“မာဖီးယားကို စိတ်ဝင်စားသူများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ”
ဒေါ်သင်းသင်းလှိုင် မိသားစုဝင်များ၏ ဖြစ်စဉ်(၁)
ကျွန်မတို့ ရပ်ကွက်အတွင်း ဖြစ်ပျက်လျှက်ရှိသော ဖြစ်ရပ်မှန်များကို တင်ပြခြင်းဖြစ်ပါသည်။ အစိုးရဘက်မှ ကလေးသူငယ်များ ညှဉ်းပန်းနှိပ်စက်မှုတွင် သက်သေလိုက်မိသည့်အတွက် ယနေ့ အထိတိုင်း ဒုက္ခပေါင်း များစွာ ခံစားရသလို နင်းပြားဘဝနှင့် အဖက်ဖက်မှ မြို့လယ်ခေါင်ကြီးတွင် မထီမဲ့မြင် ဥပဒေမဲ့ နေဝင်း၏ လီဆယ် မှုကြောင့် ကျွန်မတို့ မိသားစု၏ ကံကြမ္မာမှာ ထောင်နန်းစံခဲ့ရပါသည်။
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၁၉×၂၀ ကြား ၈၀×၈၁ လမ်းကြားရှိ စက်ရှင်ဝင်းအတွင်း အကွက် (၁၄၇)၊ ပုလဲငွေရောင်ရပ်ကွက်တွင် ကျွန်မ မမိုးမိုး(ခ)မခင်မာဋ္ဌေးနှင့် မသင်းသင်းလှိုင်(ခ) မသီတာရီ တို့ ညီအမနှစ်ဦးမှာ ကလေးသူငယ်များ ညှဉ်းပန်းနှိပ်စက်ရက်စက်မှုတွင် အစိုးရဖက်မှ အဓိကသက်သေများ ဖြစ်ကြပါသည်။ နေကဖေးပိုင်ရှင် ပူလူး(ခ)နေဝင်းနှင့် ၄င်း၏ ဇနီး ပုတီ(ခ)နွယ်နွယ်အေးသည် အလုပ်သမားများအား ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ကလေးများအနက်မှ ခေါစိန်(ခ)သဲကို အား ရေနွေးပူဖြင့် ပက်ခြင်း၊ ဟင်းလှီးဓားဖြင့် လှီးဖြတ်ခြင်း၊ ယောကမဖြင့် ရိုက်နက်သဖြင့် သွားများပဲ့၍ သွေးများယိုကျခြင်း၊ မျက်နှာများဖူးယောင်ခြင်း များဖြစ်သည့်အခါ ကျွန်မ မမိုးမိုးနှင့် မသင်းသင်းလှိုင်တို့ မိသားစုဝင်များမှာ အိမ်ချင်းကပ်နေသည့်အတွက် အလုပ်သမားလူငယ်များ ခံစားခဲ့ရသည့် ဒဏ်ရာများအား မကြာခဏဆေးလိမ်းပေးခြင်း၊ ဆေးတိုက်ကျွေး ခြင်းများ ပြုလုပ်ပေးရပါသည်။ ၄င်းဆိုင်ရှင်ဇနီး မောင်နှံမှာ အလုပ်သမားများကို အပြစ်ရှာကြံ၍ ရိုက်နှက်တတ်ပါသည်။
ဟင်းအိုးတူးခြင်း၊ ခရမ်းချဉ်သီးပုတ်ခြင်း၊ ဟင်းအိုးအနှစ် မကျေခြင်း၊ အာလူးသီးပုတ်ခြင်း၊ ကြသွန်ကြော်ရာတွင် သုံးယောက်စိတ်ရသည့်အတွက် အထူးအပါးအညီ၍ ပါးသည့်ကြက်သွန်နီ အရင်နီ၍ ထူသည်ကြက်သွန်နီ မနီသောအခါ တူးသည်ဟု ယူဆ၍ နီးစပ်ရာလက်နက်များဖြင့် ပစ်ပေါက်ခြင်းများ ရိုက်နှက်ခြင်းများကို ကျွန်မ မကြာခဏ မြင်တွေ့နေရပါသည်။ ကျွန်မတို့နှင့် မဆိုင်သဖြင့် ဘာမှ ဝင်မပြောပါ။
နေဝင်းနှင့် ကျွန်မတို့ မိသားစုသည် ဘယ်သောအခါကမျှ ရန်ငြှိုး ရန်စ မရှိခဲ့ဘူးပါ။ အလုပ်သမားများအား ညှဉ်းပန်းနှိပ်စက်သောအခါများတွင်သာ ၄င်းတို့မသိအောင် အမြဲတမ်း ကူညီပေးလေ့ရှိသော မိသားစုများ ဖြစ်ပါသည်။
တစ်နေ့တွင် ခေါစိန်(ခ)သဲကိုသည် ၄င်း၏ ဆိုင်ရှင်ဇနီးမောင်နှံမှ ဓားဖြင့်ခုတ်ခြင်း၊ ရေနွေးပူဖြင့်ပက်ခြင်း၊ ယောကမဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် မခံစားနိုင်၍ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။ ရက်အနည်း ငယ်အတွင်းမှာ မြန်မာဗုဒ္ဓဘာသာကလေးသူငယ်များကို ညှဉ်းပန်းနှိပ်စက်မှုအား လူကုန်ကူးမှု တားဆီးတိုက်ဖျက် ရေးအဖွဲ့အစည်းမှ ကျွန်မတို့ ညီအစ်မ(၂)ဦးအား ခေါ်ယူစစ်ဆေးရာတွင် ရိုက်တာများမြင်ကြောင်း၊ ရိုက်ခံရသည့် ဒဏ်ရာများ ဆေးလိမ်ပေးခြင်း၊ ဆေးတိုက်ခြင်းများကို ပြုလုပ်ပေးပါသည်ဟု အမှန်အတိုင်း ထွက်ဆို ပေးခဲ့ပါသည်။ ၄င်းကလေးငယ်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ ၄င်းဇနီးမောင်နှံနှစ်ဦးမှာ ငါတို့ ကုလားအိမ်ဖြစ်လို့ ဘုရားရှိခိုးခြင်းများ မပြုလုပ်ရန် တားဆီးပါသည်။ ကလေးသူငယ်များသည်လည်း ညစဉ် ဘုရားရှိခိုးမြဲ ရှိခိုးလဆက်ရှိပါသည်။
၎င်းဇနီးမောင်နှံတွေ မြင်၍ ကလေးများကို ပြန်ပြီး ရှိခိုးခိုင်းပါသည်။ သြကာသဟု ဆိုစဉ်မှာ ရင်ညွန့်အား နေဝင်းမှ ခြေထောက်ဖြင့် ဆောင့်ကန်သည်။ ထပ်တလဲလဲ ဆိုခိုင်းပြီး ရှေ့နောက် အဆက်မပြတ်ကန်ခြင်းပြုလုပ်၍ ကလေးများ၏ ဓလေ့ကို ချိုးဖြတ်ပစ်ပါသည်။ အထက်ပါ အကြောင်းအရာများအားလုံးကို လူကုန်ကူး တားဆီး တိုက်ဖျက်ရေးအဖွဲ့သို့ တင်ပြပါသည်။ သက်သေခိုင်လုံသည့်အတွက် နေဝင်းတို့ ဇနီးမောင်နှံနှစ်ဦးမှာ ပုဒ်မ ၃၇၀၊၃၇၁ အရ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါသည်။
ခရိုင်တရားရုံးတွင် ကျွန်မတို့ မိသားစုဝင်များအားလုံးကို အမှတ်(၅)ရဲစခန်းနှင့် အောင်မြေသာဇံ တရားရုံးရှိ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မလိုအပ်သော သြဇာအာဏာများကို သုံး၍ (၂၀၀၉) ခုနှစ် (၄) လပိုင်း (၂၃)ရက်နေ့တွင် ကျွန်မတို့ မိသားစုများ ပိုင်ဆိုင်သော အိမ်အား လူစုဖွဲ့၍ ဓားဖြင့်ခုတ်ခြင်း၊ ရေနွေးဖြင့် ပက်ခြင်း၊ အက်စစ်များ ပက်ခြင်း၊ လေးခွများဖြင့် ပစ်ခြင်း၊ အိမ်ထရံများကို ဓားဖြင့် ထိုးခြင်းများ၊ သားမယားကဲ့သို့ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ကျွန်မတို့ မိသားစုဝင်များအားလုံး အိမ်ထဲတွင် ပိတ်မိနေခဲ့ပါသည်။ ၄င်းတို့ ဖျက်ဆီးရခြင်း၏ အကြောင်းအရင်းမှာ ခေါစိန်ကဲ့သို့ ခံစားရသော အလုပ်သမားလူငယ်လေးများလည်း ထပ်မံ၍ တိုင်ကြားခဲ့ကြပါသည်။
ကျွန်မတို့ ညီအစ်မနှစ်ဦးဟာ ခေါစိန်ကဲ့သို့ပင် မကြာခဏ ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါတိုင်း ဆေးလိမ်းပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ပေးပါသည်ဟု လူကုန်ကူးမှုအဖွဲ့တွင် ထွက်ဆိုခဲ့သဖြင့် နောက်မှုအဖြစ် ဇေယျာအောင်၊ စည်သူအောင်၊ ဆန်းမင်းထွန်းတို့၏ အမှုတွင်လည်း အစိုးရဖက်မှ အဓိက သ်သေများ ဖြစ်ကြပါသည်။
၂၀၀၉ ခုနှစ်၊ ၄-လပိုင်း (၂၇) ရက်နေ့တွင် ကလေး(၃)ယောက် အမှုတွက် တရားရုံးမှ ဆင့်ခေါ်လာသဖြင့် အစိုးရဖက်မှ သက်သေမထွက်ဆိုနိုင်ရန် နည်းမျိုးစုံဖြင့် အမှုဆင်ခဲ့ခြင်း ဖြစ်ပါသည်။ အိမ်ဖျက်ဆီးသည့် အထဲတွင် နေဝင်းနှင့် ၄င်းတို့၏ ကိုးယောက်မြောက်ဇနီး မစိုးမိနိုင်၊ စိုးမိနိုင်၏အစ်မ မတင်တင်အေး၊ နေဝင်း၏ညီ စန်းမောင်နှင့် ဇနီးဖြူပြာအောင်၊ နေဝင်း၏အစ်မ မသန်းသန်းမြင့်၊ နေဝင်း၏ တူမ မဇာခြည်အောင်၊ နေဝင်း၏ အမေတူ အဖေကွဲ ညီမ အဥနှင့် ၄င်း၏ ခင်ပွန်းအောင်ပု၊ နေဝင်း၏အစ်ကို စိုးနိုင်၊ ခင်မောင်ဝင်း၊ တင်တင်အေး၏ မိခင်နေဝင်းကိုးယောက်မြောက် ဇနီး မစိုးမိနိုင်၏ အမေ ဒေါ်ပူစီး၊ ၄င်း၏ ညီအစ်ကို မောင်နှမများနှင့် လူယုံတော်များက အစိုးရသက်သေ မိသားစုဝင်များ၏ အိမ်အား ဖျက်ဆီးပစ်ကြပါသည်။
၂၀၀၉ ခု၊ ၄ လပိုင်း၊ ၂၃ ရက်နေ့ နံနက် ၉ နာရီမှစ၍ အသက်ကြီး မိခင်အိုကြီးနှင့် တကွကလေး သူငယ်များ အပါအဝင် မိသားစုဝင်များအားလုံး အိမ်ထဲတွင်ပိတ်၍ အစာရေစာ မစားရမသောက်ရ၊ ကျင်ကြီးကျင်ငယ် မစွန့်ရ၊ အိမ်ထဲတွင် ပိတ်မိနေခဲ့ရာ ၂၃ ရက်နေ့ ညတွင် မီးမောင်ကြီးတစ်ခုဖြင့် အိမ်ဖက်ကို ထိုး၍ အရိပ်မြင်လျှင် ရက်စက်စွာ ထုခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ကြပါသည်။
၂၀၀၉ ခုနှစ်၊ ၄ လပိုင်း ၃၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျွန်မတို့ အိမ်၏ မြောက်ဖက် လူတစ်ယောက်စာ ထွက်နိုင်သော တံတိုင်းတစ်ခု ရှိပါသည်။ ၄င်းအိမ်ရှင်သည် မြန်မာဗုဒ္ဓဘာသာ လူမျိုးဖြစ်ပါသည်။ ကျွန်မတို့ မိသားစုမှ အကူအညီတောင်းရာ သနားစာနာထောက်ထား၍ ကူညီပေးခဲ့ပါသည်။ ၄င်းတို့ အိမ်ဖက်မှာ အုတ်တံတိုင်းကိုကျော်၍ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အိုးအိမ်ကို စွန့်၍ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါသည်။ ထိုသို့ဖြစ်စဉ် ကျွန်မတို့ (၁၉၉)သို့ ၂-ကြိမ်ဖုန်းဆက်၍ အကူအညီတောင်းပါသည်။ မည်သူမျှ မလာကြပါ။ ကလေးငယ်များနှင့် သက်ကြီးအမေအိုမစားမသောက်ရပဲ တစ်နေ့တာလုံး အိမ်အတွင်း ပိတ်မိသောအခါ မည်သည့်နေရာမှ ထွက်ပေါက်မရှိပါ။ နေဝင်း၏ မိသားစုများက ထွက်လျှင် အက်စစ်ဖြင့် ပက်မည်ဟု အော်နေကြ သဖြင့် အပြင်သို့ မထွက်ရဲပါ။ မသင်းသင်းလှိုင်၏ခင်ပွန်း ဇော်မင်းဦးနှင့် မမိုးမိုး၏ ယောက်ျားဖက်မှ ဦးလေး၊ အစ်ကိုများမှာ အမှတ်(၅)ရဲစခန်းသို့သွား၍ တိုင်တန်းသော်လည်း ဂွဖြင့် ပစ်လျှင် ၄င်းတို့ကို ထိမှန်လိမ့်မည်။ အက်စစ်ဖြင့် ပက်လျှင်လည်း တာဝန်မှူးများ ထိခိုက်လိမ့်မည်ဟု ပြောပါသည်။ အရှင်းဆုံးကတော့ ကျွန်တော်တို့ ပြောပြမယ်။ နေဝင်းကို သတ်သာပစ်လိုက်ဟု ပြောပါသည်။ ဒါမှမဟုတ် နံနက်စောစောကျမှ အိမ်ထဲပိတ်မိ နေတဲ့ မိသားစုများအား ထုတ်ပေးမည်ဟု ပြောပါသည်။
ရပ်ကွက်သူရပ်ကွက်သားများမှလည်း ကျွန်မတို့မိသားစုအား နမူနာယူ၍ မည်သူမျှ မကူရဲပါ။ နောက်ဖက်အိမ်က အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ရပါသည်။
မြို့သစ်၊ ဗ-၂၄၊ မြရည်နန္ဒာတွင် မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် အိမ်တစ်လုံး အခမဲ့ခိုလှုံခွင့် ရခဲ့ပါသည်။ ကျွန်မတို့ အစ်မ မစိုးစိုး ဆိုသူမှာ မြရည်နန္ဒာမြို့သစ် ဗ-၂၂ တွင် နေထိုင်ပြီး ကိုင်းတန်းဈေးတွင် ပျံကျဈေးသည် အဖြစ် ဈေးရောင်းပါသည်။ ကျွန်မတို့အိမ်ဖျက်ဆီးသည့်အချိန်တွင် မစိုးစိုးမှာ ကိုင်းတန်းဈေးတန်းထဲတွင် ဈေးရောင်းလျှက်ရှိပါသည်။ အိမ်ဖျက်ဆီးသည့်သတင်းကို ကြားသိသောအခါ မစိုးစိုးသည် ၄င်းတစ်ဦးသာ ကျန်တော့သည်ကို ကြောက်လန့်ပြီး ဆိုင်ပိတ်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။ ၄င်း၏ ရန်ကိုကြောက်၍ တိမ်းရှောင်နေစဉ် နေဝင်းမှ ၄င်း၏မိမ်ကို ကျွန်မတို့မိသားစုမှ ဖျက်ဆီးခဲ့ပါသည် လီဆယ်တိုင်ကြားခဲ့ပါသည်။ ရဲများမှ လက်ခံခဲ့သည့်အတွက် ဝရမ်းပြေးဘဝသို့ ရောက်ခဲ့ရပါသည်။
မြို့သစ်သို့ တိမ်းရှောင်နေစဉ် ရဲများ ရဲမေများသည် နေဝင်း၊ စိုးမိနိုင်၊ မရီး တင်တင်အေး၊ ညီစန်းမောင်၊ အစ်မ မသန်းသန်းမြင့်၊ တူမ မဇာခြည်အောင်နှင့် ကျန်ရှိသောသူများနှင့် အတူ နေဝင်း၏ ကိုယ်ပိုင်ယာဉ်ဖြင့် လာရောက်ဖမ်းဆီးရာ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ မြရည်နန္ဒာ မြို့သစ်၊ ဗ-၂၂ တွင် သီးသန့် နေထိုင်၍ လုပ်ကိုင်စားသောက်လျှက်ရှိသော အစ်မ မစိုးစိုးအားလည်း သွားရောက်ဖမ်းဆီးခဲ့ပါသည်။ အမှတ်(၅) ရဲစခန်းမှ ဒုရဲအုပ်ညီညီ၊ ဒုရဲအုပ်ဇော်မင်းမင်းနှင့် အဖွဲ့ဝင်များအားလုံး ပုဒ်မများကို လီဆယ်၍ နေဝင်းဘက်မှ လိုက်ပြီး မတရားအမှုများ ဖွင့်ခဲ့ပါသည်။
နေဝင်းမှလည်း သက်ဆိုင်ရာ စခန်းများအား စားသောက်ဖွယ်ရာများ နေ့စဉ်ပေးပို့ခြင်း၊ လိုအပ်သည်များကို ပံ့ပိုးခြင်းများ ပြုလုပ်ပေးလျှက်ရှိပါသည်။ ကျွန်မတို့ အိမ်ဖျက်ဆီးမှုနှင့် ပတ်သက်၍ အိမ်ပိုင်ရှင် ဖြစ်သော မိခင်ဒေါ်ရီမှ အိမ်ဖျက်ဆီးခံရ၍ နစ်နာသည့်အပေါ် အမှုဖွင့်ခဲ့ပါသည်။ မည်သို့မျှ ဖြစ်မလာခဲ့ပါ။
နေဝင်းသည် ထပ်မံတိုင်ကြားသော အလုပ်သမားများဖြစ်သည့် ဇေယျာအောင်၊ စည်သူအောင်၊ ဆန်းမင်းထွန်း တို့၏ အမှုများ တက်လာသောအခါ တရားရုံးမှ အာမခံရုတ်သိမ်းလိုက်သည့်အခါ နေဝင်းမှာ အဖမ်းခံစရာ မလိုကြောင်း တရားသူကြီးများအား ပေးကမ်းထားကြောင်း အော်ဟစ်၍ ထွက်ပြေးရာ လိုက်ဖမ်းသော ရဲများအား နေဝင်း၏ ဇနီး စိုးမိနိုင်၊ တင်တင်အေး၊ အစ်မ သန်းသန်းမြင့် တူမ မဇာခြည်အောင် အပါအဝင် မိန်းမများမှာ နေဝင်းလွတ်မြောက်ရန် ကာရံပေးပြီး ရဲများအား ဖုန်းဝယ်ပေးထားကြောင်း မည်သူ့ကို ဘယ်ရွေ့ ဘယ်မျှ ပေးထားကြောင်း အော်ဟစ်ပြောဆိုပြီး ဖိနပ်များနှင့် ပစ်ပေါက် ရိုက်နှက်ခဲ့ရာ တရားရုံးတွင် ရုန်းရင်း ဆန်ခတ်များ ဖြစ်ခဲ့ရသည်ကို သိရှိခဲ့ရပါသည်။ ထိုနေ့မှစ၍ နေဝင်းသည် ဝရမ်းပြေးဖြစ်ခဲ့ရပါသည်။
နေဝင်းဘက်မှ ကျွန်မတို့ မိသားစုအပေါ်တွင် လီဆယ်တိုင်ကြားထားသော အမှုများတွင် တရားလို သက်သေနှင့် တရားလိုပြသက်သေများမှာ ၄င်း၏ ဆွေမျိုးသားချင်းအရင်းအချာများနှင့် ၄င်း၏ အလုပ်သမားများသာ ဖြစ်ပါသည်။
ကျွန်မတို့မိသားစု မြရည်နန္ဒာမြို့သစ်မှ ဆင်ဖြူမယ်ကျောင်းတိုက်ဆရာတော် ယခင်သံဃနာယကဆရာတော် ဦးဥတ္တရထံတွင် ခိုလှုံခွင့် တောင်းခံခဲ့ရာ ဆရာတော်မှ ၄င်းပိုင်ဆိုင်သော အမရပူရမြို့ရှိ ရွှေရင်းရဲကျောင်း တွင် ခိုလှုံခွင့်ပေးခဲ့ပါသည်။
ကျွန်မတို့ မိသားစုဝင်များသည် ကလေးသူယ်များမှအပ ကျန်ရှိ လူအားလုံးမှာ နေဝင်း၊ တင်တင်အေး၊ ဖြူပြာအောင် တို့ လီဆယ်တိုင်တန်းသောအမှုတွင် ပါဝင်နေသူများဖြစ်၍ တိမ်းရှောင်နေခြင်းဖြစ်ပါသည်။ မျိုးလွင်၊ မစိုးစိုး၊ မျိုးမင်းထွန်း၊ မျိုးသီဟထွန်းတို့မှာမူ ဖမ်းဆီးခြင်းခံခဲ့ကြရပါသည်။ ထိုစဉ်က ကျွန်မ မသင်းသင်းလှိုင် သည် ကိုယ်ဝန်အရင့်အမာနှင့် ရှိပါသည်။ ကျွန်မတို့၏ မိသားစုဝင်များမှ ကျောင်းနေအရွယ်ကလေးများမှာလည်း ကျောင်းမှထွက်၍ မိဘများတိမ်းရှောင်ရာသို့ လိုက်လံခဲ့ရပါသည်။ ကျွန်မတို့မှာ ရုံးချိန်းကတစ်ဖက် မွေးဖွားနီး ကိုယ်ဝန်သည်ကတစ်ဖက်၊ ဝရမ်းပြေးများဘဝ ရောက်နေ၍ လုပ်ကိုင်မစားရဲသည်က တစ်ဖက်နှင့် နည်းမျိုးစုံ ခံနေခဲ့ရပါသည်။
ဆရာတော်သံဃာတော်များ၏ ဆွမ်းကျန်များ ကျွေးမွေးစောင့်ရှောက်ခဲ့၍သာ အသက်ရှင်ခဲ့ပါသည်။ ရုံးချိန်းတွင်လည်း မောင်နှမများအား သွားမတွေ့ရဲပါ။ ကျွန်မသည် မီးဖွားခါနီးအချိန်တွင် အစာအဟာရ ချို့တည့်သည့်ဒဏ်၊ မွေးဖွားစရိတ်မရှိသည့်အတွက် မည်သည့်ဆေးရုံ၊ ဆေးခန်းသို့မျှလည်း မပြသနိုင်ခဲ့ပါ။ အားအင်ပြတ်နေသည့်အတွက် မည်သူမျှလည်း တာဝန်မယူရဲပါ။ (၂၀၀၉) ခုနှစ် ၁၂ လပိုင်း(၈)ရက်နေ့ညနေ တွင် အနေခက်သည့်အတွက် နီးစပ်ရာဆေးခန်းသို့ သွားရောက် အကူအညီတောင်းရန်သွားစဉ် အမရပူရမြို့နယ် ကွက်သစ်ဈေးထိပ်ရှိ သင်္ကြန်မိုးစတိုးဆိုင်ရှေ့ ကျောက်လမ်းမတွင် သမီး မိန်းကလေး ဖွားမြင်ခဲ့ပါသည်။ ဖွားမြင်ပြီး ပတ်ဝန်းကျင်၏ အကူအညီဖြင့် ရွှေရင်းရဲကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မီးတွင်းထဲ၌လည်း အစာအဟာရ မစားရသည့်အတွက် နို့မထွက်သဖြင့် ကလေးအား နို့မတိုက်နိုင်ခဲ့ပါ။ သံဃာတော်များနှင့်တကွ ပတ်ဝန်းကျင်ရှိ သူတော်ကောင်းများ၏ အကူအညီကြောင့် အသက်ရှင်ခဲ့ရပါသည်။
၂၀၀၉ခု၊ ၁၂-လပိုင်းတွင် နေဝင်း ဝရမ်းပြေးခဲ့ရာမှ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ထိုသို့ နေဝင်း ဖမ်းဆီးခံရပြီး မန္တလေးအကျဉ်းထောင်သို့ ရောက်သောအခါ ၄င်းတို့ လီဆယ်တိုင်တန်း၍ ထည့်ထားသော ကျွန်မတို့၏ မောင်များနှင့် ထောင်ထဲမှာ တွေ့ဆုံသောအခါ နေဝင်းမှ ညှိနှိုင်းစကားပြောဆိုခဲ့ပါသည်။ ကျွန်မ၏ မောင်များမှ ညှိနှိုင်းရန် မည်သည့်အကြောင်းမျှ မရှိကြောင်း ပြော၍ ငြင်းပယ်ခဲ့ပါသည်။ ထိုနောက် နေဝင်းမှ ၄င်း၏ ညီ စန်းမောင်နှင့်တကွ ၄င်းနှင့်ငွေကြေး ပတ်သက်လျှက်ရှိသော ဦးမောင်မောင်(မြနဒီ)၊ မာမာမြင့်(ဆေးဗား စတားဟော်တယ်ပိုင်ရှင်)၊ ကတုံးညီညီ(ခ)ပေသီး(သိန်းသန်းစက်ဘီးဆိုင်) တို့မှ ဦးစိုးမင်းအား ဆရာတော်တို့ထံ လိုက်လံ၍ ညှိနှိုင်းတောင်းပန်ပေးပါရန် အကူအညီ တောင်းခံခဲ့သဖြင့် ဆင်ဖြူမယ်ကျောင်းတိုက် ဆရာတော်ထံ ရောက်ရှိခဲ့ကြပါသည်။