Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

မန္တလေးမာဖီးယားဂိုဏ်း အပိုင်း(၄)

$
0
0
“မာဖီးယားကို စိတ်ဝင်စားသူများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ”

"ဒေါ်သင်းသင်းလှိုင် မိသားစုဝင်များ၏ဖြစ်စဉ်"(၂)
ဆရာတော် ဦးဥတ္တရအား မြနဒီ မောင်မောင်မှ နေဝင်းသည် ထောင်ထဲတွင် နှောင်တရနေပါကြောင်း နောက်နှောင် မည်သူ့ကိုမျှ မရက်စက်တော့ပါကြောင်းနှင့် ၎င်းလီဆယ်ဖွင့်လစ်ထားသော အမှုများအားလည်း ပြန်လည်ရုပ်သိမ်း ပေးပါမည်ဖြစ်ကြောင်း၊ နေဝင်းမှ ဆရာတော်တို့ ကျေနပ်သလို ဆောင်ရွက်ပေးပါမည်ဟု နေဝင်းမှ လျှောက်ထားခိုင်း ကြောင်း ပြောကြား၍ မြနဒီမောင်မောင်မှ ဆရာတော်ဦးဥတ္တရထံ လျှောက်ထားပါသည်။ ထိုအချိန်က ဦးစိုးမင်းမှာ လည်း ၎င်းတို့ လီဆယ်တိုင်ကြားထားသော ပလက္ကာယအမှုဖြင့် ၁၃-လမ်း၊ အောင်မြေသာဇံ တရားရုံးတွင် အမှုရင်ဆိုင်နေဆဲ ဖြစ်ပါသည်။ ဆရာတော်တို့အနေဖြင့် ကလေးသူငယ်များ ညှင်းပန်းနှိပ်စက်မှုတွင် အစိုးရဘက်မှ သက်သေလိုက်ခဲ့သူများအားလုံး အတိဒုက္ခရောက်နေကြသည်ကို မြင်တွေ့နေရသဖြင့် ရန်အပေါင်းကင်းဝေး ရန်အတွက် ကလေးများနေထိင်ရာ မြို့ရွာမှ ဥက္ကဋ္ဌနှင့်တစ်ကွ ကလေးများအား သွားရောက်ခေါ်ဆောင်၍ နှစ်ဦး နှစ်ဖက် ကျေအေးရုပ်သိမ်းမှုများ ပြုလုပ်စေခဲ့ပါသည်။ ထိုသို့ ပြုလုပ်သည့်နေ့မှာပင် ဆရာတော်ဦးဥတ္တရမှ ဦးမောင်မောင်(မြနဒီ)အား ကိုနေဝင်းအနေဖြင့် နောက်နောင် ဤကဲ့သို့သော လုပ်ရပ်များ မပြုလုပ်ရန်နှင့် အစိုးရသက်သေများအပေါ် လီဆယ်ဖွင့်လစ်ထားသော အမှုများ ပြန်လည်ရုပ်သိမ်းပေးပါရန် နောက်နောင် အစိုးရ သက်သေများဘက်မှ သက်သေလိုက်ခဲ့ကြသော မိသားစုများအပေါ် ဒုက္ခမပေးရန် စသည်ဖြင့် အချက်(၁၂)ရေး၍ မြနဒီမောင်မောင်မှတစ်ဆင့် တာဝန်ရှိသူများခွင့်တောင်း၍ ကိုနေဝင်း လက်မှတ်ထိုးပေးပါရန် မှာကြားလိုက်ရာ မြနဒီမောင်မောင်မှ ၎င်းစာချုပ်ကို ကိုနေဝင်းလက်မှတ်ထိုးပြီးသည်နှင့် ဆရာတော်ထံ လာရောက်ပေးပါမည်ဟု ပြောဆို၍ ယူသွားခဲ့ပါသည်။ ဆရာတော်မှ ဥက္ကဋ္ဌနှင့်တကွ ကလေးများအားလည်း ကျေအေးလက်မှတ် ရေးထိုးစေခဲ့ ပါသည်။ နေဝင်း ဘက်မှလည်း ကျွန်မတို့မိသားစုအပေါ် ဖွင့်လှစ်ထားသော အမှုအား ကျေအေးလက် မှတ်ထိုးပေးပါသည်။
ကျွန်မတို့ရဲ့မိခင် ဒေါ်ခင်ရီမှ အိမ်ဖျက်ဆီးမှုဖြင့် ဖွင့်ထားသော အမှုအားလည်း ကျေအေးရုပ်သိမ်းမှု ပြုလုပ်ခဲ့ ပါသည်။ နေဝင်းသည် ကလေးသူငယ်များ၏ ကျေအေးလက်မှတ်ကြောင့်သာ ထောင်မှ လွတ်မြောက်စေခဲ့ ပါသည်။ ကျွန်မတို့မိသားစု မမိုးမိုးပါ(၁၁)ဦး အမှုအား ကျေအေးလက်မှတ်ကို မည်သို့ဆောင် ရွက်ထားသည် မသိပါ။ ထိုစဉ်က ထောင်ထဲတွင် လက်ရှိရောက်ရှိနေသော (၄)ဦးသာလျှင် တရားဝင်လွတ်မြောက်ခဲ့ရပြီး ကျန်ရှိမိသားစု ဝင်များမှာလည်း ကျေအေးရုပ်သိမ်း ပြုလုပ်ပြီးသည့် အတွက် အေးချမ်းစွာ နေထိုင်ရလောက်ပြီ အထင်ဖြင့် မိမိအိမ်သို့ပြန်လည်၍ နေထိုင်နေစဉ်မှာ မကြာမီတွင် အမှတ်(၅)စခန်းမှ စခန်းမှူး ဦးအောင်မြင့်၊ ဒုရဲအုပ် ညီညီ၊ ဒုရဲအုပ်ဇော်မင်းမင်း၊ ဒုရဲအုပ် စိုးပိုင်၊ ဒုရဲအုပ် စိန်ဝင်း၊ တပ်ကြပ် ဇော်မင်းမင်းတို့မှ ၂၀၁၀-ခုနှစ်၊ ၅-လပိုင်း (၃၀) ရက်နေ့တွင် ကြေအေးရုပ်သိမ်းပြီးသော အမှုများကို ပြန်လည်ဖွင့်လှစ်နေသည်ကို သိရသဖြင့် ကျွန်မတို့ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။
အမှုများကို ကျေအေးရုပ်သိမ်းမှု ပြုလုပ်သည့်အခါက နေဝင်းသည် မြနဒီမောင်မောင်-မှတစ်ဆင့် ဝန်ခံကတိပြုထားသည်မှာ ၎င်း၏မရီး မတင်တင်အေး၊ ၎င်း၏ညီ စန်းမောင်၏ မိန်းမ မဖြူပြာအောင်နှင့် ၎င်းကိုယ်တိုင် တရားလိုပြုလုပ်ထားသော အမှုအပါအဝင် မမိုးမိုးပါ(၁၁)ဦးအမှုတွင် ဝရမ်းပြေးဘဝ ရောက်ရှိနေသော သူများအားလည်း ကျေအေးရုပ်သိမ်းမည်ဖြစ်ကြောင်း ဝန်ခံကတိပြု ချုပ်ဆိုဖြစ်ပါသည်။ ဆရာတော်ထံ နေဝင်း လက်မှတ်ထိုးပြီးသည်နှင့် ပြန်လည်၍ လာပေးပါမည်ဟု ပြောသွားသော စာချုပ်အားလည်း ဆရာတော်ထံ ပြန်လာ မပေးတော့ပါ။ နေဝင်းထောင်မှလွတ်လာ၍ များမကြာမီမှာပင် ၎င်းစာချုပ်သည် နေဝင်းလက်ထဲ သို့ ပြန်လည်ရောက်ရှိ၍ အစိုးရဘက်မှ သက်သေလိုက်ခဲ့သူများအား မြို့လယ်ခေါင်များမှာပင် စာချုပ်ပြ၍ လိုက်လံရိုက်နှက်ကြပါသည်။ ကျွန်မတို့ကြားသိရသည်မှာ မာမာမြင့်မှတစ်ဆင့် နေဝင်းသို့ ပေးလိုက်ခြင်းဖြစ် သည်ဟု သိရပါသည်။
        ကျွန်မတို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေစဉ် အိမ်၌ မိခင်အိုကြီးနှင့်တကွ အဒေါ် ဒေါ်ညွန့်၊ မောင်လှမင်းထွန်း၊ မျိုးသီဟထွန်းတို့ ကျန်ခဲ့ပါသည်။ မျိုးမင်းထွန်းမှာ ဘာသာရေးနဲ့ ရက်ပေါင်း(၄၀)ဘုရားဖူး ထွက်နေသည့် အချိန်ဖြစ်ပါသည်။ ထိုအချိန် နေဝင်းတို့ဘက်မှနေ၍ စီအိုင်ဒီမျိုးလွင်ဆိုသူ ရောက်ရှိလာပြီး အိမ်ထဲသို့ဝင်လာပြီး တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ လမ်းကြိုလမ်းကြား အိမ်သာပါမကျန် လိုက်လံရှာဖွေနေသည့် အတွက် မျိုးသီဟထွန်းမှ “ခင်ဗျားဘာကိစ္စနဲ့ အိမ်ထဲဝင်လာတာလဲ”ဟု မေးသောအခါ အမှုနှင့်ပတ်သက်သော သူများအား လာရောက်ဖမ်းဆီးရန် ဖြစ်ကြောင်းပြောခြင်း၊ မကြည်လင်သော အကြည့်ဖြင့် ကြည့်ခြင်း၊ အာဖာသုံး သော စကားများပြောခြင်း၊ အနိုင်ကျင့်သော စကားများပြောခြင်း ပြုလုပ်ခဲ့ပါသည်။ ထိုသတင်းကို ကြားသိရ၍ ကျွန်မ သင်းသင်းလှိုင်သည် ဆင်ဖြူမယ်ကျောင်းဆရာတော် ယခု သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးအဂ္ဂဉာဏထံ သွားရောက်လျှောက်ထားရာ ဆရာတော်မှ စီအိုင်ဒီ မျိုးလွင်ထံဖုန်းဆက်၍ ဒကာကြီး ယခုကိစ္စသည် ကျေအေး ပြီးသား ဖြစ်သဖြင့် မတရား မပြုလုပ်ရန် တားဆီးခဲ့ပါသည်။ ထိုနေ့မှစ၍ စီအိုင်ဒီမျိုးလွင် မလာတော့ပါ။
         ထို့နောက် ၂၀၁၁- ခုနှစ်၊ ၁ လပိုင်း၊ ၁၄ ရက်နေ့တွင် ကျွန်တော် မျိုးမင်းထွန်း သည် သောကြာနေ့ဖြစ်သဖြင့် ဗလီဝတ်ကျောင်းတော်မှအပြန် အိမ်ရှေ့အရောက်တွင် နေဝင်းမှ ၎င်း၏တပည့်များအား လေချွန်၍ အသံပေးလိုက်၍ ကျွန်တော်၏ ဦးခေါင်းကို ပုဆိုးဖြင့်အုပ်၍ ညိုသကြီးအား သံဒုတ်ဖြင့် ရိုက်နှက်ခဲ့ပါသည်။ ဦးခေါင်းအလည်နှင့် ဘယ်ချိုစောင်းတို့တွင်လည်း သံဒုတ်ဖြင့်ရိုက်ခဲ့ပါသည်။ ကျွန်တော်မျိုးမင်းထွန်းမှလည်း ပြန်လည်ခုခံခဲ့ပါသည်။ ဦးခေါင်းမှ သွေးထွက်ဒဏ်ရာ၊ ခြေသလုံးမှ သွေးထွက်ဒဏ်ရာ ဖြစ်နေစဉ် နေဝင်းမှ သူ၏တပည့်များအား မင်းတို့ကို ငါကရိုက်ခိုင်းတာမဟုတ်ဘူး အသေသတ်ခိုင်းတာဟု ပြော၍ တိုင်ပေါ်မှဖိနပ်များ ထင်းချောင်းများဖြင့် ထုခဲ့ပါသည်။ ၎င်း၏တပည့် မိုးဝင်း မောင်းနှင်း၍ ၎င်း၏ ညီးဝမ်းကွဲ စန်းမောင်နှင့်တကွ ၎င်း၏ အလုပ်သမားများပါ တင်ဆောင်လာသောကားသည် ဝင်းအတွင်သို့ မောင်းနှင်လာရာ နေဝင်းမှ ကားနှင့် အသေတိုက်သတ်ဟု ပြောသဖြင့် မိုးဝင်းမှ ကျွန်တော်အား ကားဖြင့်ဝင်တိုက်ရာ ကျွန်တော်တိမ်ရှောင်လိုက်သည့်အတွက် ဒေါ်လုလု အမည်ရှိ မာစီး အိမ်၏အုတ်တံတိုင်ကို ဝင်တိုက်မိပါသည်။ ကားပေါ်မှပါလာသော နေဝင်း၏တပည့်များမှ ဓားများဖြင့် လာခုတ်စဉ် ကျွန်တော်မှလည်းပြန်လည်ခုခံခဲ့ပါသည်။
၂၀၁၁-ခုနှစ် ၁- လပိုင်း ၁၄- ရက်နေ့တွင် မှုခင်းဖြစ်သည့် နေ့လည် (၁၂) နာရီ မိနစ် ၃၀-ခန့်တွင် အမှတ် ၅ ရဲစခန်းမှ ကျွန်တော်နှင့်ညီ လှမင်းထွန်း၊ တူ မျိုးသီဟထွန်းတို့ (၃)ဦးကို ခေါ်ဆောင်သွားခဲ့ပါသည်။ ညနေ ၆ နာရီကျော်မှ ကျွန်တော်မှ ဒဏ်ရာမှသွေးထွက်နေ၍ နာကျင်လွန်းသဖြင့် ဆရာတို့ကို ဆေးရုံမြန်မြန်ပို့ပေးပါဟု ပြောမှသာလျှင် ဆေးရုံသို့ ပို့ပေးခဲ့ပါသည်။ နေဝင်းဘက်မှ တပည့်များကိုမူ ချက်ချင်း ဆေးရုံသို့ တင်ခိုင်းစေခဲ့ပါသည်။
၂၀၁၁- ခုနှစ် ၁-လပိုင်း ၁၅-ရက်နေ့ ၃-နာရီ ၃၀-မိနစ်တွင် နှစ်ဦးနှစ်ဖက် ဆေးရုံမှဆင်းခဲ့ရပါသည်။ ကျွန်တော်တိုင်တန်းခဲ့သောအမှုတွင် နေဝင်းအပါအဝင် တရားခံများမှ အဖမ်းမခံရဘဲ ရက်အနည်းငယ် အတွင်းမှာပင် ဒဏ်ငွေတစ်ထောင်ဖြင့်သာ ပြီးဆုံးစေခဲ့ပါသည်။ နေဝင်း တရားလိုလုပ်တိုင်တန်းခဲ့သောအမှုမှာ မန္တလေး ဗဟိုရ် အကျဉ်းထောင်မှနေ၍ တရားရင်ဆိုင်နေရပြီး ၁ နှစ် ၅ လကြာမှသာ အမိန့်ချမှတ်ခဲ့ပါသည်။
ကျွန်တော် မျိုးမင်းထွန်းမှာ တရားခွင်တွင် ဝန်ခံသည့်အတွက် ထောင်ဒဏ်(၁)နှစ်နှင့် (၈)လ၊ ညီ လှမင်းထွန်းမှာ (၁)နှစ် (၆)လနှင့် ယခင်ကျေအေးပြီးသား အမှုအတွက်ပါ (၇)လ စုစုပေါင်း (၂၅)လ ကျခံစေခဲ့ပါသည်။ တူတော်စပ်သူ မျိုးသီဟထွန်းမှာ နာကျင်မှုကြောင့် ပြန်လည်ခုခံသည်ဟု ဝန်ခံခဲ့သဖြင့် ထောင်ဒဏ် (၂)နှစ် ကျခံစေခဲ့ပါသည်။
ကျွန်မတို့သည် အကျိုးဆောင် ရှေ့နေဦးခင်မောင်မြင့်အား အကျိုးဆောင်ခ (၆)သိန်းပေး၍ ငှါးရမ်းခဲ့ပါသည်။ ကျွန်မတို့သည် နေဝင်းမှ ကျေအေးပြီးသားအမှုများကို စခန်း၊ တရားရုံးများနှင့် ပေါင်ပြီး ပြန်လည်ဆောင်ရွက် နေသဖြင့် တိမ်းရှောင်နေရသောကြောင့် လူကိုယ်တိုင် မသွားရဲသောကြောင့် ဖုန်းဖြင့်ဆက်သွယ်၍ ရှေ့နေ ဦးခင်မောင်မြင့်အား ဖုန်းဖြင့် အကျိုးအကြောင်း မေးမြန်းရာ နေဝင်း၏ တရားလိုပြ သက်သေများသည် လိမ်လည် လီဆယ်မှုများ ပေါ်လွင်ပါသည်။ ကျွန်တော်တို့ဘက်မှ ထွက်ဆိုချက်လည်းတောင်းပါသည်။ အစ်မ မောင်များတောင်း ဆိုထားသော ပြန်ခေါ်စစ် သက်သေများအား ပယ်ခိုင်းလိုက်ပါ ထောင်ဒဏ် (၁)လ ကျမည်။ ဒဏ်ငွေဆောင်နိုင်လျှင် ဒဏ်ငွေနှင့် ပြီးမည်ဟု ပြောသဖြင့် ကျွန်မ၏သမီး (၁၂)အရွယ်အား (၁၃)လမ်း တရားရုံးသို့လွှတ်၍ ကျွန်မ မောင်များအား ပြန်ခေါ်စစ်သက်သေများအား ပယ်ခိုင်းလိုက်ရန် စာဖြင့်ရေး၍ သွားပေးစေခဲ့ပါသည်။
          ရှေနေ ဦးခင်မောင်မြင့်၏ ပြောစကားနှင့် ကျခဲ့ရသောထောင်ဒဏ်များမှလည်း တစ်ခြားစီဖြစ်နေခဲ့ပါသည်။ ဦးခင်မောင်မြင့်၏ လုပ်ရပ်များမှာ နှစ်ဖက်စား ရှေ့နေကဲ့သို့ ဖြစ်ပါသည်။ ကျွန်မတို့ဖက်မှ တရားရုံးသို့ လူကြီးတစ်ယောက်မှ မသွားရဲခဲ့ပါ။ ဦးခင်မောင်မြင့်မှ တစ်ခါတစ်ရံ ရုံးတွင် နေဝင်းနှင့် နှုတ်ဆက်စကား ပြောနေကြောင်း ကျွန်မတို့၏ ကလေးများ ပြောပြချက်အရ သိရပါသည်။
         ၂၀၁၁-ခု၊ ၈ လပိုင်း၊ ၁၂- ရက်နေ့ နေ့လည် ၁ နာရီခန့် အချိန်တွင် လမ်း ၂၀-ဘက်သို့ ဆင်းရဲသားများအား ပေးဆောင်သော အလှူဒါန ကြေးငွေများကို ရယူရန်အတွက် သွားရောက်စဉ် ၁၉-လမ်း၊ ၈၁×၈၂ လမ်းသို့ ရောက်သောအခါ နေဝင်းနှင့် ၎င်း၏ဇနီး စိုးမိနိုင်တို့သည် အမှတ်(၅)ရဲစခန်းမှ ဒုရဲအုပ် စိုးပိုင်၊ ရဲတပ်သား မင်းမင်းထွန်းနှင့် အတူ ရောက်ရှိလာပြီး နေဝင်းသည် ဒေါ်ခင်မမအား ပါးနားရိုက်ခြင်း၊ ဆောင့်ကန်ခြင်း၊ စိုးမိနိုင်မှလည်း ဇင်မာထွန်းအား ထွန်းလင်း လဘက်ရည်ဆိုင်ရှေ့တွင် ထဘီဆွဲချွတ်၍ ဆံပင်ဆောင့်ဆွဲကာ ဖိနပ်ဖြင့် ပါးနားရိုက်ခြင်း၊ ကျွန်မတို့အား စောင့်ရှောက်ခဲ့ဖူးသော သံဃာတော်များနှင့် ပေးစား၍ မကြားဝံ့မနာသာ ဆဲဆိုခြင်းများ ပြုလုပ်နေသည်ကို အရပ်ဝတ်နှင့်သာရှိသော ရဲနှစ်ယောက်မှ ဆိုင်ကယ်ဖြင့်ပိတ်၍ ရပ်ကြည့်နေ ခဲ့ကြပါသည်။ နေဝင်းတို့ရိုက်နှက်၍ အားရသောအခါ ဒဏ်ရာအပြည့်ဖြင့် ကျွန်မတို့ကို ရဲများက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြပါသည်။ စခန်းသို့ရောက်သောအခါ စခန်းမှူး ဦးအောင်မြင့်မှ နေဝင်းပေးသော ငွေများကို လက်ထဲကိုင်၍ ခင်ဗျားတို့ အချုပ်ခန်းထဲဝင်လိုက်ပါ ခင်များတို့ မဝင်မချင်း နေဝင်းက ငါတို့ကို ပြဿနာရှာလိမ့်မည်ဟု ပြောပါသည်။ မမိုးမိုး၊ မသင်းသင်းလှိုင်တို့ ရှိတဲ့နေရာကိုလည်း ပြောလိုက်ပါ ခင်ဗျားတို့ကို လွှတ်ပေးမည်ဟု ပြောပါသည်။
ကျွန်မတို့အိမ်မှ ကလေးများမှ အမှတ်(၅)စခန်းသို့ အဝတ်အထည်နှင့် အစားအသောက်များ လာရောက်ပေးပို့သောအခါ ဧည့်လုံးဝ မတွေ့ရ-ဟု ပိတ်ပင်ခဲ့ပါသည်။ အချုပ်ဆောင်ရှေ့တွင်လည်း နှစ်ဦးကို ဧည့်လုံးဝမတွေ့ရ-ဟု ရေးထားခဲ့ပါသည်။ (၃)ရက်နေပြီး တရားရုံးတော်သို့ ပို့မှသာ အိမ်မှ သူများ ကျွန်မတို့၏ မျက်နှာမှ ဒဏ်ရာများကြောင့် ဧည့်မတွေ့ရဟု ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ ကျွန်မ ဒေါ်ခင်မမ၏ သွားနှစ်ချောင်း မှာ ထောင်ရောက်မှ ကျိုးသွားခဲ့ပါသည်။ ကျန်ရှိသွားများလည်း ယိုင်နဲ့ခဲ့သည်မှာ အမှန်တကယ်ဖြစ်ပါသည်။ တရားသူကြီး ဦးရုံးဝိုက် ခုံတွင် ကျွန်မတို့၏ အမှုမှာ ကျေအေးပြီးသားဖြစ်ကြောင်း တင်ပြရာ လက်မခံခဲ့ပါ။ ကျွန်မ ဒေါ်ခင်မမ အနေဖြင့် ယခုအမှုမှာ နေဝင်း၊ စိုးမိနိုင် မှ ရိုက်နှက်ဆဲဆိုပြီး ရဲများက ရံပေးသည့် အကြောင်းပြောပြခဲ့ရာ အရေးမယူခဲ့ပါ။
           ကံကြီးကုန်းတွင် တိမ်းရှောင်နေသော မမိုးမိုးနှင့် မစန္ဒာတို့အားလည်း နေဝင်း၊ စန်းမောင်နှင့် အပေါင်းအပါ တစ်စုတို့သည် ဒုရဲအုပ် ဇော်မင်းမင်းနှင့်တကွ ရဲမေနှစ်ဦးကို ၎င်းတို့ကားဖြင့်တင်လာပြီး ကျွန်မ မမိုးမိုးနှင့် မစန္ဒာတို့ကို နေဝင်း၊ စန်းမောင်တို့မှ ဆံပင်ဆွဲ၍ ကားနားခေါ်သွားပြီး ရဲများရှေ့တွင်ပင် စိတ်တိုင်းကျ ရိုက်နှက်ပြီး သံဃာတော်များနှင့် တကွ အစိုးရသက်သေလိုက်သူများကို ၎င်းတို့ ပြောခိုင်းသည့်အတိုင်း ထွက်ဆိုပေးလျှင် ကျွန်မအပါအဝင် ထောင်ထဲရောက်ရှိနေသော မိသားစုဝင် (၅)ဦးအားလည်း လွတ်မြောက်အောင် ဆောင်ရွက်ပေးမည် ဝရမ်းပြေးတိမ်းရှောင်နေသော မိသားစုဝင်း များအားလည်း လွတ်မြောက်အောင် ဆောင်ရွက်ပေးမည် အမှုများကိုလည်း တရားသေ ရုပ်သိမ်းပေးမည်ဟု မြူဆွယ်ကာ ညှိနှိုင်းသည်ကို လက်မခံသဖြင့် ထောင်နန်းစံခဲ့ရပါသည်။
ကျွန်မတို့မိသားစု အဖမ်းခံရသဖြင့် ဆရာတော်ဦးဥတ္တရမှ တရားရုံးနှင့် စခန်းသို့ ပေးပို့ရန်အတွက် ယခုအမှုများသည် ကျေအေးရုပ်သိမ်းပြီးသား ဖြစ်ပါကြောင်း၊ စာချုပ်များကို မြနဒီမောင်မောင်မှ ပြန်လည်၍ လာပေးပါမည်ဟု ပြောကြားသွားပြီး ယနေ့ထိတိုင် လာမပေးသေးကြောင်း၊ တရားသူကြီးများ အနေဖြင့် အမှန်ကို အမှန်အတိုင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ပါသည်။ မည်သည့်ရုံးကမျှ ဂရုမစိုက်ခဲ့ပါ အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်တိုက်တွင် ယခုလက်ရှိ သံဃနာယကဆရာတော် ဦးအဂ္ဂဉာဏမှ တရားရုံးတွင် သက်သေလိုက်၍ ထွက်ဆိုခဲ့ပါသေးသည်။ မည်သည့်အမှုအား မည်သို့ဆောင်ရွက်သွားသည်ကို မသိပါ။ မိသားစု (၇) ဦး ထောင်ဒဏ်အသီးသီး ကျခံခဲ့ရပါသည်။
ထောင်မကျဘဲ ကျန်ရှိနေသော မိသားစုများမှာလည်း ယနေ့ထိတိုင် ဝရမ်းပြေး ဖြစ်နေရပါသည်။ ကျွန်မတို့၏ အမှုကိစ္စများကို သွားရောက်တိုင်ကြားခဲ့သော အမှတ် ၅ ရဲစခန်း၊ ရယက ရုံးတို့သည် နေဝင်းအား မည်သို့မျှ အရေးယူရဲခြင်း မရှိဘဲ ကျွန်မတို့ဘက်မှ တစ်ယောက်ရင်း၍သာ အဲဒီလူတွေကို သတ်ပစ်လိုက်ဟု ပြောပါသည်။
ကျွန်မတို့မိသားစု နင်းပြားဘဝနှင့် တွေ့ကြုံနေရပြီး ကျွန်မတို့မိသားစုဝင်များ၏ ကလေးများမှာလည်း ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ပညာမဲ့ဘဝ ရောက်နေရပြီး မိခင်အိုကြီးမှာလည်း ဝရမ်းပြေး ဖြစ်နေရပါသည် ကျွန်မတို့သည် မိသားစုများ ဝရမ်းပြေးဖြစ်နေသည့်အတွက် လုပ်ကိုင်စားသောက်ခွင့် မရသည့်အတွက် မန္တလေး အကျဉ်းထောင်တွင် ကျန်ရှိနေသော အစ်မ မမိုးမိုးအား ထောင်ဝင်စာတွေ့ရမလား၊ ရဲဘက်စခန်း တပ်ကုန်း ကင်းသာ ကျောက်ထုတ်လုပ်ရေစခန်းတွင်ရှိနေသော မောင်များအား ထောင်ဝင်စာတွေ့ရမှာလား၊ ကျန်ရှိနေသော မိသားစုဝင်များ၏ စားဝတ်နေရေး ဖြည့်ဆည်းရမှာလား မသိနှင့် ဆိုးရွားဆုံးသော ဒုက္ခများနှင့် ရင်ဆိုင် တွေ့ကြုံ ခံစားနေရသည်မှာ အမှန်တကယ်ဖြစ်ပါသည်။
နေဝင်းတို့၏ လုပ်ရပ်များသည် အာဏာပိုင်အဖွဲ့အစည်းများအား အပိုင်ကပ်၍ ၎င်းတို့လိုအင်ဆန္ဒဟူသမျှတို့ ဖြည့်ဆည်းပေးပြီး အာဏာပိုင်များ ရုံးထွက်မရရန် အသံဖမ်းထားခြင်း၊ ဗွီဒီယို ကင်မရာ ရိုက်ထားခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း ကြားသိရပါသည်။
ယခုလက်ရှိတွင်လည်း နယ်စပ်လုံခြုံရေးရာဌာနမှ ဗိုလ်မှူးကြီး အောင်ကျော်မိုးအား အဖြစ်ပျက်များကို ပြောင်းပြန်လီဆယ်၍ သနားစဖွယ် ပြောကြားပြီး ချဉ်းကပ်ထားသည့်အတွက် ဗိုလ်မှူးကြီးမှ အမှန်တကယ်မသိဘဲ ကာကွယ်ပေးထားခြင်းဖြစ်သည်ဟု ကြားသိရပါသည်။
ကျေအေးရုပ်သိမ်းပြီးသော အမှုများကို ပြန်လည်ဖွင့်လှစ် လုပ်ကြံသည့်အတွက် ထောင်ဒဏ်ကျခံရသူများမှာ ကျားတစ်ယောက် (လှမင်းထွန်း)၊ မလေးယောက် (ဒေါ်မမ၊ မမိုးမိုး၊ မသင်းသင်းလှိုင်း၊ မစန္ဒာ၊ မဇင်မာထွန်း)တို့ အ အမိန့်ချမှတ်ခံရပါသည်။ အမိန့်ချခံရသော ခုံများမှ တရားသူကြီး ဦးသန်းစိုးဦး၊ ဦးဇော်လင်းမောင်တို့ ဖြစ်ပြီး တရားသူကြီးဦးစီး ဦးသစ်လွင်မှ ဒဏ်ငွေ(၅၀၀၀ိ/)နှင့် ပြီးဆုံးစေခဲ့သည်။ အစိုးရဘက်မှ အဓိက သက်သေလိုက်ခဲ့သော မမိုးမိုးအား တရားသူကြီး ဦးသန်းစိုးဦးမှ (၁)နှစ်ကျခံစေပြီး ကျန် ကျား(၁)၊ မ (၃) အား (၇)လစီ ကျခံစေခဲ့ပါသည်။ တရားသူကြီး ဦးဇော်လင်မောင် ခုံမှ မမိုးမိုးအား (၆) လ၊ ကျန် မ (၃) အား (၃) လစီ ကျခံစေခဲ့ပါသည်။ ယခု လက်ရှိတွင် နေဝင်း၊ စန်းမောင်တို့၏ အလုပ်သမားများမှာ ၎င်းတို့ ပြစ်မှုကျူလွန်ချိန်က အလုပ်သမားများ မဟုတ်တော့ဘဲ အလုပ်သမား အသစ်များ ပြောင်းလဲ ခန့်ထားသည်။

(မသင်းလှိုင်တို့ မိသားတစ်စုလုံး  အပြင်လည်းမထွက်ရဲ ရိက္ခာလည်း ပြတ်လပ်နေကြောင်း အကူအညီတောင်းလို့ မူဆလင်အဖွဲ့အစည်းတွေထံ ပြောပေးထားပါတယ်။ ၂ သိန်းလှူမယ်လို့ ပြောပါတယ်။ 6.7.2014 မိုးကောင်းတိုက် မှာတွေ့စဉ် ဦးသန်းညွန့်အား ပြောပြလိုက်ခြင်း ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဒီလိုပဲ ပြောပေးလို့ မူဆလင် အဖွဲ့အစည်းတွေက ဆင်းရဲသားကြေး လှူဒါန်းတာမျိုး ရှိခဲ့ပါတယ်)။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...