10.7.2014 ည 8:30 နာရီ၊ မြင်းခြံမြို့နယ်၊ ပျော့အုပ်စု၊ မြင်သာရွာ၊ ပုဗ္ဗာရုံကျောင်း (၆)နှစ်ပြည့် အထိမ်းအမှတ် ဓမ္မသဘင်မှာ ဟောကြားသည်။
“ကြို့ပင်လည်းတုံး၊ ဝံလည်းဆုံး တရားတော်”
မဆွရှေးတွင်၊ ဝံကြို့ပင်တို့၊ ဖွဲ့ကျင်ရန်ငြိုး၊ သေပျက်ကျိုးအောင်၊ အဲးခိုးကြံငြား၊ လက်သမားအား၊ ချောစားမြောက်တင်၊ ပြောကြားလျှင်သော်၊ ကြို့ပင်လည်းတုံး၊ ဝံလည်းဆုံး၍၊ နှစ်ဦးလုံးသာ၊ ပျက်စီးစွာ၏၊ သတ္တဝါချင်းချင်း၊ မေတ္တာကင်းလျက်၊ ပျက်လျှင်းစိမ့်ငှာ၊ မချမ်းသာအောင်၊ ဘယ်ခါသော်မှ၊ မကြံရတည့်၊ ကိုယ်ကသူ့ကို၊ မလိုဣဿာ၊ ကြံတုံပါက၊ မှန်စွာသူလည်း၊ တစ်နည်းနည်းဖြင့်၊ လက်ချည်းမခံ၊ မကောင်းကြံ၍၊ ကြို့ဝံတမျှ၊ ပျက်ကုန်ကြလိမ့်။ (မဃဒေဝ။ ။ ၂၄၆။ )