Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မစိုးရိမ်တိုက်သစ် ဝါဆိုပွဲ”

$
0
0
ဒီကနေ့ 12.7.2014 ရက်နေ့ဟာ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ဖြစ်တာကြောင့် သံဃာတော်များ ဝါဆိုဝါကပ်တော်မူကြသည့် ဝါဆိုနေ့ထူး နေ့မြတ်ပဲ ဖြစ်ပါတယ်။
မစိုးရိမ်တိုက်သစ်မှာ ဒီနှစ် ဝါဆိုသံဃာအရေအတွက်ကတော့ ရဟန်း ၁၉၇၀ ပါး၊ သာမဏေ ၅၈၇ စုစုပေါင်း ၂၅၅၇ ပါးဖြစ်ပါတယ်။
ဒီနေ့ညနေ 5:00 နာရီမှာ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ဝါဆိုတော်မူကြတာ ဖြစ်ပါတယ်။
ရှေးဦးစွာ ဘုရားဝတ်တက်ကြပြီး၊ မဟာနာယကဆရာတော်သုံးပါးမှစ၍ နာယကဆရာတော်များ၊ ရဟန်းတော်များ၊ ရှင်သာမဏေများ အားလုံး ဝါဆိုကြတာဖြစ်ပါတယ်။

ဝါဆိုအပြီးမှာ အကြီးဆုံး မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက စာကြိုးစားဖို့၊ စည်းကမ်းလိုက်နာဖို့၊ ဝိနည်းလေးစားဖို့၊ အမိန့်နာခံဖို့ ဆုံးမ သြဝါဒကထာ ဟောကြားခဲ့ကြောင်း သိရသည်။














Viewing all articles
Browse latest Browse all 2129

Trending Articles