Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မြန်မာပြည်ကိုချစ်သော မူဆလင်များ ရှေ့ထွက်ရပ်သင့်ပြီ”

$
0
0


မင်္ဂလာပါ ကိုမြအေး။
ကျေးဇူးတင်ပါတယ်ကိုမြအေး။
မူဆလင်(၃)မျိုးထဲမှာ အမှတ်(၁)မူဆလင်ရဲ့ အခန်းကဏ္ဍ အရေးပါလာပါပြီ။
ရိုဟင်ဂျာဘင်္ဂလီများကြောင့် ပြည်တွင်းမူဆလင်များ အထင်သေးမခံသင့်ပါ။
ဘာသာလူမျိုး ကွဲပြားကြသော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်းဆိုတာ ပြဖို့လိုပါပြီ။
လွတ်လပ်ရေးကြိုးပမ်းကလည်း အတူတူ။
ရိုဟင်ဂျာ ကျိုးကျော်မှုကို တိုက်ဖျက်ရာမှာလည်း အတူတူ။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကိုဖော်ဆောင်ရာမှာလည်း အတူတူ ဆိုတာ ပြသဖို့  အချိန်ကျရောက်လာပါပြီ။
အမှတ်(၁)မူဆလင်ဆိုတာ မြန်မာပြည်မှာအရေအတွက် အနည်းဆုံးမှာ ရှိပါတယ်။
ဒါပေမယ့် ဒီအနည်းဆုံးရဲ့ လက်တွေ့ဆောင်ရွက်ချက်က မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ပြဋ္ဌာန်းသွားမှာဆိုတာ မလွဲမသွေပါပဲ။
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်လို၊ ၈၈-ခေါင်းဆောင် ကိုမြအေးလို မြန်မာပြည်ကို ချစ်သော မူဆလင်များကို ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါ၏။
မေး ဘာသာမတူသူတွေကြားမှာ အပြန်အလှန်လေးစားမှုရှိအောင် ဘာသာရေးခေါင်းဆောင် လူမျိုးစုခေါင်းဆောင် နိုင်ငံရေးသမားအားလုံးမှာ တာဝန်ရှိတယ်ဗျ။ ဘာသာရေးတွေရဲ့ အဆုံးအမတွေက လူမျိုးတွေကိုသပ်သပ်၊ ဘာသာတွေကိုသပ်သပ် ခွဲခြားထားတယ်လို့ ကျွန်တော် အဲဒီလိုနားမလည်ဘူး။ ဘာသာတွေရဲ့ အဆုံးအမဟာ လူသားတွေအတွက် အဆုံးအမဖြစ်တယ်ဆိုတာ ကျွန်တော်နားလည်တယ်။ လသူသားထဲမှာမှ ထပ်ပြီးခွဲခြားထားစရာမရှိဘူး။ ဒီတော့ ဘာသာရေးခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင် တွေက ကိုယ့်လူမျိုးမှ၊ ကိုယ့်ဘာသာမှဆိုတာထက် လူသားအားလုံးကို လွှမ်းခြုံတဲ့ အမြင်သဘောထားတွေကို များများပြောပေးမယ်၊ များများဟောပေးရမယ်။ အဲလိုမှမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ Narrow Mindset တွေနဲ့ ဟောနေမယ်၊ ပြောနေမယ်ဆိုရင်တော့ဖြင့် ပို၍ ပို၍ကျဉ်းမြောင်းသွားပြီး ပြဿနာပိုများလာဖို့ပဲ ရှိပါတယ်။
မေး။ Dhaka Trbune ရေးသွားတဲ့အပေါ်မှာ ကျွန်တော်တို့အမျိုးသားအကျိုးစီးပွားအတွက် ပြန်ပြီးအသုံးချနိုင် မယ့်နည်းလမ်းရော ရှိနိုင်မလား။
ဖြေ။ ဒီဘင်္ဂလားဒေ့ရှ်သတင်းစာက အခုလိုရေးတယ်။ အဲလိုပဲ ကျွန်တော်တို့ရဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို အန္ဒိယ ပိုင်ပါတယ်ဆိုပြီး ပြောတဲ့သတင်းတွေလည်း ကြားခဲ့ဖူးတယ်။ ဒီလိုပဲ အရှေ့ဘက်က နိုင်ငံကြီးနဲ့ ကပ်နေတဲ့ နယ်မြေတွေအတွက်လည်း ကျွန်တော်တို့ စိုးရိမ်မှုတွေရှိတယ်။ ဆိုတော့ကာ ကျွန်တော်တို့ဒီနေ့ ဒီအချိန်အခါမှာ ဒီကိစ္စကို ဘာသာတစ်ခု၊ လူမျိုးတစ်ခုရဲ့ ကိစ္စမဟုတ်ဘူး။ ဒီကိစ္စက တစ်မျိုးသားလုံးနဲ့သက်ဆိုင်တယ်။ ဒါမှ အမျိုးသားရေးစစ်စစ်ဖြစ်တယ်။ အမျိုးသားရေးဝါဒီဆိုသည်မှာ ဘာသာတစ်ခု၊ လူမျိုးတစ်ခုပေါ်မှာ အခြေပြုထားတာမဟုတ်ဘူး။ မိမိနိုင်ငံတွင်းမှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ အကျိုးစီးပွားကို ကာကွယ်ခြင်းသည် အမျိုးသားရေးဝါဒီစစ်စစ်ဖြစ်တယ်။ ဒီတော့ ဒီလိုမျိုးကိစ္စတွေ ဝင်မလာအောင် အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ထားဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဒီနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားအားလုံး တာဝန်ရှိတယ်။ ဒီနိုင်ငံသား အချင်းချင်းကလည်း နေထိုင်ခဲ့တာကြာပြီ။ ဒီထက်ပိုပြီးရင်းနှီးမှု၊ ချစ်ခင်မှုတည်ဆောက်ရမယ်။ အထင်အမြင်လွဲမှားမှုတွေမရှိအောင် အချင်းချင်း လက်ချင်းချိတ်ထားကာမှ တန်ကာကျမယ်လို့ထင်တယ်။ မဟုတ်ရင် ကျွန်တော်တို့လိုနိုင်ငံငယ်လေးအဖို့ကတော့ နွားကွဲရင် ကျားဆွဲရုံတင်မကဘူး ကြောင်ပါဝင်ခုတ်မယ့် သဘောရှိတယ်။





Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...