“မာဖီးယားကို စိတ်ဝင်စားသူများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ”
ဦးဇော်မျိုးအောင် ဖြစ်စဉ် အပိုင်း(၂)
ထိုသို့ မိသားစုဘဝပျော်ရွှင်စွာ ဖြတ်သန်းလာရင်း ယခုနှစ်သင်္ကြန်ကျောင်းပိတ်ရက်မှာ ဆိုင်တွေပိတ်ရ ပါသည်။ ကျွန်တော်၏ဆိုင်က ရွှေထိပ်တန်း ကြွေပြားဆိုင်၊ စော်ဘွားကြီးကုန်း၊ အင်စိန် ဖြစ်ပါသည်။ သင်္ကြန် အစိုးရ ရုံးပိတ်ရက်ဖြစ်သောကြောင့် ကျွန်တော်တို့မိသားစုမှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဦးလေး၏ဇနီး၊ သမီးနှစ် ယောက်နှင့်အတူ လာရှိုး၊ မူဆယ်၊ ရွှေလီမြို့သို့ (၁၂-၄-၂၀၁၂) ရက်နေ့တွင် သွားရောက်လည်ပတ်ခဲ့ရာ (၁၉-၄-၂၀၁၂) နံနက် ၄ နာရီခန့်တွင် အမရပူရမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ကျွန်တော်တို့ မိသားစုသဖွယ် ရင်းနှီးသော ဦးလေးထွန်းထွန်းမှ ဆွမ်းချိုင့်ပို့ပေးနေသော ဥက္ကဋ္ဌဆရာတော်ထံ သွားရောက်နှုတ်ဆက်ပြီး တရုတ်ပြည်မှဝယ်လာ သော လှူဖွယ်ပစ္စည်းများကိုလှူဒါန်းရာ ဆရာတော်မှ တစ်ညလုံးကားမောင်းရတာ ပင်ပန်းတယ်၊ ကလေးငယ် တွေ လည်းပါတယ်၊ ဆရာတော်ကျောင်းမှာ တစ်နေကုန်းနားပြီး ရန်ကုန်သို့ခရီးဆက်ဖို့ ပြောသဖြင့် ကျွန်တော်၊ မိခင်၊ ဇနီး၊ ညီမ၊ သမီးနှစ်ယောက် စုစုပေါင်း ၅ ယောက်သည် ဆင်ဖြူမယ်ဆရာတော၏ကျောင်းတွင် တစ်နေကုန် နားခိုပြီး မှ ညနေ ၄ နာရီကျော် ၅ နာရီမှ ရန်ကုန်သို့ ပြန်ခဲ့ကြပါသည်။
ဤကဲ့သို့ ပြန်သွားကြသော ကျွန်တော်တို့မိသားစုကို နေဝင်း၊ စန်းမောင်တို့က မန္တလေးမြို့တွင် ရှိနေသည် ဟု ထင်ကာ ၎င်း၏တူမ မဇာခြည်အောင်ကို ကျွန်တော်ဇော်မျိုးအောင်နှင့် မိခင်ဖြစ်သူ ဒေါ်ခင်မမတို့မှ ၂၂ လမ်း ၈၂ လမ်းထောင့် နေ့နှစ်နာရီတွင် ကားပေါ်မှ ဆင်းကာ ပါးရိုက်ကြောင်း ဆဲဆိုကြောင်း ကျွန်တော်မှ ခြေထောက်နှင့် ကန်သဖြင့် ဆီးပုံးအောင့်သွားကြောင်းတိုင်းကြားရာ (၂၀-၄-၂၀၁၂) ရက်နေ့တွင် အမှတ် ၅ ရဲစခန်းမှူးထံ အမှု ဖွင့်စေခဲ့ပါသည်။
စခန်းမှူးကလည်း နေဝင်း၊ စန်းမောင်တို့နှင့် ရင်နီးသော အမှုစစ် ဒုရဲအုပ်ညီညီအား စစ်ဆေးစေခဲ့ပါသည်။ ဤနည်းဖြင့် ကျွန်တော်နှင့် မိခင်ရောဂါသည် ဒေါ်ခင်မမတို့မှာ တရားခံဘဝသို့ ရောက်ခဲ့ရပါသည်။ (၂၄-၅-၂၀၁၂) ရက်နေ့ ညနေပိုင်းတွင် ကျွန်တော်နှင့် မိခင် ဒေါ်ခင်မမတို့မှာ အမှတ် ၅ ရဲစခန်းသို့ သွားရောက် အစစ်ဆေး ခံခဲ့ရပါသည်။ စခန်းသွားရာ လမ်းတစ်လျှောက်တွင် နေဝင်း၊ စန်းမောင်တို့၏ အန္တရာယ်ကို ကြောက်သဖြင့် ဆင်ဖြူ မယ်ကျောင်းတိုက်မှ သံဃာသုံးပါး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူထံမှ သံဃာသုံးပါး၏ အကူအညီဖြင့် စစ်ဆေးခံခဲ့ရာ နေဝင်း၊ စန်းမောင်တို့သည် ကျွန်တော်တို့ သားအမိ အမှတ် ၅ ရဲစခန်းတွင် အစစ်ဆေးခံရသည်ကို ဘယ်က သတင်းရသည်မသိ အမှတ် ၅ ရဲစခန်းတည့်တည့် လမ်းသွယ်မှနေ၍ ၎င်းတို့ညီအစ်ကို နှစ်ယောက်နှင့် လူမိုက်တစ်စုသည် ကားအမှတ် (ဘ/........) ပေါ်နေ၍ ကြည့်နေကြရာ သံဃာတော်များပါသဖြင့် နောက်ဆုတ် သွားခြင်းဖြစ်ပါသည်။ သံဃာတော်များမပါလားလျှင် ကျွန်တော်တို့ သားအမိနှစ်ယောက်ဘဝမှာ မတွေဝံ့ပါဘူးဗျာ။ ဆရာတော်တွေကလည်း နေဝင်း၊ စန်းမောင်တို့၏ မင်းမဲ့စရိုက်ဆန်မှုတွေက ကြောက်စရာအလွန်ကောင်းသော ကြောင့် သံဃာတွေ၏ အစောင့်အရှောက်ဖြင့် သွားလာရန်သာ ညွန်ကြားထားသည်မှာ ကျေးဇူးကြီးမားလှပါသည်။
နေဝင်း၊ စန်းမောင်တို့ကလည်း မဇာခြည်အောင်၏ အမှုအတွက်လိုအပ်သောသက်သေကို နေဝင်း၊ စန်း မောင်တို့၏ မိခင်၏နောက်အိမ်ထောင်မှ မွေးသေားသမီး အသဲ (ခ) သန်းသန်းအေးနှင့် ၎င်း၏ယောကျာ်း အောင်ပု တို့ကို သက်သေထွက်ဆိုခိုင်းခဲ့ပါသည်။ အမှုစစ် ဒုရဲအုပ်ညီညီမှလည်း အမှုကို ခိုက်မာစွာစစ်ဆေးခြင်း၊ လွတ်လပ် သော ပတ်ဝန်းကျင်ကို စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်မှ စစ်ဆေးတွေ့ရှိရသော စစ်ဆေးချက်များကို ဥပဒေသို့ တင်ပြ ခြင်းမရှိခဲ့ဘဲ ကြီးသောအမှုကို ငယ်အောင်မစုံစမ်း၊ ငယ်သည့်အမှုကို ကြီးအောင်းချဲ့ရေးကာ ပုဒ်မ (၃၅၄၊ ၂၉၄၊ ၃၂၃) ဖြင့် အရေးယူခဲ့ပါသည်။ တိုင်ကြားသူ စွပ်စွဲသော (၂၂x ၈၂) လမ်းထောင့် မပြောနဲ့ မန္တလေးမြို့ကိုတောင် မရောက်ဘဲ မရှိတဲ့လူကို အမှုဆင်ခံခဲ့ရပါသည်။
ပြစ်မှုဥပဒေ ပုဒ်မ ( ) ဖြင့် တွဲဖက်မြို့နယ်တရားသူကြီး ဦးဌေးအာင်၏ ခုံရုံး၌ အမှုရင်ဆိုင်နေရပါသည်။ ရုံးတော်သို့လည်း ၂၁-၆-၂၀၁၂ ရက်နေ့တွင် အမှုတင်ခဲ့ပါသည် ဆင်ဖြူမယ်ကျောင်းတိုက်မှ ဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂဉာဏ အပါအဝင် ဆရာတော် သံဃာတော် ၁၁ ပါး လက်မှတ်ထိုးဖြင့် ဒကာဇော်မျိုးအောင်နှင့် ဒကာမကြီး ဒေါ်ခင်မမ တို့သည် အခင်းဖြစ်ပွားသည်ဟု ပြောသောနေ့ရက် အချိန်တွင် မန္တလေးမြို့တွင် မရှိဘဲ အမရပူရမြို့နယ် ဆင်ဖြူမယ် ကျောင်းတိုက်တွင် ရှိနေပါလျှက်နှင့် မတရားစွပ်စွဲခံရသည့်ကိစ္စကို လိုအပ်သလို စီစစ်ဆောင်ရွက် ပေးပါရန်
(က) ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့။
(ခ) တိုင်းဒေသကြီး လွတ်တော်တရားသူကြီးချုပ်။
(ဂ)တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မန္တလေးမြို့။
(ဃ) တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေးတိုင်းဒေသကြီးသို့ လိပ်မူ၍ တိုင်ကြားစာ တင်ပြခဲ့ရာ ၂-၇-၂၀၁၂ နေ့တွင် အောင်မြေသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူးမှ စစ်ဆေးခိုင်း၍ ဆရာတော်၏တိုင်စာနဲ့ပတ်သက်၍ စစ်ဆေးရသည်ဟု ဒုရဲအုပ်ညီညီမှ ကျွန်တော်နှင့် မိခင်ဖြစ်သူတို့ကို စစ်ဆေးပြီးကြောင်း လက်မှတ်ရေးထိုးခိုင်းပါသည်။ ထိုသို့စစ်ဆေး ရာတွင်လည်း အဖြစ်မှန်ပေါ်ပေါက်အောင် စစ်ဆေးနိုင်ခြင်းမရှိဘဲ ယခုအချိန်ထိ အမှု ရင်ဆိုင်နေရပါသည်။
သို့ဖြစ်ပါ၍ကျွန်တော်နှင့် မိခင်ဖြစ်သူတို့မှာ အမှုကို ရန်ကုန်မှလာရောက်၍ ရင်ဆိုင်ဖြေရင်းရသည်မှာ များစွာ ဒုက္ခရောက်ရပါသည်။ အမှုတစ်ခုရင်ဆိုင်ရပြီဆိုလျှင်လည်း သိတဲ့အတိုင်းပင် ငွေကတော့ အထုပ်လိုက်ကုန်နေရပါ သည်။ ပထမရုံးချိန်တွင် ၂၁-၆-၂၀၁၂ ဖြစ်ပြီး တရားခံ ကျွန်တော်တို့သားအမိ လာရောက်ခဲ့ပါသည်။ ဒုတိယရုံးချိန်း ၂-၇-၂၀၁၂ နေ့တွင် ရန်ကုန်မှလာသော တရားခံသားအမိကသာ ရုံးချိန်းသို့ လာရောက်ခဲ့ပါသည်။ မန္တလေးမှတရား လို မဇာခြည်အောင်က မလာပါ။ တတိယရုံးချိန်းသို့ ၁၂-၇-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မှလာသောတရားခံသားအမိ မှ မိခင်ဒေါ်ခင်မမသည် ကင်ဆာရောဂါ၊ သွေးတိုး၊ နှလုံး၊ သွေးချို၊ ဆီးချို၊ကျောက်ကပ်၊ လေးဖက်နာ ဦးနှောက်နှင့် အာရုံကြော စသည် ဆေးကုသမှတ်တမ်း ဆေးစာများနှင့်တကွ တင်ပြခဲ့ရာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ
(၅၄၀) (က) (၁)အရ ရုံးချိန်းကင်းလွတ်ခွင့် ရရှိခဲ့ပါသည်။ ထိုနေ့တွင်လည်း ရန်ကုန်မှ ကျွန်တော်တို့သားအမိသည် တရားရုံးသို့ လာရောက်ခဲ့သော်လည်း မန္တလေးမြို့ ၂၆-၂၇လမ်း၊၈၂-လမ်းထောင့်တွင် ကွမ်းယာထိုင်ရောင်းနေသော တရားလို မဇာခြည်အောင်သည် တရားရုံးသို့ လာရောက်ခြင်းမရှိခဲ့ပါ။
စတုတ္ထရုံးချိန်း ၂၄-၇-၂၀၁၂ ရက်နေ့တွင် ကျွန်တော်ဇော်မျိုးအောင် ရန်ကုန်မှ ဒုက္ခခံကာ တရားရုံးသို့ လာရောက်ရင်ဆိုင်နေသော်လည်း တရားလိုမဇာခြည်အောင်မှာ ယခင်နည်းတူ ကွင်းယာထိုင်ရောင်းနေရသဖြင့် ရုံးချိန်းသို့ မလာခဲ့ပါ။ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ ထိုင်စောင့်ခဲ့ရသည်မှာလည်း ရုံးချိန်းတိုင်းပင်ဖြစ်ပါသည်။
ပဉ္စမရုံးချိန်း ၇-၈-၂၀၁၂ ရက်နေ့တွင်ကျွန်တော် မန္တလေးရောက်ပြီး တရားရုံးတွင် ရှိနေသော်လည်း ကျွန်တော့်ရှေ့နေကပြောသည် ယနေ့ တရားလို မဇာခြည်အောင်မလာလျှင် ၀ရမ်းတင်မည်ဟု ဇော်မျိုးအောင် လက်မှတ်ထိုးဟု ပြောသဖြင့် လက်မှတ်ထိုးပေးလိုက်ရသည်။ တရားလို မဇာခြည်အောင် မလာရောက်ခဲ့ပါ။ တရားသူကြီးမှ ၀ရမ်းကိုလက်ခံထားသော်လည်း ၀ရမ်းတော့မထုတ်ပါ။ ညနေ(၄)နာရီမှ တရားရုံးမှထွက်ခွာခဲ့ပါ သည်။
ဆဋ္ဌမရုံးချိန်း ၁၅-၈-၂၀၁၂ ရက်နေ့တွင် ကျွန်တော် ရန်ကုန်မှ မန္တလေးသို့ တရားရုံးသို့ ပုံမှန်အချိန်(၁၀)နာရီ ရောက်ရှိနေပြီး တရားလို မလာသေးပါ။ (၃)နာရီ(၃၀)မိနစ်ခန့်တွင် တရားသူကြီးထံ သွားရောက်ပြီး ရက်ချိန်းယူရာ တရားသူကြီးမှ တရားခံတင်ပြလာသော ၀ရမ်းစာကို အထက်လူကြီးသို့ တင်ပြသောအခါ အထက်လူကြီးက ၀ရမ်းမထုတ်ပါနဲ့ ၎င်း၏စခန်းမှူးနှင့် ဆက်သွယ်ခိုင်းလိုက်သည်။ မည်သည့်အထက်အရာရှိမှန်းတော့မသိပါ။ သို့ဖြစ်ပါ၍ စခန်းမှူးမှလည်း(၁၂)နာရီ ထိုးကတည်းက ရောက်နေကြတယ်။ တရားလို မဇာခြည်အောင်ကို သွားခေါ် ခိုင်းထားတယ်။ (၄)နာရီလောက်အထိ စောင့်ပေးပါဦး သေချာပေါက်လာမည်ဟု တရားသူကြီးက ပြောပါသည်။ စခန်းမှူး လက်ဖက်ရည်ဆိုင်မှ (၃း၄၀)နာရီခန့်တွင် ထလာပြီး နေ၀င်း၊စန်းမောင်နှင့် မဇာခြည်အောင်တို့ လာနေပြီ ခဏစောင့်ပါဦး တဲ့။ (၄)နာရီထိုးပြီ တရားရုံးထဲ အခြားခုံတွေ ပိတ်ပြီ၊အချုပ်ကား ပြန်ပြီ၊(CRO)ဂျစ်ကားမောင်းပြီး ပြန်ပြီ တရားရုံးထဲမှာ ကျွန်တော်နှင့်ရှေ့နေ၊တရားသူကြီး၊စာရေးမနှစ်ယောက်နှင့်၊စခန်းမှူး၊ ဒုရဲအုပ်နှစ်ယောက်မှ လွှဲ၍ ကျန်ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိကြတော့ပါ။
ရောက်လာသော်လည်း စလွန်းကား မိုးပြာရောင်(၁ ယ............)ကားကို မတရားမောင်းပြီး တရားရုံးထဲ ဆင်ဝင်အောက်ထိ မောင်းဝင်းသွားပါသည်။ ထွက်လာပါပြီ ကုလားတိုင်းမှူး နေ၀င်း၊ အတွင်းရေးမှူးစန်းမောင်၊ လုပ်ဇာတ်မင်းသမီး ဇာခြည်အောင် နှင့် အမည်မသိ ဗုဒ္ဓဘာသာ အမျိုးသမီးနှစ်ယောက် ပတ်လည် ချိုကြည့်လျှောက်ကြည်နေ၍ ကျွန်တော်နှင့် ရှေ့နေမှာ တရားခွင်သွားရန် အတွက် ထိုလူအုပ်ကြီးကို ကြောက်ကြောက်ရွံရွံဖြင့် ဖြတ်လျှောက်ခဲ့ရပါသည်။
တရားသူကြီဆို သူ့ခုံပေါ်မှာ အဆင်သင့် ဖြစ်နေတာ ကြာပြီ စာရေးမလည်းအတူတူပဲ ဥပဒေအရာရှိ ရောက်လာပြီး ကျွန်တော့ရှေ့နေ အမှုတွဲစာရွက်တွေ ထုတ်ပြပြီး မဇာခြည်းအောင် ထိုင်ခုံပေါ်ထိုင်ရန် ပြင်နေတုန်း နေဝင်းမှ လှမ်းပြောသည်။ ဟေ့ တရားခံ မစုံရင် အစစ်မခံနဲ့ လာပြန်မယ်ဟု အပြင်မှ လှမ်းအော်ပြောသောကြောင့် တရားလို ကျွန်မ အစစ်မခံနိုင်ဘူး တရားခံ ဒေါ်ခင်မမ မပါလို့ဟု ပြောသည်။ တရားသူကြီးက တရားလိုအား ရုံးချိန်း ဆက်တိုက်မလာဘူး တရားလိုရုံးချိန်းမလားသော ရက်များတွင် တရားခံ ဒေါ်ခင်မမ ကျန်းမာရေးအခြေအနေကြောင့် ဥပဒေနှင့် အညီ တင်ပြလာ၍ ရုံးချိန်းကင်းလွတ်ခွင့် ပေးထားရတယ် ၎င်းတို့ရှေ့နေ ရှိတယ်ဟု ခိုင်လုံစွာ ပြောပြမှသာ လက်လျှော့သွားသည် နေဝင်းနှင့် စန်းမောင် တို့မှ ကျွန်တော်၏ ရှေ့နေကို ဟေ့ကောင် ညွန့်လှိုင် မင်းငါ့အကြောင်း သိတယ်နော် မင်းကို ပြုတ်သွားအောင် ဖြုတ်ပစ်မယ် ဟု ခြိမ်းခြောက်ပါသည် ။ ဥပဒေအရာရှိက တရားလိုအား မေးခွန်း စမေးပြီး ခဏအကြာ စန်းမောင်မှ ဂွင်ဆင်လိုက်ပြီး အပြင်မှ ရှေ့နေ ကိုဖြိုးမင်းမောင် လက်ထဲမှ ဖုန်းကို ယူပြီး ဟေ့ကောင် ဘာလို့ ငါ့ကို ဗွီဒီယိုရိုက်တာလဲဟု ပြဿနာရှာသံကြီး ထွက်ပေါ်လာရာ နေဝင်းမှ ချက်ချင်းပင် တရားခွင်အတွင်းမှာ ရှိတဲ့ မဇာခြည်အောင်ကို ဟေ့ထွက်ခဲ့ ဒီရုံးမှာ အစစ်မခံနိုင်ဘူး ရုံးပြောင်းမယ် ငါတို့ ကို ဓာတ်ပုံတွေရိုက်နေတာ ဟု အကြောင်းပြ လှမ်းခေါ်ရာ မဇာခြည်အောင်မှ ကျွန်မ အစစ်မခံနိုင်ဘူး ပြန်မယ် ဟု ပြောရာ တရားသူကြီး၏ ခွင့်ပြုချက်မရပဲ တရားခွင် အပြင်သို့ ၎င်း၏ ဦးလေး နေဝင်း အာဏာဖြင့် ထွက်ခွာသွားခဲ့ပါသည်။
တရာသူကြီး သုံးကြိမ်တိုင်တိုင် လှမ်ခေါ်ရာ မရသဖြင့် စခန်းမှူး ရဲအုပ် အောင်မြင် နှင့် ထွက်ခေါ်ခိုင်းရာ စခန်းမှူးကလည်း မဇာခြည်အောင် မရှိတော့ကြောင်း ပြောရာ ဓာတ်ပုံရိုက်သည် ဟု ပြောသော ရှေ့နေလေး၏ ဟမ်းဖုန်းမှာလည်း တရားရုံး၏ ခုံပေါ်တွင် စစ်ဆေးခံရန် ရှိနေရမည်သူမှ မစစ်တတ်ကြောင်း (CRO)ကလည်း ပြန်သွားပြီ ဖြစ်ကြောင်း သို့ဖြစ်ပါ၍ ဖုန်းကို မစစ်ဆေးတော့ပဲ တရားသူကြီးမှ ယနေ့စစ်တာကို ရပ်နားကြောင်း ဆက်လက် မစစ်ဆေးတော့ပဲ ယခုအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ပြီး အထက်တရားသူကြီးကို တင်ပြရဦးမည်ဖြစ်ကြောင်းစသည်ဖြင့်အဖြစ်အပျက်အားလုံးကိုမှတ်တမ်းစာရေးနေကြရတရားလိုမဇာခြည်အောင်နှင့် နေဝင်း၊ စန်းမောင်ထပ်ဆင့်မယား စိုးမိနိုင်တို့ အဖွဲ့ ပြန်ရောက်လာပြီး ရုံးချိန်းပေးရန် တောင်းဆိုရာ တရားသူကြီးမှ ဒီအမှုကို မစစ်ဆေးသေးဘူး အထက်ကိုတင်ပြပြီး ဆက်လက်စစ်ဆေးမယ် ရက်ချိန်းကို ပေးပြီး ဆက်လက်ဆင့်ခေါ်ခြင်းများ မပြုသေးကြောင်း ပြောကြားပါသည်။
ညနေ(၄း၃၀)နာရီအချိန်တွင် မှတ်တမ်းတင်မှု ပြီးဆုံးပြီး ဥပဒေအရာရှိ ရှေ့နေ နှစ်ယောက် စခန်းမှူး ဒုရဲအုပ်တို့သည် တရားသူကြီးရေးသော မှတ်တမ်းကို လက်မှတ်ရေးထိုးပြီး ရုံးဆင်းခဲ့ပါသည်။ ရုံးဆင်းချိန်တွင် ရုံးရှေ့မှ နေဝင်း၊ စန်းမောင်၊ မဇာခြည်အောင်၊နေဝင်း၏ ဇနီး မစိုးမိနိုင် အမည်မသိလူ (ကျား နှစ်ယောက်)၊မနှစ်ယောက် စုစုပေါင်း (၈) ယောက်သည် ကျွန်တော်နှင့် ရှေ့နေများကို ရန်မူရန် ပုဆိုးထဘီတိုတိုဝတ်၍ စောင့်ဆိုင်းနေကြောင်း အနီးရှိ ဒုရဲအုပ်များ၏ အကူအညီးဖြင့် ကားအနားသွားရပါသည်။ ထိုကဲ့သို့ ရဲများလုံခြုံရေးပေးရတာလဲဟု နေဝင်းမှ ဆက်လက်ရန်ရှာပြီး ကျွန်တော်၏ ရှေ့နေကို လက်ညိုးထိုး၍ ပြဿနာဖြစ်အောင် ဖန်တီးနေပါသည်။ ကျွန်တော်တို့ကတော့ ဆရာတော်ဘုရား ထည့်ပေးလိုက်သော သံဃာတော် (၅)ပါးအား အပြင်ဘက်လမ်းပေါ်ရှိ ကားအနားမှာ စောင့်နေသဖြင့် နေဝင်း၊ စန်းမောင်တို့၏ အကြံအစည် မအောင်မြင်ခဲ့ပါ။ ၎င်းတို့၏ အကြံအစီကား နေဝင်း၏ ထပ်ဆင့်မယား စိုးမိနိုင်က အဝတ်စလှစ် ချွတ်ချပြီး ကျွန်တော်မှ ကျူးလွန်ကြောင်း ၊ လက်ဝတ်လက်စားများကိုလည်း လုယူကြောင်း သက်သေကိုလည်း ၎င်းတို့ခေါ်လာသော အမည်မသိ ဗုဒ္ဓဘာသာ ကျား ၂ ယောက် မ ၂ ယောက် ကို စည်းရုံးပြီး ကျွန်တော့ကို ထောင်ထဲ ထည့်ရန် ကြံစည်ထားကြသည်။
တရားသူကြီးသည် .၁၆.၈.၂၀၁၂.ရက်နေတွင် အမှု့တွဲနှင့် မှတ်တမ်းကို အထက်က တရားရုံးသို့တင်ပြမည်။ တရားခံ ဇော်မျိုးအောင်မှ .၂၉.၈.၂၀၁၂.ရက်နေ့ ရုံးချိန်းလာရန် ချိန်းဆိုလိုက်ပြီး ဒီ.၁၆.၈.၂၀၁၂.နှင့် .၂၉.၈.၂၀၁၂.အကြားတွင် ကျွန်တော်၏ မိခင် ဒေါ်ခင်မမ၏ အမည်ဖြင့် ရုံးချိန်းမှန်မှန် မတက်သော စန်းမောင်တို့ အဖွဲ့ကို အရေးယူပေးပါရန် လက်မှတ်ထိုးအတုဖြင့် တိုင်ကြားခဲ့ပါသည်။ ၎င်းတို့ စာအတုကြောင့် ကျွန်တော်၏ မိခင်မှ .၂၉.၈.၂၀၁၂.ရက်နေ့ ရုံးချိန်းသို့ လာရောက်ရပြီး ဒေါ်ခင်မမ မှ မတိုင်ကြောင်း မိမိရောဂါဆိုးလို့ ရန်ကုန်တိုင် ဆေးကုနေရကြောင်း စာတင်၍ တရားသူကြီးကို ပြောပြီး ရုံးချိန်းကင်းလွတ်ခွင့်ကို တင်ပြတောင်းဆိုကာ တရားသူကြီးမှ အမှုတွဲမရှိကြောင်း ဒေါ်ခင်မမ ၁၂.၉.၂၀၁၂-ရက်နေ့ ရုံးချိန်းတွင် ဆက်လက်လာရန်သာ ညွှန်ကြားခဲ့ပါသည်။ နေဝင်း၊ စန်းမောင်၊ မဇာခြည်အောင်တို့၏ တရားရုံး၌ ထင်ရာစိုင်း လုပ်ချင်တိုင်းလုပ်ခဲ့သော (၂၅.၈.၂၀၁၂)အဖြစ်အပျက်မှတ်တမ်းကို အထက်သို့ တင်ပြထားရာ အထက်မှလည်း ၎င်းတို့ကျူးလွန်သော တရားရုံးမထေမဲ့မြင် အမှုကို ဘာမှ မလုပ်ရဲသေးပါ။