Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ၏ ငွေရတုဓမ္မသဘင်”

$
0
0
18.6.2014 ည 9:00 မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တစ်မိုက်သာစံပြကျေးရွာ၊ လူမှုကျန်းမာရေး အထောက်အကူပြု ဇီဝိတဒါန အကျိုးဆောင်အဖွဲ့၏ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနား ဓမ္မသဘင်မှာ ဟောကြားခဲ့တာပါ။
တော်တော်ထူးခြားတဲ့ရွာပါ။
ကျန်းမာရေးထောက်ပံ့ဖို့ ဖွဲ့စည်းခဲ့တာ ၂၅ နှစ်တောင်ရှိပါပြီ။
ဗြဟ္မစိုရ်အသင်းကြီးထက်တောင် စောပါသေးတယ်။
တောင်သူတောင်သားတွေထဲမှာလည်း ဒီလိုအမြင်ကျယ်သူတွေ ရှိတယ်ဆိုတာ တစ်မိုက်သာသားတွေက သက်သေပြသွားတာပါ။
တည်ထောင်သူက ဦးအောင်မင်းတဲ့။
အသက် ၃၀ နှစ် အရွယ်မှာ စတင်တည်ထောင်နိုင်ခဲ့တာပါ။
မိုးတွင်းမှာ ရေတွေကြီး မကျန်းမာရင် မြို့တက် ဆေးကုသလို့မရ။ ရွာထဲမှာပဲ လူမသိ သူမသိ မသေသင့်ဘဲ သေကြသူတွေကို မြင်တွေ့ရလို့ ငွေကျပ် နှစ်ထောင့်ငါးရာကျော်လေးနှင့် စတင်ထောင်ခဲ့ရာမှ ယခုအခါ ဘေးပတ်ဝန်းကျင်ရွာတွေထိပါ ကူညီနိုင်ခဲ့ပါတယ်။
မန္တလေးထိ ဆေးတက်ကုသသူများ မြင်းခြံမြို့တင် ဆေးကုသသူများ၊ ဆက်လက်ထောက်ပံ့ဖို့ လိုအပ်သူများကို အသင်းရန်ပုံငွေနှင့် တစ်မျိုး၊ အလှူခံပေးပြီးတော့တစ်သွယ် ပြည်သူတွေကို အလုပ်အကျွေးပြုနေတဲ့ အသင်းလေးဖြစ်တာမို့ အများသာဓုခေါ်ရအောင် မျှဝေလိုက်ရခြင်းပါပဲ။
အသင်းဆောင်ပုဒ်လေးကတော့
“ဆင်းရဲချမ်းသာ၊ လိမ္မာမိုက်သူ၊ မစွဲယူဘဲ၊ ကူညီမြဲ” ပါတဲ့ဗျာ။
မြစ်ဆုံထောင်မှာ အတူနေခဲ့ရတဲ့ NLD ကိုကြည်စိုးကလည်း လာရောက်တရားနာယူတာတွေ့ခဲ့ရပါတယ်။

“၄၃၆ ပြင်ဖို့ချည်း မဲမနေနဲ့ ၂၀၁၅ အတွက်လည်း ပြင်ကြအုံး” လို့ပြောတော့ ကိုကြည်စိုးကြီးကတော့ “တင်ပါ့ လုပ်နေပါတယ်ဘုရား” တဲ့။










Viewing all articles
Browse latest Browse all 2129

Trending Articles