုတ်တွေရဲ့ အထောက်အပံ့ကို ရယူလက်ခံ နေသူလို့ စွပ်စွဲနေကြသလို ဒီမိုကရေစီမလိုလားသော ဘုန်းကြီးလို့လဲ စွပ်စွဲနေတာကို ဦးဇင်း ဘယ်လို ဖြေမလဲ။

အဖြေ(၃)။       ။ တရုတ်က တိုင်းရင်းသူများကို မုဒိမ်းကျင့်ရင်၊ တရုတ်က ဗုဒ္ဓဘာသာကို စော်ကားရင်၊ တရုတ်က ဗုဒ္ဓသာသနာကို ဖျက်ဆီးရင်၊ တရုတ်က ဂျီဟဒ်လို စီမံကိန်းမျိုး ရှိလာရင် တရုတ်တွေကိုလည်း ဒီအတိုင်းပဲ တုန့်ပြန်သွားမှာပါ။ ကုလားဆိုးကို တုန့်ပြန်မှုအောက် မလျော့စေရပါဘူး။
ခေတ်အဆက်ဆက်သော အစိုးရတွေဟာ တိုင်းပြည်လုံခြုံရေး၊ တိုင်းရင်းသားလုံခြုံရေးတွေကို တန်ဖိုးမထားခဲ့ ကြ။ တာဝန်မကျေခဲ့ကြပါဘူး။ ဒါကြောင့် မြန်မာလူမျိုးကို ကုလားဆိုးတို့ စိတ်တိုင်းကျ ဝါးမျိုခွင့်၊ ဗုဒ္ဓဘာသာကို စိတ်တိုင်းကျ စော်ကားခွင့်၊ ဗုဒ္ဓသာသနာကို စိတ်တိုင်းကျ ဖျက်ဆီးခွင့်ရနေခဲ့တဲ့အပြင် ရခိုင်တိုင်းရင်းသားတွေကို ဂျီဟဒ်လုပ်ပြီး မောင်းထုတ်တဲ့အဆင့်ထိတောင် အတင့်ရဲလာကြခြင်း ဖြစ်ပါတယ်။
ကုလားတွေက သားသမီးအရင်းနှင့်တန်းတူ အခွင့်အရေးကျတော့ လိုချင်တယ်။ ဇွတ်တောင်းတယ်။ သားသမီး အရင်းလို နေထိုင်တတ်ဖို့ကျတော့ စိတ်ကူးတာမျိုးတောင် မရှိကြဘူး။
ပိုဆိုးတာက မွေးစားမိဘကို မကျေနပ်တာနဲ့ သားသမီးအရင်းတွေကို စော်ကား ပြစ်မှား ရမ်းကားဖျက်ဆီးနေကြ ခြင်းပဲ ဖြစ်ပါတယ်။
မူဆလင် အစ္စလာမ်ချင်းအတူတူဖြစ်တာတောင် မြန်မာပြည်မှ မူဆလင်များကို ဆော်ဒီမူဆလင်များက တန်းတူအခွင့်အရေး ပေးပါသလား? တလေးတစားကော ဆက်ဆံပါရဲ့လား? လူလိုသူလိုကော သဘောထားပါ ရဲ့လား?
မဟုတ်တရုတ်ဆိုတဲ့အတိုင်း တရုတ်တွေမှာလည်း မဟုတ်တာတွေ ရှိနေတာပါပဲ။
တိုင်းရင်းသူတွေကို ပစ်မှတ်ထား မုဒိမ်းကျင့်တာ
ဗုဒ္ဓဘာသာကို စော်ကားမော်ကား ပြုလုပ်တာ
ဗုဒ္ဓသာသနာကို ဖျက်လိုဖျက်ဆီး ပြုလုပ်တာ . . .
စတာတွေ မရှိသေးလို့ ဦးစားပေးပစ်မှတ် မသတ်မှတ်သေးခြင်းပဲ ဖြစ်ပါတယ်။
ဝီရသူကို ငွေကြေးနှင့် မောင်းနှင်လို့ မရသလို -
အန္တရာယ်နှင့် ဟန့်တားလို့လည်း မရဘူးလို့ မှတ်လိုက်ပါ။
ဝီရသူမှာ ဝင်ငွေ/ထွက်ငွေ စာရင်း အမြဲ ရှိပါတယ်။ မည်သူမဆို လာရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ ကုလားဖြစ်စေ၊ ဗမာဖြစ်စေ စာရင်းလာစစ်ပြီးရင်တော့ အမှန်အတိုင်း ကြေညာပေးရပါမယ်။
ဝီရသူမှာ တရုတ်လည်းမရှိ။ ခရိုနီလည်းမရှိ။
အင်္ဂလိပ်လည်း မရှိ၊ အမေရိကန်လည်း မရှိ။
ဝီရသူဆိုတာ ပြည်သူ့စပွန်ဆာနှင့် ပြည်သူကို အလုပ်အကျွေးပြုနေတဲ့ ပြည်သူ့ဘုန်းဘုန်း တစ်ပါးပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီ လိုလားပါတယ်။
အာမခံချက်ရှိတဲ့ ဒီမိုကရေစီတော့ ဖြစ်ရမယ်။
ကိုဆိုဗိုလို၊ ထိုင်းတောင်ပိုင်းလို ဒီမိုကရေစီမျိုးဆိုရင်တော့ တာ့တာပါပဲ။
စင်္ကာပူလို၊ မလေးရှားလို ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင် လုံခြုံရေးအတွက် အပြည့်အဝ အာမခံချက်ရှိတဲ့ ဒီမိုကရေစီမျိုးဆိုရင်တော့ welcome ပါ။
အင်္ဂလန်ဒီမိုကရေစီ၊ အမေရိကန် ဒီမိုကရေစီကို အထင်ကြီးပြီး ပုံတူကူးချမယ်ဆိုရင်တော့ သူတို့ကို မေးလိုက်မယ် မြန်မာပြည်သူတွေဟာ လိပ်ပြည်သူ၊ ကန်ပြည်သူတွေလို အသိဉာဏ် အဆင့်အတန်း မြင့်ပြီလား? ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိပြီလား ? ဆိုတာပါပဲ။
ဒါကြောင့် ကာလဒေသနှင့်လိုက်ဖက်တဲ့ အာမခံချက်ပြည့်ဝတဲ့ ဒီမိုကရေစီဆိုရင် လာခဲ့။
ပုံတူကူးချ ဒီမိုကရေစီဆိုရင်တော့ မလာနဲ့လို့ ပြောလိုက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
18.7.2014
AM – 9:46 


Viewing all articles
Browse latest Browse all 2129

Trending Articles