ရဟန်းဒကာ ဒကာမတွေက တာချီလိတ်မြို့ ဦးကျော်လေး+ဒေါ်လှသိန်း-သမီး ဒေါ်အေးအေးသင်း မိသားစုပါ။
ရဟန်းလောင်းကတော့ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်းမှ ရှင်သာသနဖြစ်ပါတယ်။
မနက် 7:00 သိမ်ဝင်ပြီး မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ ပင့်သံဃာများအား သိမ်းဆင်း လောင်းလှူကာ မစိုးရိမ်တိုက်သစ် သံဃာတော် နှစ်ထောင်ကျော်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းတို့ဖြင့် မြင့်မြတ်သည့် ကုသိုလ်များကို တပွေ့တစ်ပိုက်ကြီး အရယူနိုင်ခဲ့တဲ့ မိသားစုဖြစ်လို့ အနုမောဒနာ ပြုလိုက်ရခြင်းဖြစ်ပါတယ်။