Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မန်း မ.ဘ.သ ကြေညာချက်”

$
0
0

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး၏ သဘောထား ကြေညာချက်အမှတ်(၁၀/၂၀၁၄) ၁၃၇၆ ခုနှစ်၊ နယုန်လပြည့်(မဟာသမယအခါတော်နေ့) (၂၀၁၄) ခုနှစ်၊ ဇွန်လ(၁၂)ရက်၊ ကြာသပတေးနေ့”
၁။ အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြသော ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့် ဥပဒေမူကြမ်းပါ အချက်အလက်များကို လူ့အခွင့် အရေးနှင့်အညီ ညီညွတ်သည်ထက် ညီညွတ်အောင် မျှတသည်ထက်မျှတအောင် အပြုသဘောဆောင်၍ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသည်။
၂။ ပြည်တွင်းပြည်ပဖိအားများကို မမှုဘဲ အမျိုးစောင့်ဥပဒေအတည်ပြုပြဓာန်းနိုင်ရေး အတွက် အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးကြသော တာဝန်သိ ပုဂ္ဂိုလ်အသီးသီးတို့အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်သည်။
၃။ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက်လွှတ်တော်က ဖေါ်ဆောင်ရွက်” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့၏ ဆန္ဒအမှန်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။
၎။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မှ တင်သွင်းတောင်းဆိုထားသော “အမျိုးစောင့် ဥပဒေ” အတည်ပြုပြဓာန်းနိုင်သည်အထိ မလျှော့သောဇွဲ၊ ခိုင်မြဲသောအဓိဋ္ဌာန်များဖြင့် ဆက်လက်တောင်းဆို တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးကြညာလိုက်သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး
ဘဒ္ဒန္တကုသလ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)


အတွင်းရေးမှူးချုပ်ဆရာတော်
ဦးဥာဏောဘာသကျောင်း
ဘုရားကြီးတိုက်။


ဘဒ္ဒန္တန္ဒာစက္ကာဘိဝံသ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)
ဦးဆောင်ဆရာတော်
နိရုတ္တိနယူပဒေသကျောင်း
မစိုးရိမ်ကျောင်းတိုက်



Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး