ရန်ကုန်မြို့မှ မျိုးချစ်အင်အားစုများ စုပေါင်း၍ မန္တလေးမြို့၌ လတ်တလောဖြစ်ပေါ်နေသော ပဋိပက္ခများ ပြေငြိမ်းစေရန်ရည်ရွယ်၍ ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားတစ်ရပ်ကို (၄.၇.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၃း၀၀) နာရီမှ ညနေ (၅း၀၀)နာရီအထိ ရွှေတိဂုံစေတီတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ၎င်းအခမ်းအနားသို့ မကွေးကျောင်းဆရာတော်ဦးပါမောက္ခနှင့် ကိုနေမျိုးဇင်တို့လည်းတက်ရောက် အားပေးကြပြီး သံဃာတော် အပါး (၁၀၀)ခန့်နှင့် လူပရိသတ်(၇၀)ခန့်၊ စုပေါင်းအင်အား (၁၇၀)ခန့်ဖြင့် ရွှေတိဂုံအရှေ့မုခ် ကြေးသွန်းဘုရားမှရွှေတိဂုံ မဟာအောင်မြေအထိ တန်းစီချီတက်ကာ မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ အရပ်ဆယ်မျက်နှာနှင့် မန္တလေးမြို့ ရဟန်းရှင်လူပြည်သူများအားမေတ္တာပို့ခြင်း၊ ပဋိပက္ခအတွင်းကွယ်လွန်သူများအား မေတ္တာပို့ အမျှဝေခြင်း၊ ဗီနိုင်း ပိုစတာများကိုင်ဆောင်လမ်းလျှောက်ခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့သည်ဟု သိရပါသည်။
၁။ မန္တလေးမြို့ရှိ သံဃာတော်များနှင့် ပြည်သူများအားလုံး ဘေးရန်ကင်းစေရန်။
၂။ မန္တလေးပြည်သူများအပေါ် ဆင်နွှဲရန် ကြေညာထားသော ဂျီဟတ်စစ်ပွဲရပ်တန့်ရန်။
၃။ ဂျီဟတ်စစ်ပွဲကြေငြာသူ ကျူးလွန်သူများအား အမြန်ဆုံး ထိထိရောက်ရောက်အရေးယူပေးရန်။
၎။ အမိမြန်မာပြည်ကြီး အေးချမ်းသာယာစေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း
အခမ်းအနားအပြီးတွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အတွင်းရေးမှူးဆရာတော် အရှင်သုစိတ္တမှ ရှင်းလင်း မိန့်ကြားခဲ့ပါသည်။