ဦးဝီရသူတည်ထောင်သော လောကအလင်း ပညာဒါန ကျူရှင်ကျောင်း ၂၀၁၃.၂၀၁၄ ပညာသင်နှစ်မှာ ကျောင်းသူ/သားပေါင်း ၁၀၀ ကျော်တက်ရောက်သင်ယူပြီး ၇၂ ယောက် ဝင်ရောက်ဖြေဆိုရာ (၂၀)ယောက် အောင်မြင်ပါတယ်။
Fresher တန်းက ၁၇ ယောက်ဖြေရာ ၂ ယောက်အောင်မြင်ပြီး၊ Repeater တန်းက ၅၅ ယောက်ဖြေဆိုရာ ၁၈ ယောက် အောင်မြင်ပါတယ်။
ရပ်ဝေးမှ အထောက်အပံ့ခံ ကျောင်းသူ ၃ ယောက်တွင် ၂ ယောက်အောင်ပြီး မအေးသန္တာဝင်းက ရူပဗေဒ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။
အလယ်တန်းမှ GTC နှင့် ဆေးကျောင်းသားအထိ ပညာသင်စရိတ်ထောက်ပံ့လျက်ရှိပြီး ယခုနှစ် လောကအလင်း ကျူရှင်အသုံးစရိတ်နှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းငွေပေါင်း ၁၃,၄၅၇,၃၉၂ ကျပ် (သိန်းပေါင်း တစ်ရာ့သုံးဆယ်လေးသိန်းငါးသောင်းခုနစ်ထောင်သုံးရာ့ကိုးဆယ့်နှစ်ကျပ်) လှူဒါန်းနိုင်ခဲ့ပြီး-
ကျူရှင်ကျောင်းဆောင်နှင့် စာသတင်ခုံများအတွက် ၁၄,၇၄၀,၈၃၉ ကျပ်(တစ်ရာ့ လေးဆယ့် ခုနစ်သိန်း လေးသောင်း ရှစ်ရာ သုံးဆယ့်ကိုးကျပ်) စုစုပေါင်း ၂၈,၁၉၈,၂၃၁ (နှစ်ရာ့ ရှစ်ဆယ့် တစ်သိန်း ကိုးသောင်း ရှစ်ထောင် နှစ်ရာ သုံးဆယ့် တစ်ကျပ်) နတ်လူသာဓုခေါ်စေသောဝ်…….။



