၁။ သတင်းမပြန့်ပွားခင် အာဏာပိုင်များက တရားခံကို ချက်ချင်း အရေးယူသောအားဖြင့် လက်ဦးမှု ရယူပါ။
၂။ ထောင်ရှိလျှင် ထောင်ကြီးချုပ်၊ ထောင်မရှိလျှင် ခရိုင်အချုပ်စခန်းသို့ ပို့ဆောင်ပါ။
၃။ ဒေသခံ မူဆလင်အကြီးအကဲများက ကျူးလွန်သူမူဆလင်ကို ကြေညာချက် ထုတ်ပြန်၍ ကန့်ကွက်ရှုတ်ချ သောအားဖြင့် နစ်နာသူဘက်မှ ရပ်တည်ကာ လူသားချင်းစာနာမှုများ အပြည့်အဝရှိကြောင်း ပြဆိုပါ။
၎။ ရပ်မိရပ်ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ အမျိုးသမီးများ ဦးဆောင်၍ မုဒိမ်းမှု ရှုတ်ချပွဲများ တရားဝင် ပြုလုပ်ပါ။
၅။ ခွင့်ပြုချက်မရလျှင်လည်း အစီအစဉ်မဖျက်ဘဲ အကြမ်းဖက်ရှုတ်ချပွဲများ မဖြစ်မနေ လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာသိအောင် ပြဆိုပါ။ (မူလရည်ရွယ်ချက် အပျက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပါ။)
၆။ ထိုသို့မလုပ်ဘဲ ဥပဒေမဲ့တုန့်ပြန်မည့် အခြေအနေမျိုး တွေ့ရှိရပါက ၉၆၉ အဖွဲ့ (သို့မဟုတ်) အမျိုးစောင့်အဖွဲ့မှ ဆရာတော်သံဃာတော်များ ဦးဆောင်၍ မေတ္တာရပ်ခံ ဝင်ရောက် ထိန်းသိမ်းပါ။
၇။ တရားသူကြီးများက သာမန်ရာဇဝတ်မှုဟု မမြင်ဘဲ အမျိုးသားရေး ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကာ ထိရောက်စွာ အရေးယူပေးပါ။ သို့မှသာလျှင် အမိမြန်မာပြည်သည် အဓိကရုဏ်းကင်းစင်ပြီး တည်ငြိမ်အေးချမ်း ၍ တရားဥပဒေစိုးမိုးသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေလိမ့်မည်။
မြန်မာပြည်ကို ချစ်မြတ်နိုးသော ငြိမ်းချမ်းရေးကို လိုလားသော မည်သူမဆို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြ စေလိုပါသည်။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)