Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ထောင်နဲ့တော့ နီးပြန်ပြီ”

$
0
0
မနေ့ည(15.6.2014) ည ဆယ်နာရီကျော်မှာ ကြောင်မကြီးမွေးတယ်။
အခန်းထဲက ခုတင်အောက်မှာ လာမွေးတာ။
နေရာ လာလာရှာတာတော့ လေးငါးရက်ရှိပြီ။ အော်ဟစ်ပြီး ကုတ်ခြစ်နေသံ ခဏ ခဏ ကြားရ၏။
ကြောင်မကြီး ရောက်လာတာ မကြာသေး။
အခုမှ ကျောင်းမှာ ပထမဦးဆုံးသားပေါက်ခြင်းဖြစ်၏။
အရင်အကြိမ်တွေက ဘယ်မှာပေါက်ခဲ့သည်မသိ။
သားဘယ်နှစ်ကြိမ် ပေါက်ခဲ့မှန်းလည်းမသိ။
ပုံစံကြည့်ရတာ ချက်ချင်းလက်ငင်း မွေးဦးမည့်ပုံမပေါ်။
တစ်ခြားကြောင်မတွေဆို ပေါက်ခါနီးမှာ ကလေးလေးတွေ လှုပ်လှုပ်နှင့် တိုးဝှေ့နေတာ အတော်သိသာတယ်။
အဲလို တိုးဝှေ့နေလို့ တော်တော်ကြာမှ မွေးတာ။
ဒီကြောင်မကြီးကတော့ ဘာလက္ခဏာမျှ မပြဘဲ မွေးတာ။
မွေးတော့လည်း ငါးကောင်တောင်။
ငါးကောင်ကလည်း တစ်ရောင်တည်း။
အထီးအမတော့ မသိရသေး။
လုံခြုံရာရွေးပြီး လာမွေးတာကိုထောက်ပြီး ကြောင်လေးတွေကို ကိုင်မကြည့်ရဲခြင်းဖြစ်။
ထောင်ထဲမှာ နေရစဉ်ကလည်း ဒီလို ကြောင်သားပေါက်တာတွေနှင့် အကြိမ်များစွာ ကြုံခဲ့ရ။
၈ နှစ်ကျော်ကြောင်တွေကို လေ့လာခွင့်ရခဲ့သလို ကြောင်ပါရဂူဟု ခေါ်ဝေါ်ခံခဲ့ရ။
ထောင်ဝတ္ထုအဖြစ် ကြောင်တွေအကြောင်း ရေးသားရင်း အာဏာရှင်းခေတ်ဆိုးကို သရုပ်ဖော်ခဲ့ချင်ပေမယ့် အရှုပ်တွေ လုပ်လို့ အလုပ်တွေရှုပ်ရင်း အိပ်စိုက်လူမိုက်ကြီးဖြစ်ခဲ့ရ။
သြော်- ကြောင်သားပေါက်တော့ ထောင်ကို သတိရတယ်ဗျာ။
ထောင်မှာကျန်ခဲ့တဲ့ ကြောင်လေးတွေ ဘယ်လိုနေထိုင်ကြမလဲ
ကြောင်တောင်ယူခွင့်မရှိတဲ့ ထောင်သားဘဝကို
စိတ်မနာနိုင်အား။
ဆရာတော် ဦးဥတ္တရတို့ဘုရား
တပည့် ဝီရသူ အရောက်လာခဲ့ပါမည်။
အားမငယ်ပါနဲ့ ဘုရား။






Viewing all articles
Browse latest Browse all 2129

Trending Articles