Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကိုးကွယ်ရာဘာသာ အသွင်ကူးပြောင်းခြင်းဆိုင်ရာဥပဒေသည် တိုင်းပြည်၏ လိုအပ်ချက်ဖြစ်ရမည် တည်ဆဲဥပဒေများနှင့် ကိုက်ညီရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား”

$
0
0
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေသည် တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ် လိုအပ်ချက်ဖြစ်သည်မှာ အခြေခံဥပဒေပြင်ဆင်ရေးထက်ပင် ပို၍ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် သိအောင် အရှင်ဝီရသူ ဟောကြားမည်။





တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် တိုင်းသည်၏ လိုအပ်ချက်ဖြစ်ရမည်။ တည်ဆဲဥပဒေများနှင့် ကိုက်ညီရမည်ဟု ဇွန် ၁၁ ရက်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ အမျိုးစောင့်ဥပဒေအား ကန့်ကွ့်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်တွင် ပြေကြားခဲ့ကြောင်း ဦးအောင်မျိုးမင်းက ရီပိုတာဂျာနယ်သို့ ပြောကြားသည်။
သူ့အနေနဲ့ မေးခွန်းထုတ်တာကတော့ ဘာသာကူးပြောင်းမယ်ဆိုရင် ဘာကြောင့်ကူးပြောင်းလဲ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လက်ခံပါ့မယ်ဆိုတဲ့ အချက်တွေကို လုပ်ဆောင်တဲ့နေရာမှာ တကယ်တမ်း လက်တွေ့ ကျပါ့မလား၊ ဘာသာကူးပြောင်းမှုက၊ ယုံကြည်ချက်နဲ့ဆိုင်တယ်၊ ယုံကြည်မှုက ဘာကြောင့် ကူးပြောင်းမလဲ ဆိုတာ ပြောဖို့ မလိုအပ်သလို၊ ဒါတွေကို ဘယ်လို စောင့်ကြပ်မလဲဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို သူက ပြောသွားတာရှိတယ်။
အမျိုးစောင့်ဥပဒေ ၄၃ စဆုံးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခြုံငုံသုံးသပ်သွားတာမျိုး မရှိပေမယ့် ဥပဒေတစ်ခု ပြုမည်ဆိုပါက တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိ မရှိဆိုသည် အချက်များနှင့် တိုင်းတာရမည်ဟု ဦးအောင်မျိုးမင်းက ဆက်လက်ပြောကြားသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု့ည်နှင့် အမျိုးစောင့် ဥပဒေအား ကန့်ကွက်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် ပါဝင်သော ဒေါ်ရွှေရွှေစိန်လတ်က ၄င်းတို့၏ အကြံပြုဆွေးနွေးချက်များကို လွှတ်တော်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြမည်ဟု ပြောကြားခဲ့သည်။
ကိုးကွယ်ရာဘာသာ အသွင်ကူးပြောင်းချင်းဆိုင်ရာ ဥပဒေမူကြမ်းကို မေလ ၂၇ ရက် နိုင်ငံပိုင် သီတင်းစာတွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန်ဟု ဖော်ပြထားသည်။

အောင်ရဲနောင်။

Viewing all articles
Browse latest Browse all 2129

Trending Articles