Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးသံတမန်ကွန်ယက်” စာအမှတ် ၂၇/၂၀၁၄

$
0
0


၆.၇.၂၀၁၄
မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ မမှန်မကန် တင်ပြခဲ့ကြသော အောက်တန်းစား ဖေ့(စ်)ဘုတ်များနှင့် အွန်လိုင်းမီဒီယာများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။ ဆရာတော်သံဃာတော်များ နှင့် မိဘပြည်သူများကို မှားယွင်းသော သတင်းများကို လုပ်ကြံ၍ အဖျက်လုပ်ရပ်များကို လုပ်ခဲ့ကြသူများအား ကန့်ကွက်ဆန့်ကျင့်ပါသည်။ သေဆုံး ဒဏ်ရာရသူများသည် မည်သည့်ဘာသာဝင်ပင်ဖြစ်စေကာမူ မိမိတို့ အမိမြန်မာနိုင်ငံတော်၏ ရင်သွေးများသာ ဖြစ်ပါသဖြင့် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပဋ္ဌာန်းဆက်ပါ မိသားစုဝင်များဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးသံတမန်ကွန်ယက်မှ ဒိုင်းမွန်းရွှေကြည်က ယုံကြည်ပြီး အထူးဝမ်းနည်း ကြေကွဲမိပါသည်။ ၎င်းဖြစ်စဉ်နှင့် တပြေးညီ အချိန်တွင် ဖြစ်စဉ်အမှန်များကို မိမိတို့မှ သိရှိခွင့်ရ အောင် အသိပေးခဲ့သော သံဃာတော်အရှင်သူမြတ်များ ပြဿနာများကို မကြီးထွားအောင် ကာကွယ်ထိန်းသိမ်း ပေးခဲ့သော သံဃာတော်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နိုင်ငံတော် အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်အကြီးအကဲများ ကို အထူးလေးစားစွာ ကျေးဇူးတင်ရှိပါသည်။ မိမိ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစဉ်အမြဲ အကူအညီပေးသော စတုဒိသာ အလှူရှင်ဆရာတော်ကြီး နတ်စင်တစ်ရာ ဆရာတော်ဦးပညာတေဇ(သံလျှင်)အား ရဟန်းတော်သံတမန်ကောင်းအဖြစ် မိမိတို့ကွန်ယက်မှ အထူးလေးစား ကျေးဇူးတင်ရှိပါသည်။ ပြဿနာဖြစ်တိုင်း အကြမ်းမဖက်ရန် ပါဝင်ကူညီလျှက်ရှိသော ဂဠုန်နီဆရာတော် ဦးကာဝိယအားလည်း အထူးကျေးဇူးတင်ရှိပါသည်။ မိမိအား တယ်လီဖုန်းဖြင့် မန္တလေးမြို့မှ ဖုန်းဆက်၍ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာနှစ်ဖက် ယခင်ကအတိုင်း ချစ်ခင်ညီညွှတ်စွာဖြင့် ပုံမှန်အနေအထား ပြန်လည် ဖြစ်လာရန် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ၏ အခန်းကဏ္ဍနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍ အလွန်အရေးပါကြောင်းကို အသိပေးသော ကွန်ယက်မိတ်ဆွေများအားလည်း အထူးကျေးဇူး တင်ရှိပါသည်။ ၎င်းဖြစ်စဉ်၌ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များမှ စုံစမ်းစစ်ဆေးမေးမြန်းပြီး အမှန်တရားကို လူ့အဖွဲ့အစည်းသို့ ရှင်းပြရန် တာဝန်ရှိသူဟု မိမိတို့ကွန်ယက်မှ ထင်မြင်ယူဆပါသည်။ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များမှ ပြဿနာများပေါ်ပေါက်လာလျှင် အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်၍ ဖြေရှင်းသင့်သည်များကို ငြိမ်းချမ်းစွာ ဖြေရှင်း၍ ကန့်ကွက်ရှုံ့ချသင့်သည်များကို ကန့်ကွက်ရှုံ့ချခြင်းဖြင့် ဘာသာတစ်ခုနှင့် တစ်ခုကြား အထင်မြင်လွဲမှားမှုများကို အချိန်မီ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။ သို့ပါ၍ အစိုးရအသိမှတ်ပြု အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးများအနေဖြင့် ပြဿနာများကို နားစွင့်၍ အချိန်နှင့်တပြေးညီ သက်ဆိုင်ရာ သံဃာတော်များ နှင့် ပူးပေါင်းဖြေရှင်းခြင်းဖြင့် အနာဂတ် ဒီမိုကရေစီ မြန်မာနိုင်ငံတော်တွင် ငြိမ်းချမ်းစွာ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးပါရန် တာဝန်ယူမှု ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နိုင်ငံတော်အကျိုး သယ်ပိုးပေးကြပါရန် အထူးမေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
မိတ္တူကို နိုင်ငံတော် အဆင့်တာဝန်ရှိသူများထံ ပေးပို့အပ်ပါသည်။
MPC အသိအမှတ်ပြု ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်


Viewing all articles
Browse latest Browse all 2129

Trending Articles