Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ယနေ့ မောင်တောနှင့် အနာဂတ်ရခိုင်ပြည်”

$
0
0


29.3.2014 ရက်နေ့မှာ မောင်တောမြို့နယ်၊ မကျည်းကုန်းရွာသားတစ်ဦး လုပ်ကြံသတ်ခံခဲ့ရပါတယ်။
ဦးထွန်းစိန်(၄၉)နှစ်၊ သက်လူမျိုးတိုင်းရင်းသားတစ်ဦးပါ။
မနက် 8:00 နာရီ၊ တောင်ယာခင်းသို့ထွက်သွားခဲ့ပြီး ထမင်းစားချိန်ပြန်မလာ၍ လိုက်သွားရာမှ မွန်းလွဲ 2:00 နာရီမှာ လူသေအလောင်းကို တွေ့ခဲ့ရတာပါ။ သမီးဖြစ်သူ ဒေါ်ဦးလှမေကိုယ်တိုင် တွေ့မြင်ခဲ့ရတာပါ။
ဘင်္ဂလီများလက်ရာဖြစ်သည့် လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်အပြင် ဦးခေါင်း၊ ကျော ဒဏ်ရာဒဏ်ချက်များနှင့် အတူ မျက်နှာတစ်ခုလုံး သွေးတွေဖုံးနေတာတွေ့ရပါတယ်။ ကုလားဦးထုတ်တစ်လုံး၊ အင်္ကျီတစ်ထည်၊ ဘင်္ဂလားငွေတိုငွေစတွေ ကျန်ရစ်ခဲ့တာလည်း တွေ့ရပါတယ်။
ဦးထွန်းစိန်တို့ မကျည်းကုန်းရွာမှာ ရခိုင်နှင့် သက်လူမျိုးတို့နေထိုင်ကြပြီး၊ မောင်တောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အပိုင်နယ်မြေဖြစ်ပါတယ်။
ဦးထွန်းစိန်က ဇနီး ဒေါ်မကျော့နှင့်အတူ သားသမီးလေးယောက်ထွန်းကားပြီး၊ ရိုးရိုးသားသား တောင်ယာ လုပ်ကိုင်စားသောက်နေထိုင်ခဲ့သူဖြစ်ပါတယ်။
သမီးနှစ်ယောက်က အိမ်ထောင်ခွဲနေထိုင်ပြီး၊ သားဖြစ်သူမောင်ထွန်းရီဝင်းက ရန်ကုန် GTI ကျောင်းတက်နေ ကာ သမီးငယ်လေးမသန္တာဝင်းက ၆ တန်းဖြေထားသူဖြစ်ပါတယ်။
အခု လုပ်ကိုင် ရှာဖွေကျွေးမည့် ဖခင်ဦးထွန်းစိန်မရှိတော့လို့ မိခင်ကြီးနှင့် သားသမီးနှစ်ယောက် စားဝတ်နေရေး ပညာရေးကအစ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာ တွေးမိတိုင်း ရင်လေးနေရပါပြီ။
လုပ်ကြံသူ ဘင်္ဂလီများသည် လှည့်ပတ်ဓားပြတိုက်နေသူများဖြစ်နိုင်ပြီး၊ RSO တွေနှင့် ဘယ်လိုပတ်သက်မှန်း မသိနိုင်ဖြစ်နေကြပါတယ်။
ဦးထွန်းစိန် လုပ်ကြံမခံရမီ 28.3.2014 ရက်နေ့ညမှာ မကျည်းကုန်း မူဆလင်ရွာကို ဓားပြဝင်တိုက်ရာ ငွေတစ်သိန်းနှင့် ရွှေနှစ်ကျပ်သားပါသွားပြီး အိမ်ရှင်အမျိုးသားတစ်ယောက်လှံချက်မိခဲ့တယ်လို့ ဆိုပါတယ်။
ဦးထွန်းစိန်ကို 29.3.2014 မှာ နေ့ဘက်ကြီးမှာ လုပ်ကြံခဲ့ခြင်းဖြစ်ပြီး၊ ၄င်းနေ့ ညအချိန်မှာ ရွာသာယာ ရခိုင်ရွာနှင့် မနေ့က(31.3.2014) နေ့မှာ သာယာကုန်းရခိုင်ရွာတို့လည်း ဓားပြတိုက်ခံခဲ့ရပါတယ်။ ရွာသူ/သားများ သတိဝီရိယနှင့် နေကြလို့သာ အသတ်မခံရခြင်း၊ လုယက်မခံရခြင်းဖြစ်ပါတယ်။
အခုအချိန် ခြေရာခံမရ၊ တရားခံရှာမရဖြစ်နေလို့ မောင်တောသူ/သားများ စိုးရိမ်ကြောင့်ကြဖြစ်နေကြပါတယ်။
ဒါ့အပြင် ဘင်္ဂလီရွာအချို့က ညအခါ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သံပြိုင်ကြွေးကြော်ခြင်းများ ပြုလုပ်နေကြပြီး၊ မနေ့က (31.3.2014) သန်းခေါင်စာရင်းကောက်ယူသူများကို “ရိုဟင်ဂျာ ရိုဟင်ဂျာ” ဝိုင်းအော်ပြီး နှောက်ယှက်ကြလို့ သန်းခေါင်စာရင်းကောက်မရဖြစ်နေပါတယ်။
စစ်တွေမြို့နယ် သဲချောင်းဘင်္ဂလီဒုက္ခသည်စခန်းမှာလည်း ဘင်္ဂလီတွေက ဘင်္ဂလားအလံလွှင့်ထူထားခြင်း ဘင်္ဂလားအလံကိုင်ဆောင်ပြီး စီတန်လှည့်လည်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
အခြေအနေတွေ တင်းမာလျက်ရှိပြီး၊ ရခိုင်ပြည်သူတွေ အကြမ်းဖက်ဒဏ် ထပ်မံခံရဦးမည့်  ပုံစံမျိုးပါပဲ။
ဘာပဲဖြစ်ဖြစ် ရန်လိုသူတို့ ဘယ်လိုပဲ ရန်စရန်စ မောင်တောမြို့ကြီး အထိအခိုက် မခံနိုင်ပါဘူး။ မောင်တောပြည်သူတွေ ဘင်္ဂလီဘေးဒဏ် အသင့်မခံနိုင်ပါဘူး။
RSO တွေ ငွေပြတ်နေခြင်း၊ ထွက်ပေါက်ပိတ်မိနေခြင်းတို့ကြောင့် ဘင်္ဂလီရွာပါမချန် ဓားပြတိုက်နေတာကို ရွှေမြန်မာအစိုးရ လက်ပိုက်ကြည့်နေခဲ့သော်…..
ဘင်္ဂလားအလံနှင့် “ရိုဟင်ဂျာ” အမည်နာမ ပြဿနာဟာ RSO သွေးထိုးနေတာမှန်းသိပါလျက် မပြတ်သားခဲ့သော် တပ်မတော်လည်း အားမကိုးရ အစိုးရလည်း အသုံးမကျ ဖြစ်သွားပေလိမ့်မည်။
စုံစမ်းရန်=09.250330249(ဒေါ်မကျော့-တစ်ဆင့်ဖုန်း)
            09.33623555(ဦးမဏိသာရ-မောင်းတော)


   043.55014(မောင်တောမြို့မရဲစခန်း)
ပြစ်မှုကြီးအမှတ်(ပ)၅၆/၂၀၁၄။ ပုဒ်မ (၃၀၂)
 


Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း