Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“NLD နှင့် မြန်မာပြည်”

$
0
0


ယခုနှစ် ဇူလိုင်လ (၂)ရက်နေ့က FB- စာမျက်နှာများပေါ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ၅/၀၇/၂၀၁၄ အမှတ်ပါ ကြေညာချက်တစ်စောင် ပျံ့နှံ့သွားခဲ့သည်။
မိမိစတင် တွေ့ရှိခဲ့သည့် ကြေညာချက်က အတုဖြစ်နေသည်။ စကားလုံးများ ရေးသားဟန်များက ပညာရှိမဆန်၊ ရုံးသုံးမဟုတ်သောကြောင့် အတုဖြစ်ကြောင်း ချက်ချင်းကောက်ချက်ချလိုက်၏။
ထိုအချိန်တွင် မိမိနှင့်အတူ NLD ပါတီဝင်တစ်ဦး အတူရှိနေသောကြောင့် ကြေညာချက်ကိုပြကာ လုပ်ကြံသူကို ဖော်ထုတ်သင့်ကြောင်း အကြံပြုလိုက်မိလေသည်။
အစစ်ရော - အတုပါ - နှစ်ခုယှဉ်ပြထားသည့် အကောင့်တစ်ခုကို တွေ့လိုက်ရပြန်သည်။
အစစ်ကို ဖတ်ကြည့်ပြီး အစစ်မဟုတ်ပါစေနှင့်ဟု ကြိတ်၍ဆုတောင်းနေမိ၏။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟုသာ ပါသည်။ လက်မှတ်များမပါ။ တာဝန်ခံပုဂ္ဂိုလ်အမည် မတွေ့ရ၍ တံဆိပ်တုံးအတုလုပ်၍ တစ်ယောက်ယောက် ကများ လုပ်ကြံလိုက်လေသလောဟု ထင်မှတ်မှားမိ၏။
မန္တလေး NLD- ပါတီဝင် ရှေ့မှာပင် ရန်ကုန် NLD-တစ်ဦးထံ ဖုန်းဆက်မေးလိုက်၏။ သူက ချက်ချင်းပြန် ဖြေသည်။ “ဟုတ်ပါတယ် ဘုရား၊ အစစ်ပါ ဘုရား” ဟူ၏။
“ဟာ- သွားပြီပါဗျာ…။ သွားပြီပါဗျာ…”ဟု ညည်းတွားမိခဲ့၏။
“သန္တိသုခ အရေးမှာတုန်းက မတွေ့ရဘဲ အခုမှ လာထုတ် ဒုက္ခပါပဲဗျာ…။ ပြည်သူတွေက ဘယ်လိုထင်ကုန် မလဲဗျ” “မတတ်နိုင်ဘူး အရှင်ဘုရား။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလိုက်တာဘဲ” သူကလဲ မသက်မသာ မှတ်ချက်ချရှာ၏။
2012 ဧပြီလ စိုင်းတောင်၊ ကမ္မ၊ ကျောက်ပန်းတောင်း အရေးတွေမှာ ဒေါ်စု ပြတ်ပြတ်သားသား ပြောကြားခဲ့၏။
တောင်ကုတ်အရေးမှာတော့ ပြတ်သားရုံတင်မဟုတ်တော့ဘဲ ပြင်းထန် မာတင်းစွာပင် ပြောကြားခဲ့တော့၏။
8.6.2012 မောင်တောအရေးအခင်း ရခိုင်အရေးအခင်းမှစ၍ ဘာဆိုဘာမျှ မပြောကြားခဲ့ပေ။ ယခုအထိပင် ဖြစ်လေ၏။
ရခိုင်ပြည်သူများအား နှစ်သိမ့်အားပေးမှု ဖေးမကူညီမှု မေတ္တာစကားလေး တစ်ခွန်းတလေ၊ အားပေးစကားလေး တစ်လုံးတစ်ပါဒမျှပင် မပြောခဲ့ချေ။
ဤသို့ပင် မိတ္ထီလာမှာ ဦးသောဘိတ အသတ်ခံရသည်ကို မသိကျိုးကျွံ ပြုခဲ့သော်လည်း ဦးသောဘိတကို သတ်သော ကုလားများကို ကျွန်းဒဏ်ချမှတ်သည့်အခါ  “တရားရုံးက ထင်သာမြင်သာ မရှိ”ဟု ထ ဝေဖန်၏။
လာရှိုးမှ မအေးဝင်း အကြမ်းဖက်ခံရသည့်အခါ ဘာမျှ ဝင်မပြောသော်လည်း Two Child Policy ကိုတော့ လူ့အခွင့်အရေးနှင့် မညီဟု ဝေဖန်ခဲ့၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်တပ်ထားသော်လည်း အမျိုးစောင့်ဥပဒေကို ယခုချိန်ထိ မထောက်ခံသေး။
ကမ္ဘာကျော်အတိုက်အခံပါတီကြီး တစ်ခုဖြစ်ပါလျက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေတိုင်းမှာ သဘောထား ကြေညာချက် မထုတ်ပြန်နိုင်ခဲ့ဘဲ ကွက်ကျော်ကြေညာချက် ထုတ်ပြန်နေခြင်းမှာ သံဃာထုနှင့် လူထု၏ သံသယ ထုထည်ကို ပို၍ ကြီးမားခိုင်မာစေခဲ့လေသည်။
ဒေါ်အောင်ဆန်းစုကြည်က အားလုံး မျှမျှတတဖြစ်အောင် ကြေညာချက် ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ သော်လည်း ကိုထွန်းထွန်း ရက်ရက်စက်စက် အသတ်ခံရခြင်းနှင့်ပတ်သက်၍ သတ်သည့် မျိုးနွယ်စုအပေါ် ရော၊ တာဝန်ရှိသူအစိုးရအပေါ်မှာပါ ဘာတစ်ခုမျှ ဝေဖန်ထောက်ပြသည်မျိုး မတွေ့ရ။
ဒီမိုကရေစီသဘောတရားသည် မျှတခြင်းကို ဗဟိုပြုသည်လော……
အမှန်တရားနှင့် အများဆန္ဒကို ဗဟိုပြုသည်လော ……..
အမေစု မည်သို့ နားလည်ထားသည်မသိ။
တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် အမျိုးသားဒီမိုကရေစီကိုသာ လိုချင်သည်။
တစ်မျိုးသားလုံးကို ဗဟိုပြုသည့် အမျိုးသားဒီမိုကရေစီကိုသာ မြတ်နိုးသည်။
လူမျိုးခြားကို ကိုယ်စားပြုသည့် လူမျိုးခြားဒီမိုကရေစီကို မလိုချင်။
လူမျိုးခြားကို ဗဟိုပြုသည့် လူမျိုးခြားဒီမိုကရေစီကို မမြတ်နိုး။
အမျိုးစောင့်ဥပဒေ လွှတ်တော်မှာ အဆိုပြုသည့်အခါမှာလည်း စောင့်ကြည့်ရဦးမည်။
NLD-သည် အမျိုးသားဒီမိုကရေစီလော……..၊ လူမျိုးခြားဒီမိုကရေစီလော…..၊ အဘယ်ဒီမိုကရေစီ ဖြစ်လေမည် နည်း?
အကယ်၍သာ . . . . . .
လေးသန်းကျော်သော ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ပါမူ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဆိုင်းဘုတ်ကို “ဒီမိုကရေစီ အဖွဲ့ချုပ်” (သို့မဟုတ်) “လူမျိုးခြား ဒီမိုကရေစီအဖွဲ့ချုပ်”ဟုသာ ပြောင်းလဲ ခေါ်ဝေါ် ရတော့မည် ဖြစ်ပါ၏။
တကယ်အားကိုးခဲ့ပါသော . . . . .
တကယ် အားကိုးချင်ပါသော . . . . .
အမှန်တကယ် အားမရဖြစ်နေပါသော . . . . .
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
7.7.2014
PM 3:14


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...