Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စည်သူအောင်မြင့်ဆိုတာ ခွေးရူးပါကွာ(၂)”

$
0
0
လာကပေါ်-ကိုအောင်ကျော် အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီးရှိရမယ် စနစ်တကျကြံစည်သူ ရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲဒီအကြောင်း ဆွေးနွေးကြရအောင်။
အောင်ကျော်- အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စ မနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲဒါကို ဆွေးနွေးချင်သေးသလား။
လာကပေါ်- သူများတွေသိပ်ပြီး မေးကြ မြန်းကြလို့ပါဗျာ။
အောင်ကျော်- ကဲ အဲတော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရား ဖြန့်ဖြူးနေတာတွေဟာ တကယ့်ရေခံ မြေခံ ပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျား လက်ခံလား။
လာကပေါ်-လက်ခံတယ်။
(အတွဲ၃၊ အမှတ်-၁၈၊ 12-187.2014)



မီဒီယာဆိုတာ မတူညီတဲ့ နယ်ပယ်အသီးသီးရဲ့ အမြင်တွေကို ဓမ္မာဓိဋ္ဌာန်ကျကျ ချပြဖို့ပဲ တာဝန်ရှိတယ်။ ဘက်ပေါင်းစုံ ခြုံငုသုံးသပ်လို့ရတဲ့အဖြေကို ဖွင့်ချဖို့ပဲ တာဝန်ရှိတယ်။
မီဒီယာဆိုတာ အားလုံးရဲ့ အပြင်ဘက်ကလူ။ အားလုံးရဲ့ အပေါ်စီးကလူ။ အဲဒီလိုမဟုတ်ဘဲ ဘက်တစ်ဖက်တည်းမှ ရပ်တည်-ဘက်တစ်ဖက်တည်းကိုပဲ ကာကွယ်နေမယ်ဆိုရင် ဒိုင်လူကြီးက ဝင်ကန်နေသလိုဖြစ်သွားပြီ။
ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ မီဒီယာမျက်စိနဲ့ပဲ ချဉ်းကပ်ရမယ်။ ပုဂ္ဂိုလ်ရေးမျက်စိနဲ့ မချဉ်းကပ်ရဘူး။ ဒါကို စာနယ်ဇင်းပညာလို့ ခေါ်တယ်။
စာနယ်ဇင်းပညာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချဖို့ရည်ရွယ်ပြီး တမင်သက်သက် ရေးသားတယ်ဆိုရင် သတင်းစာမဟုတ်တော့ဘူး။ တစ်ဖက်ကန်းစာပေ။ စုံလုံးကန်းစာပေဖြစ်သွားပြီ။
အကြမ်းဖက်မှုနောက်ကွယ်မှာ လက်မည်းကြီးတွေရှိရမယ်။ ဆိုတဲ့ အမြင်မျိုးက နိုင်ငံရေးအသိုင်းအဝိုင်း တစ်ခုတည်းမှာပဲ ရှိတာမဟုတ်ဘူး။ နယ်ပယ်အသီးသီးမှာ အဲဒီအမြင်တွေ ရှိကြတယ်။ ဒါတွေကို စုစည်းပြနိုင်မှ စာနယ်ဇင်းသမားပီသမယ်။ အဖြေအတိအကျရမယ်။ သံသယရှင်းမယ်။ နောက်ဆုံး ရာနှုန်းပြည့်မဟုတ်တောင်မှ အမှန်တရားနဲ့ နီးစပ်ဆုံး အဖြေကို ချပြနိုင်ရမယ်။ ဒါမှ ဂျာနယ်လစ်သမားဖြစ်မယ်။ အဲဒီလိုမဟုတ်ရင် စွာကျယ်ထစ် ဖြစ်သွားနိုင်တယ်။
နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်တယ်။
တိုင်းပြည်ကို ဆူဆူပူပူဖြစ်အောင် လုပ်တယ်။
အစိုးရ အကြပ်အတည်းတွေ့အောင် လုပ်တယ်။
ဒီလို အမြင်မျိုးတွေ ဘယ်အသိုင်းအဝိုင်းမှာ ရှိနေလဲ? စည်သူအောင်မြင့် စုံစမ်းဖူးသလား?
၄၃၆ ကို ဟန့်တားတယ်။
အာရုံလွှဲတာပဲ ဖြစ်မယ်။
ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေတယ်။
ဒီလိုအမြင်မျိုးတွေကတော့ ရိုးအီလို့နေပါပြီ။
အပေါ်ယံနိုင်ငံရေးသမားတွေရဲ့ ခေါက်ရိုးကျိုးနေဆဲ အမြင်ဟောင်းကြီးပါ။ ဝေဖန်လေကန် အသိုင်းအဝိုင်းထဲ ကပေါ့။ အဲဒီထဲ စာနယ်ဇင်းသမားတော်တော်များများလည်း ပါကြတယ်။ စည်သူအောင်မြင့်ဆိုတဲ့ ခွေးရူးလေးလည်း ပါတယ်။
ဝီရသူကို၊ ၉၆၉ ကို၊ မဘသကို ဖြိုချင်လို့ တမင်ဖန်တီးတာ။
ဝီရသူကို လုပ်ကြံတာ၊
၉၆၉ ကိုလုပ်ကြံတာ၊
မဘသ ကိုလုပ်ကြံတာ၊
ဝီရသူကို သတ်ချင်လို့၊
ဝီရသူကို ဖမ်းစေချင်လို့ မန္တလေးကို ရွေးလုပ်တာ
ဘာလူမျိုးရေး၊ ဘာသာရေးမှ မဟုတ်ဘူး-ဂျီဟဒ်လုပ်တာ။
စနစ်တကျ ကြိုတင်ပြင်ဆင်ထားတာ။
ဒါဟာ မူဆလင်ထောင်ချောက်ပဲ။
အစွန်းရောက် ထောင်ချောက်ပဲ။
ဒီလို အမြင်မျိုးတွေ ဘယ်အသိုင်းအဝိုင်းမှာရှိနေတယ်။
ရာနှုန်းဘယ်လောက်တောင် များနေတယ်ဆိုတာကိုရော စည်သူအောင်မြင့် လေ့လာဖူးသလား?
ဒီအမြင်တွေ ရထားပြီးတဲ့အခါ ဘယ်အမြင်က လက်တွေ့ကျတယ်၊ ဘယ်အမြင်က ဖြစ်နိုင်ခြေများတယ်။ ဘယ်အမြင်က အထောက်အထား အားကောင်းတယ်ဆိုတာ ဘယ်အမြင်က အစဉ်အလာရှိခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ရမယ်။
အဲဒီအဆင့်ကိုတော့ မြန်မာ့ဂျာနယ်လစ်တ်တွေ လုံးဝကို မရောက်နိုင်သေးပါဘူး။ ငွေအား လူအား အချိန်အား အကြံဉာဏ်အား နည်းပညာအားတွေ အများကြီးသုံးရမှာ မဟုတ်လား?
ဒါဆိုရင် မမှန်ကန်တောင် မျှတအောင် ရေးရမှာပေါ့။
မျှမျှတတ မရေးဘဲ တစ်ဖက်စောင်းနင်းရေးလိုက်တော့ ခွေးရူးသဖွယ်တွေ့တိုင်းတွယ် အဆင့်ရောက်သွားတာ ပေါ့။
ဒကာ စည်သူအောင်မြင့်တစ်ယောက်
ခွေးရူးသဖွယ် တွေ့တိုင်းတွယ်ဘဝမှ
အမြန်လွတ်မြောက်နိုင်ပါစေ…….။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
14.7.2014
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^





“လာကပေါ်၊ အောင်ကျော် ဆွေးနွေးခန်း” “(၇၀)” “အမုန်းကွန်ရက်”
လာကပေါ်-ကိုအောင်ကျော် အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီးရှိရမယ် စနစ်တကျကြံစည်သူ ရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲဒီအကြောင်း ဆွေးနွေးကြရအောင်။
အောင်ကျော်- အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စ မနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲဒါကို ဆွေးနွေးချင်သေးသလား။
လာကပေါ်- သူများတွေသိပ်ပြီး မေးကြ မြန်းကြလို့ပါဗျာ။
အောင်ကျော်- ကဲ အဲတော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရား ဖြန့်ဖြူးနေတာတွေဟာ တကယ့်ရေခံ မြေခံ ပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျား လက်ခံလား။
လာကပေါ်-လက်ခံတယ်။
အောင်ကျော်- ဒါဆိုရင် အခု Facebook လူမှုကွန်ရက် စာမျက်နှာမှာ မတူကွဲပြားပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ နဲ့ မန္တလေး မဘသ ခေါင်းဆောင် အရှင်ဝီရသူတို့ ရေးနေသားနေ ဖော်ပြနေတာတွေဟာ အမုန်းတရား ဖြစ်စေအောင် ဖန်တီးနေတာတွေကို ခင်ဗျားလက်ခံလား။
လာကပေါ်- နေမျိုးဝေကတော့ ရှင်းတယ်။ ဆဲလည်းဆဲတယ်။ ဒေါ်စုလိုမျိုးကိုတောင် သတ်လိုက် ဘာညာ ပြောတယ်။ အရှင်ဝီရသူကတော့ ဘာကြောင့် အဲဒီ စာရင်းထဲ ပါသွားရတာလဲ။
အောင်ကျော်- ခင်ဗျား ဝင်ဖတ်ကြည့်ပေါ့။ သူ့စာမျက်နှာကို ဖတ်ကြည့်လိုက်ရင် အစ္စလာမ်ဘာသာဝင်တွေဆို တာ မုဒိမ်းမှု ကျူးလွန်သူတွေ၊ ဗုဒ္ဓဘာသာဗမာတွေကို စော်ကားသူတွေ၊ အကြမ်းဖက် တိုက်ခိုက်သူတွေ၊ မကောင်းတဲ့သူတွေအဖြစ် မုန်းတီးစရာကောင်းအောင်၊ မြင်အောင်ဖော်ပြထားတာ တွေ့ရလိမ့်မယ် မဟုတ်ဘူးလား။
လာကပေါ်- အဲဒါတော့ ဟုတ်ပါတယ်။
အောင်ကျော်- နမူနာဗျာ။ မန္တလေးက အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှစ်ယောက် ပျဉ်းမနားမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းထွက်တယ်။ ဒီတော့ အရှင်ဝီရသူတို့က ပျဉ်းမနား မ.ဘ.သကို အဲဒီကိစ္စ စုံစမ်းခိုင်းတယ်။ ရဲစခန်းမှာ ဖွင့်ထားတဲ့ အမှုနံပါတ်ရတော့ အဲဒီကိစ္စ ဖေ့စ်ဘုတ်မှာရေးတင်တယ်။ ဆိုတော့ အခု (၆)လပတ် မြန်မာနိုင်ငံမှာ မုဒိမ်းမှုစုစုပေါင်း ၃၈၀ လောက်ဖြစ်တယ်။ အရှင်ဝီရသူတို့က ဘာကြောင့် အဲဒီ မုဒိမ်းမှုကိုမှ စုံစမ်းတာ၊ ဖေ့စ်ဘုတ်ပေါ်တင်ပြီး ဖြန့်ဖြူးတာလုပ်ရသလဲ။ အဲဒါ ဘုရားသားတော်သံဃာတွေရဲ့ အလုပ်လား။
လာကပေါ်-အင်း၊ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူဟာ အစ္စလာမ်ဘာသာဝင်မို့လို့ ဖြစ်မှာပေါ့။
အောင်ကျော်- အမှန်ပေါ့။ အဲမန္တလေးမှာ အကြမ်းဖက်မှုစပြီး ဖြစ်ပွားနေချိန် ဇူလိုင် ၂ ရက်နေ့ကထုတ်တဲ့ မန္တလေးတိုင်း မဘသ ရဲ့ ကြေညာချက်မှာဆိုရင် ပျဉ်းမနားမှာ အမှုဖွင့်တိုင်ကြားထားတဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး မစိုးစိုး အဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိအောင် သတင်းထုတ်ပြန်ပေးဖို့၊ အဓမ္မပြုကျင့်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ယောက်ကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး တောင်းဆိုတယ်လို့ ဖော်ပြထားတယ်။
လာကပေါ်- အင်- အဲဒီ အမှုက ရဲစခန်းတိုင်ထားဆဲ မဟုတ်လား။ ဒါတွေကို တရားရုံးက ဆုံးဖြတ်မှာပဲလေ။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အပြစ်ပေးခံရမယ်ပေါ့၊ ဟုတ်ဘူးလား။ အဲလိုရေးသားဖော်ပြလို့ မသင့်တော်ဘူးလေ။
အောင်ကျော်- အဲဒါအမုန်းတရား ဖြန့်ဖြူးနေတာပဲဆိုတာ လက်ခံပြီလား။
လာကပေါ်- လက်ခံပါပြီ။
အောင်ကျော်- ကျွန်တော်ဆက်ပြောမယ်။ မန္တလေး မဘသအဖွဲ့ဆိုတာ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့ထဲကတစ်ဖွဲ့။ အဲ…. ဦးနေမျိုးဝေကလည်း မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ၅၉(စ)ဆက်ပြီးထားရှိရေး ဟောပြောနေတဲ့သူပဲဗျ။
လာကပေါ်- ပုဒ်မ ၅၉(စ) ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ထားတဲ့ ဥပဒေ ပုဒ်မ မဟုတ်လားဗျာ။
အောင်ကျော်- ဒါပေါ့။ နောက်ရှမ်းမြောက် မဘသ၊ မန္တလေး မဘသနဲ့ ရန်ကုန်က မကွေးကျောင်းတိုက် ဆရာတော်တို့ဆိုရင် အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ကာတာအခြေစိုက် အော်ရီဒူးဖုန်းဆင်းကတ်တွေ မသုံးဖို့၊ အဲဒီနံပါတ်နဲ့ ဝင်လာတဲ့ ဖုန်းတွေကိုလည်း မကိုင်ဖို့ လှုံ့ဆော်လှုပ်ရှားမှု ပြုနေတယ်ဆိုတာလည်း ခင်ဗျားသိတယ် မဟုတ်လား။
လာကပေါ်-အင်း. . . သတင်းမီဒီယာတွေမှာ ဖော်ပြလို့ ဖတ်ရ၊ သိရပါတယ်ဗျာ။
အောင်ကျော်- အဲဒါလည်းအမုန်းတရားကို လှုံ့ဆော်တာမဟုတ်ဘူးလားဗျာ။ အဲတော့ ဆက်ပြောမယ်။ မကွေးကျောင်းတိုက်ဆရာတော်က ရန်ကုန်မှာ အော်ရီဒူးဆန့်ကျင်ရေးပွဲလုပ်တော့ အဲဒီမှာဟောပြောသူက ဓမ္မာစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်။ သူတို့ကလည်း အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အမုန်းတရားတွေ အကြီးအကျယ်ပြောကြတယ်။
လာကပေါ်-သြော်။
အောင်ကျော်-နောက် ဦးနေမျိုးဝေတို့ ၅၉(စ) ထောက်ခံရေး၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ဟောပြောပွဲတွေကို အမြဲတမ်း တက်ရောက်အားပေးထောက်ခံနေသူကတော့ ပြည့်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းပဲဗျ။ အဲဒီလိုပွဲတွေမှာ NDF ပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်လည်း ပါလိုက်သေး။
လာကပေါ်- ဘာတွေလဲဗျ။ ခင်ဗျားဟာ။ မန္တလေးအကြမ်းဖက်မှု၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ အရှင်ဝီရသူ၊ ဦးနေမျိုးဝေ၊ ရှမ်းမြောက်မဘသ၊ မန္တလေးမဘသ၊ ရန်ကုန် မကွေးကျောင်းတိုက် ဆရာတော်၊ မဘသ အဖွဲ့ကြီး အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမြဲတမ်း ဟောပြောနေတဲ့ ဓမ္မစက္က ဦးမောင်မောင်၊ ရှေ့နေကြီး ဦးအေးပိုင်၊ ပြည်ခိုင်ဖြိုး ဦးအောင်သိန်းလင်း၊ NDF ခေါ်ခင်ဝိုင်းကြည် ဘာတွေလဲဗျ။ ရှုပ်ကုန်ပြီ။
အောင်ကျော်- အမုန်းကွန်ရက်လေဗျာ။ အမုန်းကွန်ရက် ဟားဟားဟားဟား။
စည်သူအောင်မြင့်။
အတွဲ-၃၊ အမှတ်(၁၈)၊ ဇူလိုင်၁၂-၁၉၂၀၁၄ ထုတ် မြန်မာသံတော်ဆင့်မှ။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...