Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူနှင့် ကိုမြအေးပူတွဲကြေညာချက်ထုတ်ပြန်”

$
0
0


အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ ယနေ့ 29.3.2014 ရက်နေ့ မနက် 9:00 နာရီတွင် ရန်ကုန်မြို့နယ်၊ မီလာစာ (Micasa) ဟိုတယ်၌ တွေ့ဆုံကာ လူမျိုးရေးပြဿနာ များ ချုပ်ငြိမ်းရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက် တာဝန်ခံဦးရွှေကြည်(ဒိုင်းမွန်းရွှေကြည်) နှင့် ကိုပဏ္ဍိတ်ထွန်းတို့တက်ရောက်ကြပြီး တစ်နာရီကြာ ဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။



“အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် ၈၈ ကျောင်းသားခေါင်းဆောင်ကိုမြအေးတို့ ပူးတွဲကြေညာချက်”
ရက်စွဲ။  ။ ၁၃၇၅ ခု၊ တပေါင်းလဆုတ်(၁၄)ရက်၊(29.3.2014)
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း Micasa Hotel ၌ 29.3.2014 မနက် (၁၀) နာရီမှာ တွေ့ဆုံဆွေးနွေး၍ အောက်ပါအတိုင်း သဘောတူညီမှု ရယူခဲ့သည်။
၁။ နိုင်ငံတော်အလံကို ရိုသေသူ၊ တရားဥပဒေကို လေးစားသူ၊ နိုင်ငံအပေါ်သစ္စာစောင့်သိသူ၊ ပြည်သူ့ကျေးဇူး သိတတ်သူ မည်သူ့ကိုမဆို လူမျိုးဘာသာမခွဲခြားဘဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်။
၂။ မြန်မာ့ထုံးတမ်းအစဉ်အလာများနှင့် ကိုက်ညီသော နိုင်ငံသား အစ္စလာမ်ဘာသာဝင် မူစလင်အသိုင်း အဝိုင်းများ ပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းသွားမည်။
၃။ မြန်မာနိုင်ငံရှိ အများစု ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား အထင်အမြင် လွဲမှားမှုများကို နိုင်ငံ့အပေါ် သစ္စာစောင့်သိရိုသေမှုနှင့်အတူ တဖြေးဖြေးချင်း နားလည်မှု ရရှိအောင် တည်ဆောက်သွားမည်။
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။
ကိုမြအေး
၈၈-ကျောင်းသားခေါင်းဆောင်
အမှတ်(၇)၊ နောင်ရိုးလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်
ရန်ကုန်မြို့။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...