သံဃာတော်တွေက ကျူးကျော်နေထိုင်တာ ဟုတ်လား?
ကိုယ့်ဆရာကျောင်း ကိုယ်နေတာလေဗျာ။ အငြင်းပွားချိန်မို့ ချိပ်ပိပ်တာဆို။ မဟန ပိုင်မဆုံးဖြတ်ရသေးရင် နေခွင့်ရှိတယ်လေဗျာ။ ချိပ်ပိပ်ပြီးမှ နေတာဆိုရင်တော့ တစ်မျိုးပေါ့။
မဟာသန္တိသုခကို သံဃာငါးသိန်းပိုင်တယ်ဟုတ်လား?
အဲဒါဆို ဆန္ဒခံယူပွဲ လုပ်ကြရအောင်။ ပီနန်ကို ပြန်ပေးသင့် မပေးသင့် မဲခွဲမယ်။ ဘယ့်နှယ်လဲ။
လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ အံ့မောင်။
ခင်္ဗျားကျေးဇူးမကင်းသူတွေပဲ ခင်္ဗျားပြောလို့ရမယ်။
ပြည်သူကိုလာမပြောနဲ့
သံဃာကိုလာမပြောနဲ့…..ကြားလား?။
ခင်္ဗျားတစ်သက်လုံး သာသနာဖျက်လာတာ
ခင်္ဗျားအကုသိုလ် အကျိုးပေးချိန်ရောက်ပါပြီ။
မဓုဝါ မညတိ ဗာလေ၊ ယာဝ ပါပံ န ပစ္စတိ-(ယခင်အံ့မောင်)
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ-(ယခုအံ့မောင်)
အကုသိုလ်ကောင် ငအံ့မောင်
ပျားယောင်ချိုခဲ့ ဗာလကွဲ့။
အကုသိုလ်ထူ အကျိုးမူ
မီးလိုပူမှ မင်းဒုက္ခ။
ဝီရသူ(မစိုးရိမ်)
15.6.2014 AM 00:04
=======================================================
“ကျူးကျော်နေထိုင်ခြင်းကြောင့် ဖယ်ရှားခြင်းဖြစ်ကြောင်း မဟာသန္တိသုခပြဿနာကို သာသနာရေးရှင်းလင်း”
=======================================================
ငြိမ်းချမ်း၊ ရဲနိုင်
ရန်ကုန်-မဟာသန္တိသုခကျောင်းတိုက်ကို ချိပ်ပိပ်ပြီး သီတင်သုံးနေသော သံဃာတော်များနှင့် ကျောင်းကပ္ပိယ များကို ဖယ်ရှားအရေးယူဆောင်ရွက်ခြင်းသည် သံဃာထုပိုင်ကျောင်းတိုက်အတွင်း ကျူးကျော်နေထိုင်ခြင်း ကြောင့်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
သံဃာထုပိုင်ကျောင်းတိုက်ဖြစ်သော မဟာသန္တိသုခကျောင်းတိုက်အတွင်း အာဂန္တုအဖြစ်သီတင်းသုံးခွင့်ပေးထား သော ပီနန်ရာတော်ဦးပညာဝံသက ၄င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ထိုကျောင်းတိုက်တွင် ပြုလုပ်နေခြင်း ကြောင့် ဖယ်ရှားအရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် မဟာသန္တိသုခ ကျောင်းတိုက်ချိပ်ပိပ်ဖယ်ရှား ခံရမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောသည်။
သံဃာထုပိုင်ကျောင်းတိုက်ဖြစ်သော မဟာသန္တိသုခကျောင်းတိုက်တွင် အာဂန္တုအဖြစ်သီးတင်းသုံးခွင့်ပေးထား သော ပီနန်ဆရာတော်ဦးပညာဝံသက ၄င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ထိုကျောင်းတိုက်တွင် ပြုလုပ်နေ ခြင်းကြောင့် ဖယ်ရှားအရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် မဟာသန္တိသုခ ကျောင်းတိုက် ချိပ်ပိပ်ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သာသနာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကပြောသည်။
“ကျောင်းတော်ကြီးမှာ ခွင့်ပြုချက်မရရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်လို့ သီတင်းသုံးနေထိုင်တဲ့ သ့ဃာတော် တွေ၊ လူပုဂ္ဂိုလ်တွေ၊ ခန့်အပ်ထားတဲ့သင်တန်းမှူးဆရာတော်တွေနဲ့ ဂေါပကအဖွဲ့ဝင်တွေ့ကို ဖယ်ရှားတာပါ။ အဲဒီကျောင်းတိုက်ကလည်း သံဃာတော်ငါးသိန်းပိုင်တဲ့ကျောင်းပါ။ ပီနန်ဆရာတော်ကြီးကိုလည်း အာဂန္တု အဖြစ် သီတင်းသုံးခွင့်ပဲ ပေးထားတာပါ” ဟု နိုင်ငံတော်သမ္မတရုံးအကြံပေး သာသနာရေးအကြံပေး ဦးအံ့မောင်က ပြောသည်။
မဟာသန္တိသုခကျောင်းတိုက်တည်ဆောက်ရာတွင် ကျပ်သိန်း ၈၅၀၀ ကျော်ကုန်ကျပြီး ပီနန်ဆရာတော်ကြီး၏ ဒကာ၊ ဒကာမ များ၏ အလှူငွေမှာ ကျပ်သိန်းတစ်ထောင်သာ ပါဝင်ကျောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးခိုင်အောင်က ပြောသည်။
ကျောင်းတိုက်ချိပ်ပိပ်ဖယ်ရှားချိန်တွင် ကျောင်းတိုက်အတွင်း၌ ရှိသော အင်္ဂလန်ဆရာတော်အပါအဝင် သံဃာကိုးပါးအား သံဃာလုပ်ထုံးလုပ်နည်းများဖြင့် အရေးယူဆောင်ရွက်ထားပြီး လူပုဂ္ဂိုလ် ၃၂ ဦးကို တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကာ အာမခံဖြင့် ဆောင်ရွက်ထားသည်။
ပီနန်ဆရာတော်ကြီးသည် ဆယ်စုနှစ်တစ်ခုခန့် ပြည်ပနိုင်ငံများသို့ ကြွချီသီတင်းသုံးနေရာမှ မဟာသန္တိသုခ ကျောင်းတိုက်တွင် တည်းခိုသီတင်းသုံးရန် မဟာသံဃနာယကသို့ ခွင့်ပြုချက်တောင်းခံသောကြောင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် အာဂန္တုဧည့်သည်အဖြစ် တစ်ပါးချင်နေထိုင်ရန် မဟာသံဃနာယကက ခွင့်ပြုချက် ပေးခဲ့သည်။
တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား တိုင်းသံဃနာယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အားတစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၀ ရက်ည ၁၁ နာရီတွင် ဝင်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားကာ ကျောင်းတိုက်ကို ချိပ်ပိပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါကျောင်းကို ချိပ်ပိပ်ချိန်တွင် ပီနန်ဆရာတော်ကြီးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။
မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိပ်ခံရမှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော် ဦးပညာဝံသထံ ဆက်သွယ်မေးမြန်းရာ ထိုကျောင်းတိုက်သည် ၄င်းပိုင်ဆိုင်ခြင်းဖြစ်ပြီး ဂရန်ပိုင်ဆိုင်မှုများလည်း ရှိကြောင်းမိန့်ကြားသည်။
“သူခိုးက လူကိုပြန်ဟစ်သလိုဖြစ်နေတယ်။ ဘုန်းကြီးကကျူးကျော်ဝင်ရောက်လာတာလား၊ သူတို့က ကျူးကျော်ဝင်ရောက်တာလားမေးချင်ပါတယ်။ ဓမ္မစက်ကို အာဏာစက်နဲ့ လုပ်လိုက်တော့ ဘုန်းကြီးတို့က ဘာလုပ်လို့ရမှာတုံး။ အာဏာက သူတို့လက်ထဲမှာပဲ။ ဦးပဉ္စင်းတို့က အာဏာမရှိလို့ ဘာလုပ်လုပ် တရားမဝင် ဘူးပေါ့” ဟု ပီနန်ဆရာတော်ဦးပညာဝံသက မိန့်သည်။
“ကျွန်မတို့ အလှူဒါနတွေနဲ့ ဆောက်ထားတဲ့ကျောင်းပါ။ ဆရာတော်ကြီးက ကမ္ဘာကိုလှည့်ပြီး သာသနာလုပ်နေ တာပါ။ ဒီကျောင်းက သူပိုင်တဲ့ကျောင်းပါ။ ညအချိန်မှာ အင်အားသုံးပြီး သံဃာတော်တွေ ဖယ်ရှားတာ၊ ကျောင်းတိုက်ကို ချိပ်ပိပ်တာဟာ မလုပ်သင့်တဲ့ကိစ္စပါ” ဟု ပီနန်ဆရာတော်ကြီး၏ ဒါယိကာမဖြစ်သူ ရုပ်ရှင် သရုပ်ဆောင် ဒေါ်ခင်သန်းနွယ်ကပြောသည်။
မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များအား သာသနာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အင်အားသုံးဖယ်ရှားခြင်းအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့တွင် တာဝန်ရှိသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်မကင်းကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဖယ်ရှားပြီး နောက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါဖြစ်ရပ်သည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံတစ်ခုတွင် အကျည်းတန်အရုပ်ဆိုးသော လုပ်ရပ်တစ်ခု ဖြစ်ပြီး မဟာသန္တိသုခကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော်ကြီး ပြည်ပသာသနာပြု ခရီးကြွရောက် နေစဉ် အချိန်ကိုက်အင်အားသုံးဖယ်ရှားသည့်အတွက် မရိုးမဖြောင့်ဟု ယူဆကြောင်း ၈၈ငြိမ်း/ပွင့်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။