အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်-မန္တလေး) အား နိုင်ငံကျော် ဓမ္မကထိက သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမလှူဒါန်းသော အလှူငွေ သိန်း(၅၀) ကျပ်ကို ဆရာတော်၏ နောင်တော်ကြီး ဦးအောင်စိုးက လှူဒါန်းစဉ်။
နိုင်ငံကျော် ဓမ္မကထိက စစ်ကိုင်းတောင်ရိုးသစ္စာရွှေစည်ဆရာတော်သည် 21.6.2014 ရက်နေ့ကလည်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အား အလှူငွေ သိန်း(၁၀၀) ကျပ် လှူဒါန်းခဲ့ပြီး၊
မန္တလေးမြို့ အတုမရှိ ညီလာခံကြီးအတွက် အလှူငွေ သိန်း(၅၀) ကျပ်၊ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များအတွက် (၅) သိန်းကျပ် လှူဒါန်းကာ ပြည်သူ့စပွန်ဆာဖြင့် ပြည်သူကို အလုပ်အကျွေး ပြုနေသော နိုင်ငံကျော် ဓမ္မကထိက ဆရာတော်တစ်ပါးဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဝီရသူ(မစိုးရိမ်)
26.6.2014
PM 6:36