“ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်”
စာအမှတ် ၂၃/၂၀၁၄
၂၅.၆.၂၀၁၄
“၉၆၉” “မဘသ” ဆရာတော်ဦးဝီရသူ(မစိုးရိမ်) FB တွင် ကင်းကင်းရှင်းရှင်းနေပါ(၃) ၁၉.၆.၂၀၁၄ ဟု ရေးသားချက်ကို ဖတ်ရှုရသူများမှ အချို့က ဦးဝီရသူသည် မြန်မာမွတ်စလင်များကို အမြဲတန်း စွပ်စွဲ ပုတ်ခတ် ဝေဖန်တိုက်ခိုက်မှုပြုခြင်းသာဖြစ်သည်ဟု ပြောကြပါသဖြင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်မှ ကွင်းဆင်းလေ့လာရာတွင် မြေပြင်သတင်းများနှင့် ကာယကံရှင်များကို တွေ့ဆုံမေးမြန်း ညှိနှိုင်းပေးခဲ့ပါသည်။ ၄င်းမြန်မာမွတ်စလင်ထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် မသက်ဆိုင်ပါ။ တရားဥပဒေဘောင်အတွင်းမှ ညှိနငိင်း ဖြေရှင်းရန် ဆောင်ရွက်ပေးခဲ့သော "မ.ဘ.သ” သံဃာနှင့် ကာယကံရှင် ကိုဝင်းမြိုင်(၀၉.၃၃၂၃၈၁၈၅) တို့ မိသားစုနှင့် ပူးပေါင်းဖြေရှင်းပေးခဲ့သော ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်မှ မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်။ အစိုးရ အသိအမှတ်ပြု မြန်မာမွတ်စလင် ဘာသာရေး ခေါင်းဆောင်များ တာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မြန်မာမွတ်စလင်ဘာသာဝင် တစ်ချို့နှင့် ပြဿနာ ဖြစ်ခဲ့လျှင် တရားဥပဒေဘောင်အတွင်းပါဝင်ဖြေရှင်းခြင်းဖြင့် ပူးပေါင်းကူညီပေးပါရန် အထူး မေတ္တာရပ်ခံ အပ်ပါသည်။ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာ ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားဥပဒေ စိုးမိုးမှု တိကျမှန်ကန်မြန်ဆန်ရေးအတွက် ၆.၅.၂၀၁၃ မှစတင်၍ ၉၆၉ မ.ဘ.သ ဆရာတော် ဦးဝီရသူ(မစိုးရိမ်) မကွေးဆရာတော် ဦးပါမောက္ခတို့နှင့် ပူးပေါင်း၍ အကြမ်းမဖက် ပြဿနာများကို ဖြေရှင်းခဲ့ပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့ အကြား ဖြစ်ပွားခဲ့သော ပြဿနာအချို့ကို ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့သော မှတ်တမ်းကောင်းများရှိပြီးဖြစ်ပါသည်။ သို့ပါ၍ မြန်မာမွတ်စလင်ခေါင်းဆောင်များ၊ အစိုးရအသိအမှတ်ပြုတာဝန်ရှိသူများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း အနာဂတ် မြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ ၂၄.၆.၂၀၁၄ နေ့တွင် ငြိမ်းချမ်းစွာ တရားဥပဒေဘောင်အတွင်းမှ ညှိနှိုင်း ဖြေရှင်းခဲ့ပြီး ဖြစ်ပါသည်။
ဒိုင်းမွန်းရွှေကြည်
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်