Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခြင်း

$
0
0


မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မန္တလေးမြို့
တားမြစ်အမိန့်အမှတ် (၁/၂၀၁၄)
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခြင်း
၁၃၇၆ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
၁။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ၁.၇.၂၀၁၄ ရက်နေ့ နှင့် ၂.၇.၂၀၁၄ ရက်နေ့ ညများတွင် လူစုလူဝေးများသည် ဒုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်ခဲ့သဖြင့် အများပြည်သူ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုအတွက်လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးကို ရှေးရှု၍လည်းကောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ် နိမ်တ်အတွင်းရှိ မြို့နယ် (၆)မြို့နယ်ဖြစ်သော အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာ အောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်များတွင် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး လိုက်နာရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ကျင့်သုံး၍ အောက်ပါအတိုင်း တားမြစ်အမိန့်ကို ထုတ်ပြန်လိုက်သည် -
(က) မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ည (၉)နာရီမှ နံနက် (၅)နာရီအတွင်း လမ်းများပေါ်သို့ ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ(၅)ဦးနှင့် လူ(၅)ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ ဒုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေသောအရာများ ကိုင်ဆောင်ခြင်း မပြုလုပ်ရ ၊
(ခ) လမ်းများပေါ်တွင် အတားအဆီး ပြုလုပ်ပိတ်ဆို့ခြင်း၊ လူစုလူဝေးဖြင့် ပိတ်ဆို့ခြင်း မည်သူမျှမပြုလုပ်ရ ၊
(ဂ) လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောက်ယှက်ခြင်း၊ ဟန့်တားခြင်း မည်သူမျှ မပြုလုပ်ရ ၊
၂။ ဤတားမြစ်အမိန့်ကို မလိုက်နာသူများအား လုံခြုံရေးတာဝန်ထမ်းဆောင်သူတို့က အင်အားသုံး ဖမ်းဆီး၍ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်။
၃။ ဤအမိန့်သည် ၁၃၇၆ ခုနှစ်၊ ဝါဆိုလဆန်း (၇)ရက်၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ ည (၉)နာရီအချိန်မှ စ၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်သရွေ့ အာဏာသက်ရောက်စေရမည်ဟု ဆင့်ဆိုပြီး ရုံးတံဆိပ် ခတ်နှိပ်လျက် ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ဝင်းဇော်နိုင်
အုပ်ချုပ်ရေးမှူး
မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဖြန့်ဝေခြင်း
မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့၊
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများအားလုံး (အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်)၊
အများပြည်သူဆိုင်ရာနေရာအားလုံး
စာအမှတ်၊ ၅/၄၃ -၅၈ /ဦး ၆ (၃၇၉၁)
ရက်စွဲ ၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်
မိတ္တူကို
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊
တိုင်းဒေသကြီးလွှတ်တော်၊ မန္တလေးတိုင်းဒေသကြီး၊
တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊
တိုင်းဒေသကြီးဥပဒေချုပ်၊ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊
တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊
တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
တိုင်းဒေသကြီးဌာနဆိုင်ရာအားလုံး ၊
ခရိုင်ရဲတပ်ဖွဲ့မှူး (အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ် )။  


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...