ဦးပဉ္စင်းတို့ မ.ဘ.သ အဖွဲ့ကြီး၏ အမျိုးဘာသာ သာသနာဖွင့်ဆိုချက်ထဲမှာ တိုင်းရင်းသား ၁၃၅ မျိုးနှင့် ၄င်းတို့၏ ဘာသာစကားအသီးသီး၊ သာသနာတော် အသီးသီးကို ရည်ညွှန်းထားပါတယ်။
အမျိုးစောင့်ဥပဒေဟာ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ အကာအကွယ်ပေးမည့် ဥပဒေမဟုတ်ပါ။
ဘာသာအားလုံးနှင့် အကျုံးဝင်သက်ဆိုင်သော ဥပဒေဖြစ်ပါတယ်။
ဦးပဉ္စင်းကိုယ်တိုင်လည်း ပြည်ကြီးတံခွန်မြို့နယ်၊ (ဇဇ)ရပ်ကွက်မှ ခရစ်ယာန်ဘာသာဝင် ကရင်မကြီး တစ်ဦးကို ကယ်တင်ထားပါသည်။
၎င်း၏ သမီးကို မူဆလင်က မုဒိမ်းကျင့်သည့်အပြင် ၄င်းတို့မိသားစုကိုပါ အသက်အန္တရာယ်ပြုခဲ့ကြသော မူဆလင်တို့၏ အန္တရာယ်မှ ကယ်တင်ခဲ့ရသလို ၄င်း၏ စားဝတ်နေရေးကိုလည်း ကူညီထောက်ပံ့နေဆဲ ဖြစ်ပါသည်။
မူဆလင်အစွန်းရောက် ဂျီဟတ်ဝါဒီများသည် ဗုဒ္ဓဘာသာဝင်များကိုသာ ပစ်မှတ်ထားသည်မဟုတ်ပါ။ ခရစ်ယာန် ဘာသာဝင်များကိုလည်း ချမ်းသာပေးကြသည်မဟုတ်ပါ။
မူဆလင်လက်အောက်ကျရောက်ခဲ့ရသည့် ခရစ်ယာန်နိုင်ငံများရှိခဲ့သလို မူဆလင်တွေနှင့်ညားမိ၍ မိခင်ဘာသာ စွန့်လွှတ်ခဲ့ရသည့် သုံးပန်းသဖွယ် ခရစ်ယာန်အမျိုးသမီးများလည်း များစွာရှိပါသည်။
အမျိုးစောင့်ဥပဒေသည် ထိုသို့သော ခရစ်ယာန်အမျိုးသမီးများကိုလည်း အကာအကွယ်ပေးသွားမည့် ဥပဒေ ဖြစ်ပါသည်။
ဘာသာတရားဟူသည် ယုံကြည်မှု သဒ္ဓါတရားနှင့်သာ သက်ဆိုင်သည်မှာ ဟောစရာမလိုပါ။
သို့သော် မူဆလင်ဖိအားကြောင့် အစ္စလာမ်ကို စိတ်မပါဘဲ ကိုးကွယ်နေရသော ဘာသာပေါင်းစုံမှ မြန်မာ့တိုင်းရင်းသူများ များစွာ ရှိနေပါသည်။
သူတို့အတွက် အမျိုးစောင့်ဥပဒေ အမှန်တကယ်လိုအပ်ပါသည်။
ဒကာကြီးများ အထင်အမြင် မလွဲမှားစေလိုပါ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
=========================================================
“ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း ဖျက်သိမ်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်များ တောင်းဆို”
========================================================
ရန်ကုန်။ ကိုးကွယ်မှုဆိုင်ရာ ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းအားဖျက်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်များက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ကိုးကွယ်မှုဆိုင်ရာ ဘာသာကူးပြောင်းရာတွင် ကူးပြောင်းမည့်သူသည် ဖိအားပေးခံရသည်လားဆိုသည့် အချက်ကို စစ်ဆေးခြင်း၊ ဘာသာကူးပြောင်းရာတွင် စစ်ဆေးရေး၌ ပါဝင်သော အုပ်ချုပ်ရေးအာဏာပိုင်များ ထောက်ခံထားသည့် ဆုံးဖြတ်ချက်ကို ရယူခြင်း၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာမှုမရှိပါက ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းသည် လူတစ်ဦးခြင်းစီ၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ခြင်းကြောင့် ဖျက်သိမ်းပေးရန် မြန်မာနိုင်ငံဆိုင်ရာ ခရစ်ယာန်အသင်းတော်များက တောင်းဆိုခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
“ဘာသာမတူသူ နှစ်ဦးရဲ့ ချစ်ရေးကြိုက်ရေးကိစ္စကို တားမြစ်လို့မရဘူး။ ဒါ့အပြင် ဘယ်ဘာသာကို ကိုးကွယ်မယ်၊ မကိုးကွယ်ဘူးဆိုတာ ကာယကံရှင် နှစ်ဦးကပဲ ဆုံးဖြတ်ရမှာ။ ဘာသာရေးဆိုတာ ကိုးကွယ်ယုံကြည်မှုလေ။ ကိုယ်ကြိုက်တာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်လို့ရတယ်။ တစ်ဦးတစ်ယောက်က စေခိုင်းလို့ပဲဖြစ်ဖြစ်၊ မစေခိုင်းလို့ပဲဖြစ်ဖြစ် စိတ်ထဲမှာရှိတာဟာ ပြောင်းလဲလို့မှ မရတာ။ ဒါကြောင့် ဘာဥပဒေပြဋ္ဌာန်းချက်မှ မလိုဘူးလေ”ဟု မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ပါမောက္ခ ဒေါက်တာစောလှိုင်ဘွားက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ သတ္တမဥပုသ်အသင်း၊ ဧဝံဂေလိအသင်း တော်များအဖွဲ့ချုပ်တို့ ပါဝင်ပြီး ယင်းအသင်းတော်ခွဲပေါင်းများစွာ ပါဝင်သည်။
နိုင်ငံတော်က ပြဋ္ဌာန်းထားသောဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုးကွယ်မှုဘာသာကူးပြောင်းရာ၌ ဖိအားပေးခံရသူ များကို ကာကွယ်ထားကြောင်း၊ ယခုရေးဆွဲထားသော ဥပဒေကြမ်းကို အတည်ပြုပြီး အကောင်အထည်ဖော်မည် ဆိုပါက အကောင်အထည်ဖော်မှု အားနည်းချက်များကြောင့် ကိုးကွယ်သူတစ်ဦးနှင့် တစ်ဦးကြားတွင် အမှားများလာကာ ပဋိပက္ခများဖြစ်ပေါ်လာနိုင်ကြောင်း ဖျက်သိမ်းပေးရန် တောင်းဆိုသူများက ထောက်ပြထား ကြသည်။
“စစ်ဆေးတဲ့အချိန်မှာ ကိုယ်ကိုးကွယ်တဲ့ဘာသာကို အထိမ်းအမှတ်တစ်ခုခု အိမ်မှာပြထားပေမယ့် သူယုံကြည် ကိုးကွယ်တဲ့ ဘာသာက သူ့စိတ်ထဲမှာဆိုရင် အဲဒါကို ဘယ်လိုစစ်ဆေးမလဲ။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာကို စစ်ဆေးဖို့ ခက်တယ်လေ။ လိုမှ မလိုတာ။”ဟု အရပ်ဘက်လူ့အဖွဲ့အစည်းတွင် လုပ်ကိုင်နေသူ မဖြူကြည်ခိုင်က ပြောသည်။
ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ရေး စင်တာကလည်း မြန်မာနိုင်ငံရှိ ဘာသာကူးပြောင်းမှု ကန့်သတ်ခြင်း ဥပဒေကြမ်းသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ပြောင်းလဲပိုင်ခွင့်ကို ကန့်သတ်ထားသောကြောင့် ဒီမိုကရေစီစံ နှုန်းနှင့် မကိုက်ညီသော တားမြစ်ချက်တစ်ခုဖြစ်သောကြောင့် ဖျက်သိမ်းပေးရန် သမ္မတဦးသိန်းစိန်အား တိုက်တွန်းခဲ့သည်။
အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရန် တောင်းဆိုသူများ၏ တောင်းဆိုမှုကို လွှတ်တော်သို့ သမ္မတက အကြောင်းကြားစာ ပေးပို့ပြီးနောက် ကိုးကွယ်မှုဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
24.6.2014 ရက်နေ့ထုတ် 7day daily news ဂျာနယ်မှ ကူးယူဖော်ပြသည်။
“သံဃာအများစုဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ မီဒီယာကို အဓိကထား စောင့်ကြည့်မည်”
ရန်ကုန်၊ ဇွန် ၂၃
သံဃာအများစုဖြင့် ဖွဲ့စည်းထားသော အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများ လွတ်လပ်ပြီး မျှတမှုရှိမရှိကို အဓိကထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ကျင်းပသော အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းကြောင်း သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအဖွဲ့တွင် ရွှေတွံတေးဆရာတော်ဦးဝါယမက မိန့်ကြားသည်။
“သတင်းမီဒီယာဆိုတာ ဖြောင့်မတ်ဖို့လိုတယ်။ မှန်ကန်ဖို့လိုတယ်။ သတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေကို နေ့စဉ်စောင့်ကြည့်ပြီး မြေပြင်သတင်းတွေကိုရယူကာ ထောက်ပြမှုတွေ ပြုလုပ်သွားမှာပါ”ဟု ၎င်းက ဆက်လက်မိန့်ဆိုသည်။
အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ မီဒီယာ၊ အစိုးရ၊ လွှတ်တော်၊ အမျိုးသားရေးနှင့်ပတ်သက်သော အရာများကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဘက်မလိုက်မူဝါဒ ကျင့်သုံးရေးစသည့် မူဝါဒငါးရပ်ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။
“အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်ပြီး စောင့်ကြည့်မှုတွေကို ထုတ်ပြန်ချက်အနေနဲ့ လစဉ်၊ နှစ်စဉ်၊ အရေးပေါ်ကာလတွေမှာ ထုတ်ပြန်ပေးသွားမယ်။ ထုတ်ပြန်ချက်တွေမှာ အမှားအယွင်းတွေ ပါသွားခဲ့ရင်လည်း အဖွဲ့ကနေ တာဝန်ခံသွားမှာပါ”ဟု ဦးဝါယမက မိန့်ဆိုသည်။
အဆိုပါအဖွဲ့တွင် ဆရာတော်ဦးဝါယမဦးဆောင်သည့် ကျောင်းတိုက်အသီးသီးမှ သံဃာခြောက်ပါးနှင့် ဦးဝင်းမော် (ရွှေသံစဉ် ဂီတဖောင်ဒေးရှင်း)၊ မစုစုနွေး၊ ဦးရဲမင်းဦး စသည့် နိုင်ငံရေးတက်ကြွသူများ ပါဝင်ပြီး အလွှာစုံမှ အဖွဲ့ဝင်များက အမျိုးသားနိုင်ငံရေးအတွက် တိတိကျကျ ခိုင်ခိုင်မာမာ ထောက်ပြရန် ရည်ရွယ်ထားကြောင်း အဖွဲ့ဝင် ဦးဝင်းမော်က ပြောကြားသည်။
24.6.2014 ရက်နေ့ထုတ် the voice daily news ဂျာနယ်မှ ကူးယူဖော်ပြသည်။