Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်များကြား နားလည်မှုတည်ဆောက်မည်ဟု ဦးဝီရသူနှင့် ကိုမြအေးတို့ ပူးတွဲကြေညာ”

$
0
0


ရန်ကုန်၊ မတ်၂၉
ပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ရှိသည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းနှစ်ခုကြား အထင်အမြင်လွဲမှားမှုများကို နိုင်ငံ့အပေါ် သစ္စာစောင့်သိရိုသေမှုနှင့်အတူ နားလည်မှုရရှိအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ ပူးတွဲကြေညာချက်တစ်စောင်ကို မတ်၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တော်ရှိ Micasa Hotel တွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ဆရာတော်ဦးဝီရသူနှင့် ကိုမြအေးတွေ့ဆုံဆွေးနွေးပြီး ယင်းကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကြေညာချက်တွင် အဆိုပါအချက်အပါအဝင် နိုင်ငံတော်အလံကို ရိုသေသူ၊ တရားဥပဒေကို လေးစားသူ၊ နိုင်ငံ့အပေါ်သစ္စာစောင့်သိသူ၊ ပြည်သူ့ကျေးဇူးသိတတ်သူ မည်သူ့ကိုမဆို လူမျိုးဘာသာ မခွဲခြားဘဲ ထိန်းသိမ်း စောင့်ရှောက်သွားရန်၊ မြန်မာ့ထုံးတမ်းအစဉ်အလာများနှင့် ကိုက်ညီသော နိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင်အသိုင်းအဝိုင်းများ ပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းသွားရန် စုစုပေါင်း အချက်သုံးချက် ပါဝင်သည်။
“အထင်လွဲမှားမှုတွေ၊ အဓိကရုဏ်းတွေ မဖြစ်ပေါ်ဘဲ နှစ်ဖက်ကြားမှာ နွေးထွေးမှုတွေ ဖြစ်လာနိုင်တယ်” ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်အချို့သည် နိုင်ငံတော်အလံကို အလေးမပြုကြောင်း၊ နိုင်ငံတော်အလံကို အလေးမပြုသူများထဲတွင် ကျောင်းသူ ကျောင်းသားများအပြင် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင်နေကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။
ဆရာတော်နှင့် ၄င်းတို့နှစ်ဦးလုံးတွင် တိုင်းပြည်၌ ဖြစ်ပွားနေသည့် ပဋိပက္ခချုပ်ငြိမ်းလိုသည့်ဆန္ဒနှင့် ငြိမ်းချမ်းလို သည့် ဆန္ဒအပြည့်အဝရှိပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကြား အထင်အမြင် လွဲမှားမှုများ ပပျောက်သွားရန် တဖြည်းဖြည်းချင်းနားလည်မှုရရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကိုမြအေးက ပြောကြားသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း