မန္တလေးမှာ ကျင်းပမည့်ပွဲပါ။
ဦးဝီရသူကို ပင့်ဖိတ်ထားပါတယ်။
ပါတီတွေကတော့ ပြည်သူချစ်သောပါတီရော
ပြည်သူချဉ်သော ပါတီတွေရော စုံလို့ပါပဲ။
အခုကတည်းက ကြိုတင် ကန့်ကွက်နိုင်ကြပါတယ်။
ခေါင်းစဉ်ကတော့
မြန်မာ့နိုင်ငံရေးမှာ ဘာအရေးကြီးဆုံးလဲ? တဲ့။
ထပ်ဆင့်လို့ မေးလိုက်ချင်တာက
(၁) ခြေဥပြင်ဆင်ရေးလား?
(၂) နောက်ပြန်မလှည့်ရေး တည်ငြိမ်ဖြောင့်ဖြူးရေးလား?
(၃) ပုံတူကူးချမည့် ပိုလီယိုဒီမိုကရေစီ ပေါ်ပေါက်ရေးလား?
(၄) ရေးတွင်း/ရေကြည် ဒီမိုကရေစီလား?
ဝီရသူကတော့ နိုင်ငံတည်ငြိမ်အေးချမ်းစွာနှင့် အရပ်ဘက် ဒီ/စီ ကိုယ်စားလှယ်များ အပြည့်အဝ ရောရှိလာရေး တပ်မတော်သားကိုယ်စားလှယ်များအား ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်စွမ်းပြည့်စုံရေးနှင့် စံချိန်မီ ခြေဥပြင် ဆင်ကာ ဒီ/စီ ကို စနစ်တကျ ပုံဖော်ရေးဆိုတဲ့ အမှတ်(၂) မှာပဲ ရပ်တည်နေပါတယ်ဗျာ။
ခြေဥပြင်ဖို့ထက် နောက်ပြန်မလှည့်ဖို့က ပိုအရေးကြီးတယ်။
စစ်သားကိုယ်စားလှယ် မောင်းထုတ်ရေးထက် အရပ်သား ကိုယ်စားလှယ် ပြည့်ဝရေးက ပိုအရေးကြီးတယ်။
ပုံတူကူးချရေးထက် နည်းမှီဖန်တီးဖို့က ပိုအရေးကြီးတယ်။
ဖွံ့ဖြိုးတိုးတက်ရေးထက် လုံခြုံစိတ်ချရေးက ပိုအရေးကြီးတယ်။
ဒါကြောင့်ပါဗျာ။
အမှတ်(၂) မှ အမှတ်(၂)ပဲနော်။
ဟုတ်ပြီလား?။